မိသားစုအတွက် ရုန်းကန်လှုပ်ရှားရင်း တစ်နိုင်ငံလုံးရှိ တစ်ဦးတည်းသောကားပြင်သူအမျိုးသမီးဖြစ်လာခဲ့သူ

မိသားစုအတွက် ရုန်းကန်လှုပ်ရှားရင်း တစ်နိုင်ငံလုံးရှိ တစ်ဦးတည်းသော ကားပြင်သူအမျိုးသမီးဖြစ်လာခဲ့သူ

အိန္ဒိယနိုင်ငံရှိ Ram အမည်ရှိအမျိုးသားနှင့် Shanti အမည်ရှိအမျိုးသမီးတို့ဇနီးမောင်နှံဟာလွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က Madhya Pradesh မှဒေလီသို့ပြောင်းရွေ့လာခဲ့ကြပါတယ်။ Ram ဟာ မိသားစုကိုထောက်ပံ့ရန် သုံးဘီးကားဆွဲခြင်း (သို့)လယ်ယာစတဲ့မတူညီတဲ့အလုပ်များစွာကိုလုပ်ခဲ့ပြီးနောက်ပိုင်းမှာ Shanti နှင့် Ram တို့ဟာ Sanjay Gandhi Transport Nagar (SGTN) ရှိလက်ဖက်ရည်ဆိုင်တစ်ခုဖွင့်လှစ်ခဲ့ပါတယ်။

သို့ပေမဲ့ထိုလက်ဖက်ရည်ဆိုင်က၎င်းတို့ရဲ့စွန့်စားမှုရဲ့အစပဲဖြစ်ခဲ့ပါတယ်။အာရှရှိအကြီးဆုံးကုန်တင်ကားမှတ်တိုင်များထဲမှတစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့ SGTN မှာ တစ်ချိန်တည်းပင် ကုန်တင်ကားအစီးပေါင်း ၇၀၀၀၀ အထိတင်နိုင်ပြီး နေ့တိုင်းလိုလို ကုန်တင်ကား ၂၀၀၀၀ ကျော်အထိအမြဲရှိနေပါတယ်။ ထို့ကြောင့် ၎င်းတို့ဇနီးမောင်နှံက ထိုနေရာမှာ လက်ဖက်ရည်ဆိုင်ကိုဖွင့်ခဲ့ပုံရပါတယ်။

တစ်နေ့မှာ ၎င်းတို့က ၎င်းတို့ရဲ့ဝန်ဆောင်မှုများကိုချဲ့ထွင်ဖို့အတွက်ကားပြင်ဆိုင်တစ်ဆိုင်ဖွင့်ခဲ့ကြပြီး နေ့တိုင်းထရပ်ကားမောင်းသူထောင်ချီရဲ့လိုအပ်ချက်များကိုဖြည့်ဆည်းပေးခဲ့ပါတယ်။ Shanti ဟာ လျင်မြန်တဲ့သင်ယူသူတစ်ဦးဖြစ်လို့ ခင်ပွန်းဖြစ်သူကထရပ်ကားကြီးများနှင့်အခြားစက်ပြင်မှုများကိုလုပ်ဆောင်ပေးနေစဉ် သူမက အနီးကပ်စောင့်ကြည့်ရင်း သင်ယူခဲ့ပါတယ်။

ကြမ်းတမ်းတဲ့ဘဝ၌မွေးဖွားလာခဲ့ရတဲ့ Shanti ဟာ ယခုအခါ သူမတို့ရဲ့ဆိုင်ရှိအကောင်းဆုံးစက်ပြင်ဆရာတစ်ဦးဖြစ်နေပါပြီ။ Shanti ဟာ ထရပ်ကားကြီးရှိတာယာ ၈လုံးကို အိမ်မှုကိစ္စများကဲ့သို့လွယ်ကူစွာပြုပြင်ပေးနိုင်ပါတယ်။ Shanti ဟာ မိခင်ဖြစ်သူနှင့်သူမမိသားစုကိုထောက်ပံ့ရန်ထူးဆန်းတဲ့အလုပ်များစွာကိုလည်းလုပ်ဆောင်ခဲ့ရတာကြောင့် ထိုအလုပ်က သူမအတွက်ထူးခြားတဲ့အလုပ်ဖြစ်ပုံမပေါ်ပါဘူး။

Shanti ဟာ သူမရဲ့မောင်နှမများကိုထောက်ပံ့နိုင်ရန် သူမရဲ့ပညာရေးကိုစွန့်လွှတ်ခဲ့တဲ့အပြင်မောင်နှမများရဲ့လေ့လာမှုများကိုသာအမြဲအားပေးခဲ့သူဖြစ်ပါတယ်။ “ တိကျတဲ့ကျွမ်းကျင်မှုတစ်ခုကိုသင်ယူခြင်းက အမြဲတမ်းကောင်းမွန်ပါတယ် ၊ငါက ငါ့အတွက်ပေးတဲ့အခွင့်အရေးတွေကိုအကောင်းဆုံးအသုံးချနိုင်ခဲ့လို့ဝမ်းသာတယ် ” လို့ Shanti ကဆိုခဲ့ပါတယ်။ တရားဝင်ပညာရေးနှင့်လေ့ကျင့်မှုတွေမရခဲ့ပေမဲ့လည်း သူမဟာ ငယ်စဉ်ကတည်းက မိသားစုဝင်ငွေကိုပံ့ပိုးပေးသူပါ။

ထို့ကြောင့်လည်း သူမကခက်ခဲတဲ့အချိန်တွေမှာ မိသားစုအတွက်အစာရှာသူဖြစ်လာခဲ့ပါတယ်။ယခုနှစ်အနည်းငယ်အကြာမှာသူမရဲ့မောင်ဖြစ်သူက ရှေ့နေအဖြစ်အလုပ်လုပ်နေပါပြီ။Shanti ဟာသူမအပါအဝင်မိသားစုအားလုံးရဲ့မင်္ဂလာဆောင်ပွဲတွေမှာလည်း ပါဝင်ကူညီနိုင်ခဲ့သလို သူမဟာ ပညာရေးကိုထောက်ခံသူတစ်ဦးပါ။

“ ဘဝက ကျွန်မကိုဘယ်အခြေအနေမှာမဆို ထိုင်ပြီးမညည်းတွားဖို့သင်ပေးတယ်၊ အဲဒီအစား ငါအဲဒါကိုတိုးတက်အောင်လုပ်တယ် ၊ ငါ့ဘဝရဲ့နိမ့်ကျတဲ့အချိန်တွေမှာငါတန်ဖိုးအရှိဆုံးသင်ခန်းစာတွေသင်ယူခဲ့တယ် ၊မကောင်းတဲ့အချိန်တွေကလည်းထာဝစဉ်မတည်မြဲနေပါဘူး၊ဘဝဆိုတာအမြဲမပြတ်သင်ယူနေရတဲ့ဖြစ်စဉ်တစ်ခုပါ ၊ အောင်မြင်မှုဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ဆုံးဖြတ်ချက်အပေါ်သာမူတည်တယ်လို့ငါခံစားရတယ် ” လို့ Shanti က သူမဘဝအတွေ့အကြုံကိုလည်း မျှဝေပေးခဲ့ပါသေးတယ်။

Credit

Zawgyi

မိသားစုအတြက္ ႐ုန္းကန္လႈပ္ရွားရင္း တစ္ႏိုင္ငံလုံးရွိ တစ္ဦးတည္းေသာ ကားျပင္သူအမ်ိဳးသမီးျဖစ္လာခဲ့သူ

အိႏၵိယႏိုင္ငံရွိ Ram အမည္ရွိအမ်ိဳးသားႏွင့္ Shanti အမည္ရွိအမ်ိဳးသမီးတို႔ဇနီးေမာင္ႏွံဟာလြန္ခဲ့တဲ့အႏွစ္ႏွစ္ဆယ္က Madhya Pradesh မွေဒလီသို႔ေျပာင္းေ႐ြ႕လာခဲ့ၾကပါတယ္။ Ram ဟာ မိသားစုကိုေထာက္ပံ့ရန္ သုံးဘီးကားဆြဲျခင္း (သို႔)လယ္ယာစတဲ့မတူညီတဲ့အလုပ္မ်ားစြာကိုလုပ္ခဲ့ၿပီးေနာက္ပိုင္းမွာ Shanti ႏွင့္ Ram တို႔ဟာ Sanjay Gandhi Transport Nagar (SGTN) ရွိလက္ဖက္ရည္ဆိုင္တစ္ခုဖြင့္လွစ္ခဲ့ပါတယ္။

သို႔ေပမဲ့ထိုလက္ဖက္ရည္ဆိုင္က၎တို႔ရဲ႕စြန႔္စားမႈရဲ႕အစပဲျဖစ္ခဲ့ပါတယ္။အာရွရွိအႀကီးဆုံးကုန္တင္ကားမွတ္တိုင္မ်ားထဲမွတစ္ခုအျဖစ္သတ္မွတ္ခံထားရတဲ့ SGTN မွာ တစ္ခ်ိန္တည္းပင္ ကုန္တင္ကားအစီးေပါင္း ၇၀၀၀၀ အထိတင္ႏိုင္ၿပီး ေန႔တိုင္းလိုလို ကုန္တင္ကား ၂၀၀၀၀ ေက်ာ္အထိအၿမဲရွိေနပါတယ္။ ထို႔ေၾကာင့္ ၎တို႔ဇနီးေမာင္ႏွံက ထိုေနရာမွာ လက္ဖက္ရည္ဆိုင္ကိုဖြင့္ခဲ့ပုံရပါတယ္။

တစ္ေန႔မွာ ၎တို႔က ၎တို႔ရဲ႕၀န္ေဆာင္မႈမ်ားကိုခ်ဲ႕ထြင္ဖို႔အတြက္ကားျပင္ဆိုင္တစ္ဆိုင္ဖြင့္ခဲ့ၾကၿပီး ေန႔တိုင္းထရပ္ကားေမာင္းသူေထာင္ခ်ီရဲ႕လိုအပ္ခ်က္မ်ားကိုျဖည့္ဆည္းေပးခဲ့ပါတယ္။ Shanti ဟာ လ်င္ျမန္တဲ့သင္ယူသူတစ္ဦးျဖစ္လို႔ ခင္ပြန္းျဖစ္သူကထရပ္ကားႀကီးမ်ားႏွင့္အျခားစက္ျပင္မႈမ်ားကိုလုပ္ေဆာင္ေပးေနစဥ္ သူမက အနီးကပ္ေစာင့္ၾကည့္ရင္း သင္ယူခဲ့ပါတယ္။

ၾကမ္းတမ္းတဲ့ဘဝ၌ေမြးဖြားလာခဲ့ရတဲ့ Shanti ဟာ ယခုအခါ သူမတို႔ရဲ႕ဆိုင္ရွိအေကာင္းဆုံးစက္ျပင္ဆရာတစ္ဦးျဖစ္ေနပါၿပီ။ Shanti ဟာ ထရပ္ကားႀကီးရွိတာယာ ၈လုံးကို အိမ္မႈကိစၥမ်ားကဲ့သို႔လြယ္ကူစြာျပဳျပင္ေပးႏိုင္ပါတယ္။ Shanti ဟာ မိခင္ျဖစ္သူႏွင့္သူမမိသားစုကိုေထာက္ပံ့ရန္ထူးဆန္းတဲ့အလုပ္မ်ားစြာကိုလည္းလုပ္ေဆာင္ခဲ့ရတာေၾကာင့္ ထိုအလုပ္က သူမအတြက္ထူးျခားတဲ့အလုပ္ျဖစ္ပုံမေပၚပါဘူး။

Shanti ဟာ သူမရဲ႕ေမာင္ႏွမမ်ားကိုေထာက္ပံ့ႏိုင္ရန္ သူမရဲ႕ပညာေရးကိုစြန္႔လႊတ္ခဲ့တဲ့အျပင္ေမာင္ႏွမမ်ားရဲ႕ေလ့လာမႈမ်ားကိုသာအၿမဲအားေပးခဲ့သူျဖစ္ပါတယ္။ “ တိက်တဲ့ကြၽမ္းက်င္မႈတစ္ခုကိုသင္ယူျခင္းက အၿမဲတမ္းေကာင္းမြန္ပါတယ္ ၊ငါက ငါ့အတြက္ေပးတဲ့အခြင့္အေရးေတြကိုအေကာင္းဆုံးအသုံးခ်ႏိုင္ခဲ့လို႔ဝမ္းသာတယ္ ” လို႔ Shanti ကဆိုခဲ့ပါတယ္။ တရားဝင္ပညာေရးႏွင့္ေလ့က်င့္မႈေတြမရခဲ့ေပမဲ့လည္း သူမဟာ ငယ္စဥ္ကတည္းက မိသားစု၀င္ေငြကိုပံ့ပိုးေပးသူပါ။

ထို႔ေၾကာင့္လည္း သူမကခက္ခဲတဲ့အခ်ိန္ေတြမွာ မိသားစုအတြက္အစာရွာသူျဖစ္လာခဲ့ပါတယ္။ယခုႏွစ္အနည္းငယ္အၾကာမွာသူမရဲ႕ေမာင္ျဖစ္သူက ေရွ႕ေနအျဖစ္အလုပ္လုပ္ေနပါၿပီ။Shanti ဟာသူမအပါအ၀င္မိသားစုအားလုံးရဲ႕မဂၤလာေဆာင္ပြဲေတြမွာလည္း ပါဝင္ကူညီႏိုင္ခဲ့သလို သူမဟာ ပညာေရးကိုေထာက္ခံသူတစ္ဦးပါ။

“ ဘဝက ကြၽန္မကိုဘယ္အေျခအေနမွာမဆို ထိုင္ၿပီးမညည္းတြားဖို႔သင္ေပးတယ္၊ အဲဒီအစား ငါအဲဒါကိုတိုးတက္ေအာင္လုပ္တယ္ ၊ ငါ့ဘ၀ရဲ႕နိမ့္က်တဲ့အခ်ိန္ေတြမွာငါတန္ဖိုးအရွိဆုံးသင္ခန္းစာေတြသင္ယူခဲ့တယ္ ၊မေကာင္းတဲ့အခ်ိန္ေတြကလည္းထာဝစဥ္မတည္ၿမဲေနပါဘူး၊ဘဝဆိုတာအၿမဲမျပတ္သင္ယူေနရတဲ့ျဖစ္စဥ္တစ္ခုပါ ၊ ေအာင္ျမင္မႈဆိုတာ လူတစ္ဦးတစ္ေယာက္ရဲ႕ဆုံးျဖတ္ခ်က္အေပၚသာမူတည္တယ္လို႔ငါခံစားရတယ္ ” လို႔ Shanti က သူမဘဝအေတြ႕အႀကဳံကိုလည္း မွ်ေဝေပးခဲ့ပါေသးတယ္။

Credit

Leave a Comment