နေပူကိုအံတု ဆောင်းနှင်းကိုလည်း လျစ်လျူရှုတဲ့ အမေ့ခံလူသား (သို့)အဖေ ဖတ်ကြည့်နော်

ကောင်းကင်မှာလတစ်စင်း နေတစ်စင်းထွက်တယ်။အမေက-လတစ်စင်းဆိုရင့်အဖေက-နေတစ်စင်းပေါ့။

အမေ့မေတ္တာက အေးမြသလိုအဖေ့မေတ္တာက အလင်းရပါတယ်။အများရဲ့အမြင်မှာအဖေဟာ သားသမီးတွေ အတွက်အမေ့ခံလူသားတစ်ယောက်လိုပဲ။

အဖေ့အတွက်နေရာကျဉ်မြောင်းလွန်းလှတယ်။အမေနဲ့ အနေများတောအမေ့ကိုပဲ အချစ်ပိုတာမဆန်းပေမယ့်အဖေ့ကိုလည်း ချစ်ပါတယ် အဖေ။

အရွယ်ရောက်လာတဲ့အချိန်ထိကြုံရာအလုပ်ကျရာနေရာမှာ မညင်းမညူနဲ့။သားသမီးတွေ အတွက်ဆိုရင်နေပူပူကိုလည်း အံတုရဲတဲ့လူသားမိုးစိုစိုကိုလည်း မျက်ကွယ်ပြုတဲ့လူသားဆောင်းနှင်းတွေကို လျစ်လျူရှုတဲ့လူသားဆိုတာ

အဖေမှ တစ်ပါးအခြားမရှိနိုင်တာအခုတော့ သေခြာသိခဲ့ရပြီ။အမေ့မေတ္တာလောက် မအေးချမ်းပေမယ့်အဖေ့မေတ္တာကလည်း နွေးထွေးပါတယ်။

သား သမီးတွေအပေါ်မှာအချစ်တွေကို ဖွင့်ဟမပြောတတ်ခဲ့ပေမယ့်သား သမီးတွေရဲ့ အရေးအရာမှာတောအဖေ့သမိုင်းကို ချန်ထားခဲ့လို့မရပါဘူး။

မွေးဖွားတဲ့ အရွယ်လူလားမမြှောက်ခင်ကတည်းကအူဝဲ- ဆိုတဲ့ငိုသံကအဖေ့အတွက် တာဝန်တစ်ခုလိုအချစ်တွေနဲ့ခွန်အားတွေ ပြည့်နေခဲ့တာကိုသား သမီးတွေ မသိတတ်ခဲ့ပါဘူး အဖေ။

တကယ်ဆို အဖေဆိုတာ ဘဝရဲ့အလင်းရောင်။သား သမီးတွေအတွက် ဦးဆောင်သူပါ။လောကဓံရဲ့ ရိုက်ချက်တွေဘယ်လောက်ပဲ ပြင်းထန်ပါစေအဖေ့ ချွေးစက်တွေ

မြေမှာဘယ်လောက်ပဲ ကြွေကျပါစေ့သား သမီးတွေအရှေ့မှာတော့အဖေအပြုံးတွေနဲ့သာနေခဲ့တယ်။ပင်ပန်းမှုတွေကို နွမ်းနယ်မပြခဲ့ဘူး။ပုခတ်လွဲသော လက်တစ်စုံပိုင်ရှင် အမေသည်သာလောကကို ကိုင်လှုပ်နိုင်ခဲ့တာ မဟုပါဘူး။

ဓားသွေးသော အဖေ့လက်တစ်စုံကလည်း။လောကကို ကိုင်လှုပ်နိုင်စွမ်းရှိနေပါတယ် အဖေအမေလည်း အေးချမ်းပါစေအဖေလည်း ငြိမ်းချမ်းပါစေ။

ဗြဟ္မာစိုရ်း တရားပိုင်ရှင်တွေမို့သား သမီးတွေအတွက် အဆိုးအကောင်းကိုအကျိုးအကြောင်းနဲ့ ပြောပြတတ်တာ။ကိုယ်တိုင်က စာပေမတတ်ခဲ့ပေမယ့်

ကိုယ့်သား သမီးတွေကိုတော့ပညာတတ်ကြီးတွေ ဖြစ်စေချင်တဲ့သူတွေပါ။လောကမှာအဖေလို့ ခေါ်ခွင့်ရတဲ့သူတိုင်းအတွက်အဖေပီသသော အဖေများအတွက် သမိုင်းတည်သရွေ့အဖေဆိုတာ ရှိနေမှာပါ အဖေ….

Credit by kyaw kyaw ye lwin

Zawgyi

ေကာင္းကင္မွာလတစ္စင္း ေနတစ္စင္းထြက္တယ္။အေမက-လတစ္စင္းဆိုရင့္အေဖက-ေနတစ္စင္းေပါ့။

အေမ့ေမတၱာက ေအးျမသလိုအေဖ့ေမတၱာက အလင္းရပါတယ္။အမ်ားရဲ႕အျမင္မွာအေဖဟာ သားသမီးေတြ အတြက္အေမ့ခံလူသားတစ္ေယာက္လိုပဲ။

အေဖ့အတြက္ေနရာက်ဥ္ေျမာင္းလြန္းလွတယ္။အေမနဲ႔ အေနမ်ားေတာအေမ့ကိုပဲ အခ်စ္ပိုတာမဆန္းေပမယ့္အေဖ့ကိုလည္း ခ်စ္ပါတယ္ အေဖ။

အ႐ြယ္ေရာက္လာတဲ့အခ်ိန္ထိႀကဳံရာအလုပ္က်ရာေနရာမွာ မညင္းမညဴနဲ႔။သားသမီးေတြ အတြက္ဆိုရင္ေနပူပူကိုလည္း အံတုရဲတဲ့လူသားမိုးစိုစိုကိုလည္း မ်က္ကြယ္ျပဳတဲ့လူသားေဆာင္းႏွင္းေတြကို လ်စ္လ်ဴရႈတဲ့လူသားဆိုတာ

အေဖမွ တစ္ပါးအျခားမရွိႏိုင္တာအခုေတာ့ ေသျခာသိခဲ့ရၿပီ။အေမ့ေမတၱာေလာက္ မေအးခ်မ္းေပမယ့္အေဖ့ေမတၱာကလည္း ေႏြးေထြးပါတယ္။

သား သမီးေတြအေပၚမွာအခ်စ္ေတြကို ဖြင့္ဟမေျပာတတ္ခဲ့ေပမယ့္သား သမီးေတြရဲ႕ အေရးအရာမွာေတာအေဖ့သမိုင္းကို ခ်န္ထားခဲ့လို႔မရပါဘူး။

ေမြးဖြားတဲ့ အ႐ြယ္လူလားမေျမႇာက္ခင္ကတည္းကအူဝဲ- ဆိုတဲ့ငိုသံကအေဖ့အတြက္ တာဝန္တစ္ခုလိုအခ်စ္ေတြနဲ႔ခြန္အားေတြ ျပည့္ေနခဲ့တာကိုသား သမီးေတြ မသိတတ္ခဲ့ပါဘူး အေဖ။

တကယ္ဆို အေဖဆိုတာ ဘဝရဲ႕အလင္းေရာင္။သား သမီးေတြအတြက္ ဦးေဆာင္သူပါ။ေလာကဓံရဲ႕ ႐ိုက္ခ်က္ေတြဘယ္ေလာက္ပဲ ျပင္းထန္ပါေစအေဖ့ ေခြၽးစက္ေတြ

ေျမမွာဘယ္ေလာက္ပဲ ေႂကြက်ပါေစ့သား သမီးေတြအေရွ႕မွာေတာ့အေဖအၿပဳံးေတြနဲ႔သာေနခဲ့တယ္။ပင္ပန္းမႈေတြကို ႏြမ္းနယ္မျပခဲ့ဘူး။ပုခတ္လြဲေသာ လက္တစ္စုံပိုင္ရွင္ အေမသည္သာေလာကကို ကိုင္လႈပ္ႏိုင္ခဲ့တာ မဟုပါဘူး။

ဓားေသြးေသာ အေဖ့လက္တစ္စုံကလည္း။ေလာကကို ကိုင္လႈပ္ႏိုင္စြမ္းရွိေနပါတယ္ အေဖအေမလည္း ေအးခ်မ္းပါေစအေဖလည္း ၿငိမ္းခ်မ္းပါေစ။

ျဗဟၼာစိုရ္း တရားပိုင္ရွင္ေတြမို႔သား သမီးေတြအတြက္ အဆိုးအေကာင္းကိုအက်ိဳးအေၾကာင္းနဲ႔ ေျပာျပတတ္တာ။ကိုယ္တိုင္က စာေပမတတ္ခဲ့ေပမယ့္

ကိုယ့္သား သမီးေတြကိုေတာ့ပညာတတ္ႀကီးေတြ ျဖစ္ေစခ်င္တဲ့သူေတြပါ။ေလာကမွာအေဖလို႔ ေခၚခြင့္ရတဲ့သူတိုင္းအတြက္အေဖပီသေသာ အေဖမ်ားအတြက္ သမိုင္းတည္သေ႐ြ႕အေဖဆိုတာ ရွိေနမွာပါ အေဖ….

Credit by kyaw kyaw ye lwin

Leave a Comment