အောက်တိုဘာ ၁၅ရက်မှစတင်ပြီး ရန်ကုန်မှမော်လမြိုင်သို့ လေအိတ်ရထားများပြေးဆွဲမည်
ရန်ကုန် – မော်လမြိုင်ရထားလမ်းပိုင်း အမှတ် ၈၉ အဆန်၊ ၉၀ အစုန်အမြန်ရထားကိုအောက်တိုဘာ ၁၅ ရက်မှစတင်ပြီးလေအိတ်တွဲဆိုင်းသစ်များနဲ့ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားကသိရပါတယ်။
ထိုသို့ ပြေးဆွဲရာ၌ ရန်ကုန် – မော်လမြိုင်အမှတ် ၈၉ အဆန်ရထားကိုရန်ကုန်မှနံနက်(၆)နာရီခွဲမှာထွက်ခွာမှာဖြစ်ပြီးမော်လမြိုင် – ရန်ကုန်အမှတ်၉၀ အစုန်ရထားကိုမော်လမြိုင်မှ နံနက် ၈ နာရီအချိန်မှာထွက်ခွာဖြစ်တယ်လို့သိရပါတယ်။
ရထားလက်မှတ်တွေကို ရိုးရိုးတန်း ၁ရက်ကြို အထက်တန်း ၃ရက်ကြို စနစ်နဲ့ရန်ကုန်ဘူတာကြီး၊မော်လမြိုင်ဘူတာကြီးတို့မှာမနက် ၇နာရီခွဲမှစတင်ပြီးရက်ကြိုလက်မှတ်ရုံမှာရောင်းချပေးနေတယ်လို့သိရပါတယ်။
လက်မှတ်များရောင်းချရာ၌မှတ်ပုံတင်ပြသ၍ဝယ်ယူရမည်ဖြစ်ကာထောက်ခံစာများပြသဝယ်ယူ၍ မရကြောင်းသိရသည်။မြန်မာ့မီးရထားမှ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းရန်ကုန် – မန္တလေး ရထားလမ်းပိုင်းအမှတ် ၃ အဆန်၊၄ အစုန်အမြန်ရထားတွေကို
လေအိတ်တွဲဆိုင်းသစ်တွေနဲ့ အစားထိုးပြေးဆွဲပေးထားတယ်လို့ သိရပါတယ်။
Credit
Zawgyi
ေအာက္တိုဘာ ၁၅ရက္မွစတင္ၿပီး ရန္ကုန္မွေမာ္လၿမိဳင္သို႔ ေလအိတ္ရထားမ်ားေျပးဆြဲမည္
ရန္ကုန္ – ေမာ္လၿမိဳင္ရထားလမ္းပိုင္း အမွတ္ ၈၉ အဆန္၊ ၉၀ အစုန္အျမန္ရထားကိုေအာက္တိုဘာ ၁၅ ရက္မွစတင္ၿပီးေလအိတ္တြဲဆိုင္းသစ္မ်ားနဲ႔ေျပးဆြဲေပးသြားမွာျဖစ္တယ္လို႔ ျမန္မာ့မီးရထားကသိရပါတယ္။
ထိုသို႔ ေျပးဆြဲရာ၌ ရန္ကုန္ – ေမာ္လၿမိဳင္အမွတ္ ၈၉ အဆန္ရထားကိုရန္ကုန္မွနံနက္(၆)နာရီခြဲမွာထြက္ခြာမွာျဖစ္ၿပီးေမာ္လၿမိဳင္ – ရန္ကုန္အမွတ္၉၀ အစုန္ရထားကိုေမာ္လၿမိဳင္မွ နံနက္ ၈ နာရီအခ်ိန္မွာထြက္ခြာျဖစ္တယ္လို႔သိရပါတယ္။
ရထားလက္မွတ္ေတြကို ႐ိုး႐ိုးတန္း ၁ရက္ႀကိဳ အထက္တန္း ၃ရက္ႀကိဳ စနစ္နဲ႔ရန္ကုန္ဘူတာႀကီး၊ေမာ္လၿမိဳင္ဘူတာႀကီးတို႔မွာမနက္ ၇နာရီခြဲမွစတင္ၿပီးရက္ႀကိဳလက္မွတ္႐ုံမွာေရာင္းခ်ေပးေနတယ္လို႔သိရပါတယ္။
လက္မွတ္မ်ားေရာင္းခ်ရာ၌မွတ္ပုံတင္ျပသ၍ဝယ္ယူရမည္ျဖစ္ကာေထာက္ခံစာမ်ားျပသဝယ္ယူ၍ မရေၾကာင္းသိရသည္။ျမန္မာ့မီးရထားမွ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္းရန္ကုန္ – မႏၲေလး ရထားလမ္းပိုင္းအမွတ္ ၃ အဆန္၊၄ အစုန္အျမန္ရထားေတြကို
ေလအိတ္တြဲဆိုင္းသစ္ေတြနဲ႔ အစားထိုးေျပးဆြဲေပးထားတယ္လို႔ သိရပါတယ္။
Credit