ကျောင်းလခအစား ပလပ်စတစ်အမှိုက်များကိုသာ လက်ခံပြီး တစ်မြို့လုံးကိုပြောင်းလဲစေခဲ့တဲ့ စာသင်ကျောင်းတစ်ကျောင်း
အိန္ဒိယ်နိုင်ငံ စိမ်းလန်းစိုပြေသော Guwahatiတောင်ကုန်းများပေါ်ရှိ Pamohi ရွာမှာ AksharFoundation ကျောင်းတစ်ကျောင်းတည်ရှိနေပါတယ်။ ဤအခမဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကျောင်းဟာ၎င်း၏ကျောင်းသားများအားပညာရေးနှင့်အသက်မွေးဝမ်းကြောင်းအတွက်အရေးကြီးသောအရင်းအမြစ်နှစ်ခုကို ပံ့ပိုးပေးလျက်ရှိပါတယ်။
အိန္ဒိယနိုင်ငံ Assam ပြည်နယ်၏ ဤအစိတ်အပိုင်း၌လူဦးရေဟာ အထူးသဖြင့် စီးပွါးရေးစံနှုန်းအောက်တွင်သာရှိပါတယ်။ ကျောင်းတည်ထောင်သူ Mazin Mukhtar နှင့် Parmita Sharma တို့ဟာ ၎င်းတို့၏စိတ်ကူးကို အုတ်များဖြင့် နံရံများအဖြစ်သို့ ပထမဆုံးအကြိမ် စတင်ပြောင်းလိုက်တဲ့အခါ ၎င်းတို့ဟာ ၎င်းတို့ရဲ့အစီအစဉ်ကို အကွက်ကျကျစီစဉ်ထားခဲ့ကြပါတယ်။ ဘယ်လိုစတင်ခဲ့လဲဆိုတော့ ၎င်းတို့ဟာ ကျောင်းလခအစားစွန့်ပစ်ပလပ်စတစ်များကိုသာ လက်ခံခဲ့ကြပါတယ်။ ၎င်းကျောင်းတွင် အသက် ၄ နှစ်မှ ၁၅ နှစ်အကြား ကျောင်းသား ၁၁၀ ခန့်ရှိပါတယ်။
၎င်းတို့ဟာ အပတ်တိုင်း ကျောင်းသားများရဲ့ပညာရေးရန်ပုံငွေအဖြစ် ပလတ်စတစ်အမှိုက် ၂၅ အိတ်လောက်ယူလာခိုင်းပါတယ်။ ၎င်းဒေသရှိပတ်ဝန်းကျင်ဟာ ပလပ်စတစ်အိတ်များကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေခဲ့တာကြောင့် ပလပ်စတစ်များအားကျောင်းသို့ယူလာစေကာဆောင်းရာသီတွင် ပလပ်စတစ်များအား မီးပုံထဲထည့်ရှို့စေကာ ကျောင်းသားများက နွေးထွေးစေခဲ့ပါတယ်။
တည်ထောင်သူတွေကတစ်ချက်ခုတ်နှစ်ချက်ပြတ်စေဖို့စိတ်ကူးခဲ့ကြပါတယ်။မိဘများကလည်း၎င်းတို့၏ကလေးများအားကျောင်းသို့စေလွှတ်ရန်နှင့် ပလတ်စတစ်အမှိုက်များအားမရည်ရွယ်ဘဲပစ်ခြင်းအားဆန့်ကျင်ရန်ကတိပြုထားခဲ့ကြပါတယ်။ထို့အပြင်Aksharဖောင်ဒေးရှင်းဟာ ၎င်း၏ကျောင်းသားများကို အသက်မွေး ဝမ်းကျောင်းအတတ်ပညာများထောက်ပံ့ပေးပြီး ကျောင်းတွင် ၎င်းတို့၏ပလတ်စတစ်အမှိုက်များကိုအသုံးဝင်သောအရာများအဖြစ် ပြန်လည်အသုံးပြုရန်လည်း သင်ကြားပေးနေလျက်ရှိပါတယ်။
၎င်းတို့ဟာ တင်းကျပ်စွာ ထုပ်ပိုးထားတဲ့ပလပ်တစ်ဘူးများအား အုတ်များအဖြစ်သုံးကာ ဆောက်လုပ်ရေးပစ္စည်းများအဖြစ် အသုံးပြုသလို ကျောင်းသားများဟာ ဤပလတ်စတစ်ပုလင်းများကို ရောင်းချလို့ရတဲ့ငွေများကို ကျောင်းတွင် ၎င်းတို့ရဲ့သင်ထောက်ကူပြုအခြေခံပစ္စည်းများအား ပြန်လည်ဝယ်ယူနိုင်ပါတယ်။
Mahatma Gandhi ၏အကြံဉာဏ်ဖြင့် inspire ယူထားတဲ့ အဆိုပါ Akshar Foundation ဟာ ၎င်းတို့ရဲ့ကျောင်းသားများအား လက်တွေ့ကျသောပညာရေးကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ထို့အပြင် ၎င်းဟာကျောင်းသားများအားဆိုလာပြားများတပ်ဆင်ရန် ၊လည်ပတ်ရန်နှင့်ကျောင်း၏ရှုခင်းဒီဇိုင်းအနေအထားများကိုပါ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။
ဤအရာအားလုံးဖြင့် ကျောင်း၏သတ်မှတ်ချက်အတွင်းပြီးမြောက်အောင်လုပ်ခြင်းဟာကျောင်းသားများအားပညာရေးနှင့်အသက်မွေးဝမ်းကျောင်းမှုက မှန်ကန်သောလမ်းညွှန်မှုဖြင့် တစ်ပြိုင်နက်ဖြစ်ပေါ်စေလိမ့်မည်ဟု ၎င်းတို့အား လက်တွေ့ကျကျမျှော်လင့်ချက်များပေးစွမ်းစေပါတယ်။
Credit
Zawgyi
ေက်ာင္းလခအစား ပလပ္စတစ္အမႈိက္မ်ားကိုသာ လက္ခံၿပီး တစ္ၿမိဳ႕လုံးကိုေျပာင္းလဲေစခဲ့တဲ့ စာသင္ေက်ာင္းတစ္ေက်ာင္း
အိႏၵိယ္ႏိုင္ငံ စိမ္းလန္းစိုေျပေသာ Guwahatiေတာင္ကုန္းမ်ားေပၚရွိ Pamohi ႐ြာမွာ AksharFoundation ေက်ာင္းတစ္ေက်ာင္းတည္ရွိေနပါတယ္။ ဤအခမဲ့သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးေက်ာင္းဟာ၎၏ေက်ာင္းသားမ်ားအားပညာေရးႏွင့္အသက္ေမြးဝမ္းေၾကာင္းအတြက္အေရးႀကီးေသာအရင္းအျမစ္ႏွစ္ခုကို ပံ့ပိုးေပးလ်က္ရွိပါတယ္။
အိႏၵိယႏိုင္ငံ Assam ျပည္နယ္၏ ဤအစိတ္အပိုင္း၌လူဦးေရဟာ အထူးသျဖင့္ စီးပြါးေရးစံႏႈန္းေအာက္တြင္သာရွိပါတယ္။ ေက်ာင္းတည္ေထာင္သူ Mazin Mukhtar ႏွင့္ Parmita Sharma တို႔ဟာ ၎တို႔၏စိတ္ကူးကို အုတ္မ်ားျဖင့္ နံရံမ်ားအျဖစ္သို႔ ပထမဆုံးအႀကိမ္ စတင္ေျပာင္းလိုက္တဲ့အခါ ၎တို႔ဟာ ၎တို႔ရဲ႕အစီအစဥ္ကို အကြက္က်က်စီစဥ္ထားခဲ့ၾကပါတယ္။ ဘယ္လိုစတင္ခဲ့လဲဆိုေတာ့ ၎တို႔ဟာ ေက်ာင္းလခအစားစြန႔္ပစ္ပလပ္စတစ္မ်ားကိုသာ လက္ခံခဲ့ၾကပါတယ္။ ၎ေက်ာင္းတြင္ အသက္ ၄ ႏွစ္မွ ၁၅ ႏွစ္အၾကား ေက်ာင္းသား ၁၁၀ ခန႔္ရွိပါတယ္။
၎တို႔ဟာ အပတ္တိုင္း ေက်ာင္းသားမ်ားရဲ႕ပညာေရးရန္ပုံေငြအျဖစ္ ပလတ္စတစ္အမႈိက္ ၂၅ အိတ္ေလာက္ယူလာခိုင္းပါတယ္။ ၎ေဒသရွိပတ္ဝန္းက်င္ဟာ ပလပ္စတစ္အိတ္မ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္သုံးစြဲေနခဲ့တာေၾကာင့္ ပလပ္စတစ္မ်ားအားေက်ာင္းသို႔ယူလာေစကာေဆာင္းရာသီတြင္ ပလပ္စတစ္မ်ားအား မီးပုံထဲထည့္ရႈိ႕ေစကာ ေက်ာင္းသားမ်ားက ေႏြးေထြးေစခဲ့ပါတယ္။
တည္ေထာင္သူေတြကတစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ေစဖို႔စိတ္ကူးခဲ့ၾကပါတယ္။မိဘမ်ားကလည္း၎တို႔၏ကေလးမ်ားအားေက်ာင္းသို႔ေစလႊတ္ရန္ႏွင့္ ပလတ္စတစ္အမႈိက္မ်ားအားမရည္႐ြယ္ဘဲပစ္ျခင္းအားဆန႔္က်င္ရန္ကတိျပဳထားခဲ့ၾကပါတယ္။ထို႔အျပင္Aksharေဖာင္ေဒးရွင္းဟာ ၎၏ေက်ာင္းသားမ်ားကို အသက္ေမြး ဝမ္းေက်ာင္းအတတ္ပညာမ်ားေထာက္ပံ့ေပးၿပီး ေက်ာင္းတြင္ ၎တို႔၏ပလတ္စတစ္အမႈိက္မ်ားကိုအသုံးဝင္ေသာအရာမ်ားအျဖစ္ ျပန္လည္အသုံးျပဳရန္လည္း သင္ၾကားေပးေနလ်က္ရွိပါတယ္။
၎တို႔ဟာ တင္းက်ပ္စြာ ထုပ္ပိုးထားတဲ့ပလပ္တစ္ဘူးမ်ားအား အုတ္မ်ားအျဖစ္သုံးကာ ေဆာက္လုပ္ေရးပစၥည္းမ်ားအျဖစ္ အသုံးျပဳသလို ေက်ာင္းသားမ်ားဟာ ဤပလတ္စတစ္ပုလင္းမ်ားကို ေရာင္းခ်လို႔ရတဲ့ေငြမ်ားကို ေက်ာင္းတြင္ ၎တို႔ရဲ႕သင္ေထာက္ကူျပဳအေျခခံပစၥည္းမ်ားအား ျပန္လည္ဝယ္ယူႏိုင္ပါတယ္။
Mahatma Gandhi ၏အႀကံဉာဏ္ျဖင့္ inspire ယူထားတဲ့ အဆိုပါ Akshar Foundation ဟာ ၎တို႔ရဲ႕ေက်ာင္းသားမ်ားအား လက္ေတြ႕က်ေသာပညာေရးကိုမိတ္ဆက္ေပးခဲ့ပါတယ္။ ထို႔အျပင္ ၎ဟာေက်ာင္းသားမ်ားအားဆိုလာျပားမ်ားတပ္ဆင္ရန္ ၊လည္ပတ္ရန္ႏွင့္ေက်ာင္း၏ရႈခင္းဒီဇိုင္းအေနအထားမ်ားကိုပါ ေလ့က်င့္သင္ၾကားေပးခဲ့ပါတယ္။
ဤအရာအားလုံးျဖင့္ ေက်ာင္း၏သတ္မွတ္ခ်က္အတြင္းၿပီးေျမာက္ေအာင္လုပ္ျခင္းဟာေက်ာင္းသားမ်ားအားပညာေရးႏွင့္အသက္ေမြးဝမ္းေက်ာင္းမႈက မွန္ကန္ေသာလမ္းၫႊန္မႈျဖင့္ တစ္ၿပိဳင္နက္ျဖစ္ေပၚေစလိမ့္မည္ဟု ၎တို႔အား လက္ေတြ႕က်က်ေမွ်ာ္လင့္ခ်က္မ်ားေပးစြမ္းေစပါတယ္။
Credit