ဆီပန့်ကို ညှစ်လိုုက်၊ လွှတ်လိုက်ကစားရင်း ဆီခိုးလို့ရပါသလား
ဆီပန့်ကို ညှစ်လိုက်၊ လွှတ်လိုက်ကစားရင်း ဆီခိုးလို့ရပါသလားဆီပန့်ဂေါက် ကို ကစားပြီး ဆီခိုးလို့ရလားမရပါဘူးဆီပန့် ကို ညှစ်လိုက်၊ လွှတ်လိုက် ကစားပြီး ဆီခိုးလို့ မရပါဘူးဆီပန့် ကို ကစား နေတဲ့ ကိစ္စအထင်မှားနေတာတွေ ကို နည်းနည်း လေး ရှင်းပြ
ပေးမှာပါ။အမျိုးတို့ရဲ့ ကားလေးတွေကို ဆီဖြည့်တဲ့ အခါ ဆီပန့်ကို 1,2,3 ဆိုတဲ့ အမြန်နှုန်း speedသုံးမျိုးမှာ ပန့်ကိုင်ဝန်ထမ်းတွေက အဆင်ပြေရာ တစ်မျိုးနဲ့ ဖြည့်ပေးကြပါတယ်
Speed 3 နဲ့ ဖြည့်ရင် အမြန်ဆုံး ဆီပြည့်သွားမှာ ဖြစ် ပေမယ့်အောက်တန်း 92 နဲ့ 95 တွေ ဖြည့်တဲ့ အခါဆီငွေ့က အပေါ်ကို အရင်ကန်တက်လာပြီး ပန့်ရဲ့ ထိပ်ဝ ကိုလာရိုက်တဲ့ အခါ အော်တို ဆင်ဆာ စနစ်အရ ပန့်က ဆီဖြတ်လိုက်ပါတယ်
အဲဒီတော့ ပန့်ကိုင်ဝန်ထမ်းတွေက ဆီပြန်ထွက်လာအောင် ကလစ်ကို ပြန်ညှစ်ပေးရတာ မျိုးလုပ်ပေးရပါတယ်အမှန်က ပန့်ကို ညှစ်လိုက်၊ လွှတ်လိုက်လုပ်နေတာဟာ အထက်မှာ ပြောထားတဲ့ အတိုင်း ဆီဖြည့်စဉ်ချောမွေ့မှု ရှိအောင် ပန့်ကိုင်ဝန်ထမ်းတွေက စောင့်
ကြည့်ထိန်းညှိုပြီး ဝန်ဆောင်မှု ပေးနေတာပဲ ဖြစ်ပါတယ်ပန့်ကို လွှတ်ထားရင် ဘာဖြစ်မလဲအချို့ ကာစတန်မာတွေက ဆီဖြည့်စဉ် ပန့်ကို လွှတ်ထားပေးဖို့တောင်းဆိုတာ ရှိပါတယ်အကယ်၍ ပန့်ကို လွှတ်ထားခဲ့မယ် ဆိုရင် ဆီငွေ့ကပန့်ခေါင်းကို လာရိုက်ပြီး ဆီ
ဖြတ်လိုက်တာမျိုးပန့် က ပြုတ်ထွက်ပြီး ဆီတွေလျှံကုန်တာမျိုး ဖြစ်နိုင်လို့အရမ်း အန္တရာယ် များပါတယ်ပန့်ကို လွှတ်ထားဖို့တော့ လုံခြုံရေး Safety အရ ဘယ်လိုမှ မဖြစ်သင့်ပါဘူး ခင်ဗျာဆီပန့်ကစား ပြီး ဆီခိုးနိုင်လားဆီပန့်ကစား တာမဟုတ်တဲ့ အကြောင်း အထက်မှာ ရှင်းပြပြီး ဖြစ်ပါတယ်
တကယ်တော့ ဆီပန့်ရှိတဲ့ နေရာ နဲ့ မီတာ ၃၀၀ လောက် အကွာမှာ ဆီလွှတ်ခြင်း၊ဖြတ်ခြင်းကိုထိန်းချုပ်ထားတဲ့ Control Penal ဆိုတာရှိပါတယ် ပုံတွင် ရှုပါအဲဒီကနေ ဆီရောင်းချတဲ့ ပမာဏ ကိုထိန်းချုပ်ထားတာ ဖြစ်ပါတယ်ဥပမာ ဆီ ၁၀,၀၀၀ ကျပ်ဖို့ စက်
မှာ ရိုက်ထားရင်Control Penal က ဆီ၁၀,၀၀၀ ကျပ်ဖိုးပြည့်တဲ့ အထိ ဆီကို လွှတ်ပေးနေမှာ ဖြစ်ပါတယ်ပန့်ကိုင် ကဘာမှ ထိန်းချုပ်လို့ မရပါဘူးအန္တရာယ် ကင်းစေဖိုအဲဒီတော့ အမျိုးတို့ လည်း စိတ်ချမ်းသာအောင်၊အန္တရာယ်လည်း ကင်းအောင် ပန့်
ကိုင်တဲ့ ပုံစံအမျိုးမျိုးကို အောက်မှာ ပုံနဲ့တကွ အကြံပြုထားပါတယ်။ဒီစာစုလေးကို ဖတ်ပြီးတဲ့အခါ ပန့်ကိုင်ဝန်ထမ်းလေးေ တွကို ပန့်ကို လွှတ်ထားဖို့ မတောင်းဆိုဖို့ အမျိုးတို့ကို မေတ္တာရပ်ခံပါရစေနော်For your Safety First,ချစ်တဲ့ Yangon Petrol The Energy Of Yangon
Credit
Zawgyi
Credit
Leave a Comment