ခင်ပွန်းကို ပြန်ရောင်းဖို့ မယားငယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ မယားကြီး
အိန္ဒိယနိုင်ငံက အမျိုးသမီးငယ် တစ်ဦးဟာ ဖောက်ပြန်တဲ့ ခင်ပွန်းကြောင့် အမျိုးမျိုး စိတ်ညစ်ခဲ့ရပေမယ့်၊ သူမရဲ့ ယောက်ျားနဲ့ ဖောက်ပြန်နေတဲ့ မယားငယ်က ညှိနှိုင်းမှုတွေ ပြုလုပ် လာခဲ့ ပါတယ်။
အဲဒါကတော့ ခင်ပွန်းကို ပြန်ရောင်းမယ် ဆိုရင် ရူပီး သိန်း (၅၀) ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှုပါ။ အဲဒီကမ်းလှမ်းမှုကို မယားကြီးဖြစ်သူက ကျေကျေ နပ်နပ် လက်ခံ လိုက်တယ်လို့ သိရပါတယ်။
ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ Karnataka မြိ့မှာ ဖြစ်ခဲ့တာပါ။ မယားကြီး အမည်ကတော့ Ramya လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။ Ramya ဟာ ခင်ပွန်း ဖောက်ပြန်တာကို သိခဲ့တာ ကြာပါပြီ
သူမရဲ့ ခင်ပွန်းဟာ ယခင်က အလုပ်ကနေ အိမ်ကို ပြန်မလာဘဲ သူငယ်ချင်းအိမ် လိုက်အိပ်တာလိုလို၊ အလုပ်က ခရီးထွက်ခိုင်းလို့ ထွက်ရတာလိုလိုနဲ့ အမြဲလိုလို အကြောင်းပြချက် ပေးပြီး အိမ်ပြန်လာလေ့ မရှိပါဘူး။
အဲဒီကတည်းက သူမရဲ့ခင်ပွန်း အခြေပျက်နေပြီဆိုတာ သိခဲ့ရတာပါ။ ခင်ပွန်းဖြစ်သူဟာ ငွေကြေးချမ်းသာတဲ့ အမျိုးသမီး တစ်ယောက်နဲ့ ဖောက်ပြန်နေတာ ဖြစ်ပါတယ်။
ဒီလိုနဲ့ သူမကို မယားငယ်ဖြစ်သူနဲ့ လက်ပူးလက်ကြပ်ဖမ်းပြီး နှစ်ဘက် အချေအတင် ငြင်းခုံခဲ့ရပါသေးတယ်။ နောက်ဆုံးတော့ ငွေချမ်းသာတဲ့ အမျိူးသမီးက ညှိနှိုင်းချိန်မှာတော့ သူမကလည်း လျှောလျှောရှှုရှု လက်ခံလိုက်ပါတယ်။
အကြောင်းတော့ ခင်ပွန်းကို အလကားသက်သက် ဆုံးရှုံး လိုက်ရတာထက် စာရင်၊ ဒီလောက် ငွေအများကြီး ရတာက မြတ်တယ်လို့ တွေးလိုက်လို့ပါ။ ဒီငွေတွေနဲ့ Ramya ဟာ အကြွေးတွေ အကုန် ဆပ်နိုင်ခဲ့ပါတယ်။
သူမဟာ ပထမတုန်းက ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပေမယ့်၊ နောက်တော့ ဒီရွေးချယ်မှုကို ဆုံးဖြတ်လိုက်တာပါ။
Credit
Zawgyi
ခင္ပြန္းကို ျပန္ေရာင္းဖို႔ မယားငယ္ရဲ႕ ကမ္းလွမ္းမႈကို လက္ခံခဲ့တဲ့ မယားႀကီး
အိႏၵိယႏိုင္ငံက အမ်ိဳးသမီးငယ္ တစ္ဦးဟာ ေဖာက္ျပန္တဲ့ ခင္ပြန္းေၾကာင့္ အမ်ိဳးမ်ိဳး စိတ္ညစ္ခဲ့ရေပမယ့္၊ သူမရဲ႕ ေယာက္်ားနဲ႔ ေဖာက္ျပန္ေနတဲ့ မယားငယ္က ညႇိႏႈိင္းမႈေတြ ျပဳလုပ္ လာခဲ့ ပါတယ္။
အဲဒါကေတာ့ ခင္ပြန္းကို ျပန္ေရာင္းမယ္ ဆိုရင္ ႐ူပီး သိန္း (၅၀) ေပးမယ္ ဆိုတဲ့ ကမ္းလွမ္းမႈပါ။ အဲဒီကမ္းလွမ္းမႈကို မယားႀကီးျဖစ္သူက ေက်ေက် နပ္နပ္ လက္ခံ လိုက္တယ္လို႔ သိရပါတယ္။
ဒီအျဖစ္အပ်က္ဟာ အိႏၵိယႏိုင္ငံ Karnataka ၿမိ့မွာ ျဖစ္ခဲ့တာပါ။ မယားႀကီး အမည္ကေတာ့ Ramya လို႔ သတင္းမွာ ေဖာ္ျပ ထားပါတယ္။ Ramya ဟာ ခင္ပြန္း ေဖာက္ျပန္တာကို သိခဲ့တာ ၾကာပါၿပီ
သူမရဲ႕ ခင္ပြန္းဟာ ယခင္က အလုပ္ကေန အိမ္ကို ျပန္မလာဘဲ သူငယ္ခ်င္းအိမ္ လိုက္အိပ္တာလိုလို၊ အလုပ္က ခရီးထြက္ခိုင္းလို႔ ထြက္ရတာလိုလိုနဲ႔ အၿမဲလိုလို အေၾကာင္းျပခ်က္ ေပးၿပီး အိမ္ျပန္လာေလ့ မရွိပါဘူး။
အဲဒီကတည္းက သူမရဲ႕ခင္ပြန္း အေျခပ်က္ေနၿပီဆိုတာ သိခဲ့ရတာပါ။ ခင္ပြန္းျဖစ္သူဟာ ေငြေၾကးခ်မ္းသာတဲ့ အမ်ိဳးသမီး တစ္ေယာက္နဲ႔ ေဖာက္ျပန္ေနတာ ျဖစ္ပါတယ္။
ဒီလိုနဲ႔ သူမကို မယားငယ္ျဖစ္သူနဲ႔ လက္ပူးလက္ၾကပ္ဖမ္းၿပီး ႏွစ္ဘက္ အေခ်အတင္ ျငင္းခုံခဲ့ရပါေသးတယ္။ ေနာက္ဆုံးေတာ့ ေငြခ်မ္းသာတဲ့ အမ်ိဴးသမီးက ညႇိႏႈိင္းခ်ိန္မွာေတာ့ သူမကလည္း ေလွ်ာေလွ်ာရွႈရႈ လက္ခံလိုက္ပါတယ္။
အေၾကာင္းေတာ့ ခင္ပြန္းကို အလကားသက္သက္ ဆုံးရႈံး လိုက္ရတာထက္ စာရင္၊ ဒီေလာက္ ေငြအမ်ားႀကီး ရတာက ျမတ္တယ္လို႔ ေတြးလိုက္လို႔ပါ။ ဒီေငြေတြနဲ႔ Ramya ဟာ အေႂကြးေတြ အကုန္ ဆပ္ႏိုင္ခဲ့ပါတယ္။
သူမဟာ ပထမတုန္းက ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ေပမယ့္၊ ေနာက္ေတာ့ ဒီေ႐ြးခ်ယ္မႈကို ဆုံးျဖတ္လိုက္တာပါ။
Credit