မြန်မာပြည်က ထုတ်တဲ့ TOYOTA နဲ့ ထိုင်းနိုင်ငံမှာ ထုတ်တဲ့ TOYOTA ဘာတွေ ကွာသွားတာလဲ

မြန်မာပြည်က ထုတ်တဲ့ TOYOTA နဲ့ ထိုင်းနိုင်ငံမှာ ထုတ်တဲ့ TOYOTA ဘာကွာသွားတာလဲ

TOYOTA ကနေ မြန်မာနိုင်ငံအတွင်းမှာ ကားထုတ်လုပ်မှုတွေ စတင်နေပြီဆိုတော့ ပျော်တဲ့သူကပျော်၊ ငိုတဲ့သူက ငိုပေါ့။ ထုတ်လုပ်နေတဲ့ ကားအမျိုးအစားတွေကတော့ Double Cab 4×4 တွေလို့ သိရတယ်။

Toyota Motor Thailand ကနေလည်း ယခုမြန်မာပြည်တွင်းမှာထုတ်လုပ်နေတဲ့ Double Cab အမျိုးအစားဖြစ်တဲ့ Toyota Hilux Adventure တွေကို ထုတ်လုပ်နေလျက်ရှိပါတယ်။

တူတာတွေ အရင်ပြောကြည့်ရအောင် အမျိုးအမည် TOYOTA HILUX ADVENTURE (တူတယ်).. အမျိုးအစား Double Cab 4×4 (တူတာပဲ).. အဓိက ကားရဲ့ Model 2022 (တူတူပါပဲ).. နောက် အင်ဂျင်/ဂီယာ 1GD-FTV ဒါလည်း တူတူပဲ.. ကားရဲ့အင်ဂျင်ပါဝါ 2755 cc 2.8L လည်း တူတူပါပဲ..

ကုန်ကုန်ပြောရရင် ECU၊ Wiring တွေကအစ ကားရဲ့ All parts အစိတ်အပိုင်းအားလုံး အတူတူပါပဲ။ တစ်ခုတော့ရှိတာပေါ့ Install & Assembly ပိုင်းဖြစ်တဲ့ ထုတ်လုပ်တပ်ဆင်တဲ့ နိုင်ငံတော့ ကွာသွားတာပေါ့။

ထိုင်းမှာထုတ်တော့ ကားရဲ့ Name Plate မှာ TOYOTA MOTOR THAILAND CO.,LTD လို့ရိုက်နှိပ်ပြီး ၊ မြန်မာမှာထုတ်တော့ TOYOTA MYANMAR CO.,LTD ဆိုပြီးရိုက်နှိပ်လိုက်တာပါပဲ။ ဘာမှ မခက်ပါဘူး။

MYANMAR နဲ့ THAILAND ဆိုတဲ့ စာလုံးလေးပဲ ကွာသွားတာပါ။ ဒါလေးမှတ်ထားပေးပါ.. အဲ့တော့ နည်းပညာပိုင်းအရ ကားတစ်စီးလုံးဟာ ဘာမှကွဲလွဲမှုမရှိဘဲ အားလုံးတူတူပဲဆိုတာကို တွေ့မြင်ခဲ့ကြရတာပဲဖြစ်ပါတယ်။ ကဲ အဲ့ဒီတော့.. အဓိက က လာပါပြီ မတူတာကတော့ ဈေးနှုန်းပါပဲ..

TOYOTA HILUX ADVENTURE 2022 Model ကို ထိုင်းနိုင်ငံမှာကျ ဘတ် ၁၂ သိန်းဝန်းကျင်ပဲ ရှိပြီး မြန်မာနိုင်ငံမှာတော့ ဘတ်ဈေးနဲ့တွက်ရင် ဘတ် ၂၄ သိန်းကျော်ပါတဲ့.. သိပ်မကွာပါဘူး မြန်မာပြည်မှာထုတ်တဲ့ Double Cab တစ်စီးရဲ့ ဈေးနှုန်းဟာ ထိုင်းမှာ ထုတ်တဲ့ Double Cab နှစ်စီးစာလောက် ရှိနေပါတယ်။

အဲ့တော့ ခုနပြောခဲ့တဲ့စာလုံးလေးကြောင့်ပဲလား.. ဒါဆို တစ်ခုတော့ မေးပါရစေ TOYOTA ရေ.. “ဘာများမှားလို့လဲ”.. မြန်မာပြည်ကြီး အမြန်ဆုံးတိုးတက်အောင်မြင်ပါစေ.. (VLM)

Zawgyi

ျမန္မာျပည္က ထုတ္တဲ့ TOYOTA နဲ႔ ထိုင္းႏိုင္ငံမွာ ထုတ္တဲ့ TOYOTA ဘာကြာသြားတာလဲ

TOYOTA ကေန ျမန္မာႏိုင္ငံအတြင္းမွာ ကားထုတ္လုပ္မႈေတြ စတင္ေနၿပီဆိုေတာ့ ေပ်ာ္တဲ့သူကေပ်ာ္၊ ငိုတဲ့သူက ငိုေပါ့။ ထုတ္လုပ္ေနတဲ့ ကားအမ်ိဳးအစားေတြကေတာ့ Double Cab 4×4 ေတြလို႔ သိရတယ္။

Toyota Motor Thailand ကေနလည္း ယခုျမန္မာျပည္တြင္းမွာထုတ္လုပ္ေနတဲ့ Double Cab အမ်ိဳးအစားျဖစ္တဲ့ Toyota Hilux Adventure ေတြကို ထုတ္လုပ္ေနလ်က္ရွိပါတယ္။

တူတာေတြ အရင္ေျပာၾကည့္ရေအာင္ အမ်ိဳးအမည္ TOYOTA HILUX ADVENTURE (တူတယ္).. အမ်ိဳးအစား Double Cab 4×4 (တူတာပဲ).. အဓိက ကားရဲ႕ Model 2022 (တူတူပါပဲ).. ေနာက္ အင္ဂ်င္/ဂီယာ 1GD-FTV ဒါလည္း တူတူပဲ.. ကားရဲ႕အင္ဂ်င္ပါဝါ 2755 cc 2.8L လည္း တူတူပါပဲ..

ကုန္ကုန္ေျပာရရင္ ECU၊ Wiring ေတြကအစ ကားရဲ႕ All parts အစိတ္အပိုင္းအားလုံး အတူတူပါပဲ။ တစ္ခုေတာ့ရွိတာေပါ့ Install & Assembly ပိုင္းျဖစ္တဲ့ ထုတ္လုပ္တပ္ဆင္တဲ့ ႏိုင္ငံေတာ့ ကြာသြားတာေပါ့။

ထိုင္းမွာထုတ္ေတာ့ ကားရဲ႕ Name Plate မွာ TOYOTA MOTOR THAILAND CO.,LTD လို႔႐ိုက္ႏွိပ္ၿပီး ၊ ျမန္မာမွာထုတ္ေတာ့ TOYOTA MYANMAR CO.,LTD ဆိုၿပီး႐ိုက္ႏွိပ္လိုက္တာပါပဲ။ ဘာမွ မခက္ပါဘူး။

MYANMAR နဲ႔ THAILAND ဆိုတဲ့ စာလုံးေလးပဲ ကြာသြားတာပါ။ ဒါေလးမွတ္ထားေပးပါ.. အဲ့ေတာ့ နည္းပညာပိုင္းအရ ကားတစ္စီးလုံးဟာ ဘာမွကြဲလြဲမႈမရွိဘဲ အားလုံးတူတူပဲဆိုတာကို ေတြ႕ျမင္ခဲ့ၾကရတာပဲျဖစ္ပါတယ္။ ကဲ အဲ့ဒီေတာ့.. အဓိက က လာပါၿပီ မတူတာကေတာ့ ေစ်းႏႈန္းပါပဲ..

TOYOTA HILUX ADVENTURE 2022 Model ကို ထိုင္းႏိုင္ငံမွာက် ဘတ္ ၁၂ သိန္းဝန္းက်င္ပဲ ရွိၿပီး ျမန္မာႏိုင္ငံမွာေတာ့ ဘတ္ေစ်းနဲ႔တြက္ရင္ ဘတ္ ၂၄ သိန္းေက်ာ္ပါတဲ့.. သိပ္မကြာပါဘူး ျမန္မာျပည္မွာထုတ္တဲ့ Double Cab တစ္စီးရဲ႕ ေစ်းႏႈန္းဟာ ထိုင္းမွာ ထုတ္တဲ့ Double Cab ႏွစ္စီးစာေလာက္ ရွိေနပါတယ္။

အဲ့ေတာ့ ခုနေျပာခဲ့တဲ့စာလုံးေလးေၾကာင့္ပဲလား.. ဒါဆို​ ​တစ္ခုေတာ့ ေမးပါရေစ TOYOTA ေရ.. “ဘာမ်ားမွားလို႔လဲ”.. ျမန္မာျပည္ႀကီး အျမန္ဆုံးတိုးတက္ေအာင္ျမင္ပါေစ.. (VLM)

Leave a Comment