သားဖြစ်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေလို၍ လှေလှော်ပြီး ရေကန်ထဲရှိ ပုလင်းခွံ ဘူးခွံလေးတွေကို လိုက်ကောက်ပြီးပြန်လည်ရောင်းချရင်းနဲ့ အသက်မွေး၀မ်းကျောင်း ပြုနေသော အဖွားအို

သားဖြစ်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေလို၍ လှေလှော်ပြီး ရေကန်ထဲရှိ ပုလင်းခွံ ဘူးခွံလေးတွေကို လိုက်ကောက်ပြီးပြန်လည်ရောင်းချရင်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသော အဖွားအို

ဗီယက်နမ်နိုင်ငံ မြစ်ကမ်းနံဘေးတွင် နေထိုင်သော အသက် ၇၃ နှစ်အရွယ် အဖွားအိုတစ်ဦးသည် သားလေးတစ်ယောက်ရှိရာ အိမ်ထောင်ကျပြီးသည်နှင့် အ ခြားနယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့၍ အိမ်မှာ တစ်ယောက်တည်းကျန်ရစ်ခဲ့သည်။

အဖွားအိုသည် တစ်ယောက်တည်း ကျန်နေချိန် တစ်နေ့လုံးနေမှ ထမင်းတစ်နပ်သာ စားပြီး နေ့တိုင်းလည်း လှေလှော်ထွက်ကာ ရေကန်ထဲရှိ ဘူးခွံ ပုလင်းခွံလေးတွေကို ဆည်ယူပြီးတော့ သန့်စင်ကာ တစ်လတစ်ခါ ဈေးမှာပြန်လည်ရောင်းချခဲ့သည်။

အဖွားအိုကို သားဖြစ်သူမှ အသက်ကြီးပြီဖြစ်၍ သူတို့နဲ့အတူ လာနေရန် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သော်လည်း သူမလုပ်ကိုင်နိုင်သေးတာကြောင့် သားဖြစ်သူကို ဒုက္ခမပေးလို၍ လိုက်မနေခဲ့ပေ။

အဖွားအိုသည် ဘူးခွံပုလင်းခွံတွေအပြင် ခရုလေးတွေကိုလည်း ကောက်သေးကာ ရပ်ကွက်ထဲ လှည့်ရောင်းပြီး ဘူးခွံလေးတွေကိုကျ တစ်လလုံးစုဆောင်းပြီးမှ ရောင်းချရာ ဗီယက်နမ်ငွေ ၄၀၀၀၀ကနေ ၅၀၀၀၀လောက်လေးရတာကို ပျော်နေခဲ့သည်။

Credit

Zawgyi






Credit

Leave a Comment