ဝင်ငွေနည်းနည်းလေးရပေမယ့်လည်း စျေးဦးပေါက်လာဝယ်သော ဖောက်သည်အား အပိုလက်ဆောင်လေးကိုပါ ထည့်ပေးနေသည့် အဖိုးအို

ဝင်ငွေနည်းနည်းလေးရပေမယ့်လည်း ဈေးဦးပေါက်လာဝယ်သော ဖောက်သည်အား အပိုလက်ဆောင်လေးကိုပါ ထည့်ပေးနေသည့် အဖိုးအို

ဖိလစ်ပိုင်နိုင်ငံမှ အသက်၈၀အရွယ် အဖိုးအိုတစ်ဦးသည် မိသားစုဆွေမျိုးမရှိတာကြောင့် အနားယူရမည့် အရွယ်ရောက်သော်လည်း မနားရသေးပဲ ကိုယ့်ဝမ်းကိုကျောင်းနေရဆဲဖြစ်ကာ လမ်းဘေးတွင် ဖက်ရှင်အသုံးအဆောင် ပစ္စည်းလေးတွေကို ရောင်းချလျက်ရှိသည်။

အဖိုးအိုသည် မိန်းကလေးအသုံးအဆောင် ပစ္စည်းများဖြစ်သော လက်စွပ်၊လက်ကောက်နှင့် လည်ဆွဲတို့ကို ပီဆို၂၀တည်းနှင့် ရောင်းချကာ တစ်နေ့လုပ်တစ်နေ့စားဘဝကို မငြီးငြူ အရှုံးမပေးပဲ ဖြတ်သန်းခဲ့သည်။

အဖိုးအိုသည် အမြဲတမ်းလိုလို ဈေးရောင်းကောင်းနေတာမျိုးမဟုတ်ပဲဈေးဦးပေါက်လာဝယ်ယူသောသူများကိုတစ်ခုအပိုလက်ဆောင်ပေးတတ်ခြင်းဖြင့် ကြင်နာတတ်သော စိတ်ထားလေးကြောင့် ဝယ်ယူသူတစ်ဦးမှာ အဖိုးအိုရဲ့စားဝတ်နေရေး အခက်အခဲကို ကူညီဖြေရှင်းရန် လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Credit

Zawgyi





Credit

Leave a Comment