ပြည်တွင်း စားအုံးစျေးနှုန်းများ ဆက်လက်ကျဆင်း

ပြည်တွင်း စားအုံးဈေးနှုန်းများ ဆက်လက်ကျဆင်း

မြန်မာပြည်တွင်းဈေးကွက်မှာ စားအုန်းဆီလက်လီဈေး တလကျော်အတွင်း ကျပ် ၃၀၀၀ ကျော်၊ ရာခိုင်နှုန်းအနေနဲ့ ၃၅ ရာခိုင်နှုန်း ပြန်လည်ကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလပထမပတ်မှာ စားအုန်းဆီ တပိဿာလက်လီဈေးကကျပ် ၁၀,၀၀၀ ဝန်းကျင်ထိ ရှိခဲ့ပေမဲ့အခုအခါတပိဿာကိုလက်လီဈေး ၆၅၀၀ ကျပ်နဲ့ရန်ကုန်ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေပါတယ်။

စားသုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်တဦးက “စားဆီဈေးတွေ ပြန်ကျတယ်။အရင်ကတပိဿာကို ၉,၀၀၀ ၊ ၁၀,၀၀၀ ဝန်းကျင်မှာရှိတယ်။ အခုက ၆,၀၀၀ ကျော်ပေါ့။စားဆီတင်မဟုတ်ဘူး။ပဲဆီဈေးလည်းနည်းနည်းကျတယ်”လို့ ပြောပါတယ်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကအခုသီတင်းပတ်အတွက်အခြေခံလက်ကားရည်ညွှန်းဈေးကိုတပိဿာမှာ ၃,၈၈၀ ကျပ်သတ်မှတ်ထားတာပါ။ကော်မတီရဲ့သတ်မှတ်ဈေးနှုန်းဟာပြင်ပဈေးကွက်လက်လီပေါက်ဈေးထက် ပုံစံနှစ်ဆဝန်းကျင်ကွာဟချက်ရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလပထမပတ်မှာ ကော်မတီရဲ့စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေး သတ်မှတ်ချက်ကတပိဿာကို ၅၂၂၀ ကျပ်ရှိခဲ့ပြီး ပြင်ပလက်လီဈေးကွက်မှာတော့တပိဿာကို ကျပ် ၉,၅၀၀ ကနေ ၁၀,၀၀၀ ဝန်းကျင်အထိရှိခဲ့ပါတယ်။လက်ရှိ အောက်တိုဘာလ ဒုတိယပတ်မှာစားအုန်းဆီလက်ကားရည်ညွှန်းဈေးသတ်မှတ်ချက်က တပိဿာ ၃,၈၈၀ ဖြစ်ပြီး၊

လက်လီဈေးက ကျပ် ၆,၂၀၀ ကနေ ၆,၅၀၀ ကြားအရောင်းအဝယ်ဖြစ်နေပါတယ်။တလကျော်ကာလအတွင်းမှာကော်မတီရဲ့လက်ကားရည်ညွှန်းဈေးကတပိဿာကိုကျပ် ၁,၃၀၀ ကျော်ပြန်ကျဆင်းခဲ့ပြီး၊လက်လီဈေးကကျပ် ၃,၀၀၀ ကျော်ပြန်လည်ကျဆင်းလာခဲ့တာပါ။ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းကကြီးမှူးပြီးမြို့နယ်တွေမှာတိုက်ရိုက်လှည့်လည်ရောင်းချပေးနေတဲ့ဈေးနှုန်းကတော့ တပိဿာကို ၄,၁၀၀ ကျပ်ဖြစ်ပါတယ်။


ပြည်တွင်းစားအုန်းဆီဈေးနှုန်ဟာ ၂၀၂၁ ဖေဖော်ဝါရီလမတိုင်ခင်က တပိဿာကိုကျပ် ၂၀၀၀ ကျော်သာရှိခဲ့ပေမဲ့ မြန်မာကျပ်ငွေတန်ဖိုးထိုးကျပြီး အမေရိကန်ဒေါ်လာဈေး မြင့်တက်လာတဲ့နဲ့အတူ တပိဿာကို ကျပ် ၁၀,၀၀၀ ဝန်းကျင်ထိတရိပ်ရိပ်မြင့်တက်ခဲ့ပါတယ်။အဲဒီနောက် စက်တင်ဘာလ ဒုတိယပတ်က စပြီး တစ်စတစ်စ ပြန်လည်ကျဆင်းလာခဲ့ရာ

လက်ရှိမှာတစ်ပိဿာကို ၆၅၀၀ကျပ်ဝန်းကျင်မှာရပ်တည်နေတာဖြစ်ပါတယ်။လာမည့် ဇန်နဝါရီလပိုင်းကစပြီး ဆီအုံးသီးများလှိုင်လှိုင်ပေါလာပြီဖြစ်လို့ စားအုံးဆီဈေးနှုန်းများ ထိုးကျနိုင်ချေရှိတယ်လို့ ဈေးကွက်ပညာရှင်တွေကခန့်မှန်းပေးထားပါတယ်။မြန်မာနိုင်ငံဟာ စားအုန်းဆီကို ပြည်ပကနေအဓိကဝယ်ယူတင်သွင်းနေရတာပါ။

စားအုန်းဆီတရားဝင်တင်သွင်းမှုကတစ်နှစ်ကိုတန်ချိန် ရှစ်သိန်းကျော်ရှိပြီးတော့ တရားမဝင်ဝင်ရောက်တဲ့ စားဆီတွေအပါအဝင်စုစုပေါင်းတင်သွင်းမှုက တစ်နှစ်ကိုတန်ချိန်တစ်သန်းလောက် ရှိပါတယ်။

Credit

Zawgyi

ျပည္တြင္း စားအုံးေစ်းႏႈန္းမ်ား ဆက္လက္က်ဆင္း

ျမန္မာျပည္တြင္းေဈးကြက္မွာ စားအုန္းဆီလက္လီေဈး တလေက်ာ္အတြင္း က်ပ္ ၃၀၀၀ ေက်ာ္၊ ရာခိုင္ႏႈန္းအေနနဲ႔ ၃၅ ရာခိုင္ႏႈန္း ျပန္လည္က်ဆင္းလာပါတယ္။

ၿပီးခဲ့တဲ့စက္တင္ဘာလပထမပတ္မွာ စားအုန္းဆီ တပိႆာလက္လီေဈးကက်ပ္ ၁၀,၀၀၀ ဝန္းက်င္ထိ ရွိခဲ့ေပမဲ့အခုအခါတပိႆာကိုလက္လီေဈး ၆၅၀၀ က်ပ္နဲ႔ရန္ကုန္ေဈးကြက္အတြင္းအေရာင္းအဝယ္ျဖစ္ေနပါတယ္။

စားသုံးဆီအေရာင္းဆိုင္ လုပ္ငန္းရွင္တဦးက “စားဆီေဈးေတြ ျပန္က်တယ္။အရင္ကတပိႆာကို ၉,၀၀၀ ၊ ၁၀,၀၀၀ ဝန္းက်င္မွာရွိတယ္။ အခုက ၆,၀၀၀ ေက်ာ္ေပါ့။စားဆီတင္မဟုတ္ဘူး။ပဲဆီေဈးလည္းနည္းနည္းက်တယ္”လို႔ ေျပာပါတယ္။

စားသုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီကအခုသီတင္းပတ္အတြက္အေျခခံလက္ကားရည္ၫႊန္းေဈးကိုတပိႆာမွာ ၃,၈၈၀ က်ပ္သတ္မွတ္ထားတာပါ။ေကာ္မတီရဲ႕သတ္မွတ္ေဈးႏႈန္းဟာျပင္ပေဈးကြက္လက္လီေပါက္ေဈးထက္ ပုံစံႏွစ္ဆဝန္းက်င္ကြာဟခ်က္ရွိပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလပထမပတ္မွာ ေကာ္မတီရဲ႕စားအုန္းဆီအေျခခံလက္ကားရည္ၫႊန္းေဈး သတ္မွတ္ခ်က္ကတပိႆာကို ၅၂၂၀ က်ပ္ရွိခဲ့ၿပီး ျပင္ပလက္လီေဈးကြက္မွာေတာ့တပိႆာကို က်ပ္ ၉,၅၀၀ ကေန ၁၀,၀၀၀ ဝန္းက်င္အထိရွိခဲ့ပါတယ္။လက္ရွိ ေအာက္တိုဘာလ ဒုတိယပတ္မွာစားအုန္းဆီလက္ကားရည္ၫႊန္းေဈးသတ္မွတ္ခ်က္က တပိႆာ ၃,၈၈၀ ျဖစ္ၿပီး၊

လက္လီေစ်းက က်ပ္ ၆,၂၀၀ ကေန ၆,၅၀၀ ၾကားအေရာင္းအဝယ္ျဖစ္ေနပါတယ္။တလေက်ာ္ကာလအတြင္းမွာေကာ္မတီရဲ႕လက္ကားရည္ၫႊန္းေဈးကတပိႆာကိုက်ပ္ ၁,၃၀၀ ေက်ာ္ျပန္က်ဆင္းခဲ့ၿပီး၊လက္လီေဈးကက်ပ္ ၃,၀၀၀ ေက်ာ္ျပန္လည္က်ဆင္းလာခဲ့တာပါ။ဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္းကႀကီးမႉးၿပီးၿမိဳ႕နယ္ေတြမွာတိုက္႐ိုက္လွည့္လည္ေရာင္းခ်ေပးေနတဲ့ေဈးႏႈန္းကေတာ့ တပိႆာကို ၄,၁၀၀ က်ပ္ျဖစ္ပါတယ္။

ျပည္တြင္းစားအုန္းဆီေဈးႏႈန္ဟာ ၂၀၂၁ ေဖေဖာ္ဝါရီလမတိုင္ခင္က တပိႆာကိုက်ပ္ ၂၀၀၀ ေက်ာ္သာရွိခဲ့ေပမဲ့ ျမန္မာက်ပ္ေငြတန္ဖိုးထိုးက်ၿပီး အေမရိကန္ေဒၚလာေဈး ျမင့္တက္လာတဲ့နဲ႔အတူ တပိႆာကို က်ပ္ ၁၀,၀၀၀ ဝန္းက်င္ထိတရိပ္ရိပ္ျမင့္တက္ခဲ့ပါတယ္။အဲဒီေနာက္ စက္တင္ဘာလ ဒုတိယပတ္က စၿပီး တစ္စတစ္စ ျပန္လည္က်ဆင္းလာခဲ့ရာ

လက္ရွိမွာတစ္ပိႆာကို ၆၅၀၀က်ပ္ဝန္းက်င္မွာရပ္တည္ေနတာျဖစ္ပါတယ္။လာမည့္ ဇန္နဝါရီလပိုင္းကစၿပီး ဆီအုံးသီးမ်ားလႈိင္လႈိင္ေပါလာၿပီျဖစ္လို႔ စားအုံးဆီေစ်းႏႈန္းမ်ား ထိုးက်ႏိုင္ေခ်ရွိတယ္လို႔ ေစ်းကြက္ပညာရွင္ေတြကခန႔္မွန္းေပးထားပါတယ္။ျမန္မာႏိုင္ငံဟာ စားအုန္းဆီကို ျပည္ပကေနအဓိကဝယ္ယူတင္သြင္းေနရတာပါ။

စားအုန္းဆီတရားဝင္တင္သြင္းမႈကတစ္ႏွစ္ကိုတန္ခ်ိန္ ရွစ္သိန္းေက်ာ္ရွိၿပီးေတာ့ တရားမဝင္ဝင္ေရာက္တဲ့ စားဆီေတြအပါအဝင္စုစုေပါင္းတင္သြင္းမႈက တစ္ႏွစ္ကိုတန္ခ်ိန္တစ္သန္းေလာက္ ရွိပါတယ္။

Credit

Leave a Comment