အခုလိုဆန်ဈေးနှုန်းတွေအဆမတန်ကြီးနေတဲ့အချိန်မှာ ဆန်ပိုးနေတက်ခဲ့ အလွယ်ကူဆုံးဖြေရှင်းနည်း(၅)ချက်
အခုအချိန်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်ပြီး ဆန်ဈေးနှုန်းတွေလည်းအဆမတန်မြင့်တက်နေပါတယ်။ဒီလိုအချိန်မှာ မိမိအိမ်မှာ ဝယ်ထားသည့်ဆန်မှာ ဆန်ပိုးများမတက်အောင်ဘယ်လိုလုပ်ကြမလဲ..
အိမ်တွေမှာ ဆန်တွေဝယ်ထားတာကြာလာရင်ပိုးကောင်တွေတက်တာ၊ဆန်တွေမည်းလာတာမျိုးတွေ ကြုံဖူးကြမှာပါ။ ဒီရန်တွေကနေဘယ်လိုကာကွယ်မလဲဆိုတဲ့အချက်က ၅ချက်ပဲရှိပါတယ်။ရိုးရှင်းပြီး လွယ်ကူပါတယ်။
၁။ နေရောင်ခံပေးပါ။
သင့်ဆန်တွေမှာ အဖြူ ဒါမှမဟုတ်အနက်ရောင်ပိုးလေးတွေအများကြီး တက်နေပြီဆိုရင်တော့နေရောင်ထဲမှာ ၃-၄နာရီလောက် ထားပေးပါ။အပူကပိုးတွေကိုသေစေနိုင်ပါတယ်။ဒါမှမဟုတ်ဆန်ထဲကနေထွက်သွားတတ်ကြပါတယ်။တချို့ကတော့ချက်ခါနီးမှလင်ဗန်းထဲထည့်ပြီးနေပြတတ်ကြပါတယ်။ပိုးကောင် အနည်းအများပေါ်မူတည်ပြီးနေပြမယ့်အချိန်ကိုအတိုးလျော့လုပ်လို့ရပါတယ်။
၂။ ငရုတ်သီးခြောက် ထည့်ထားပါ
လေလုံတဲ့ ဘုံးတွေထဲ ထည့်ထားမယ်ဆိုရင်တော့ငရုတ်သီးအနီခြောက်တချို့ကိုပါရောပြီးထည့်ထားပေးပါ။ငရုတ်သီးရဲ့အနံ့ကိုပိုးမွှားတွေကမကြိုက်ပါဘူး။ငရုတ်သီးလိုပဲငရုတ်ကောင်းစေ့ (သို့)လေးညှင်းပွင့်လေးတွေ ထည့်ထားလို့ရပါတယ်။
၃။ တမာရွက် ထည့်ပေးပါ
ဒါ့အပြင် တမာရွက်လေး အုပ်ထားပေးလို့လည်း ရပါတယ်။ပိုးမွှားတွေကတမာရွက်ရှိတဲ့နေရာမလာတတ်ပါဘူး။တချို့ဆိုရင်အင်္ကျီတွေသိမ်းတဲ့နေရာတွေမှာတောင်ထားတတ်ကြပါတယ်။
၄။ သိမ်းတဲ့နေရာမှန်ပါစေ
ဆန်အိတ်ဒါမှမဟုတ်ဆန်ဘုံးတွေကိုထားမယ်ဆိုရင်နေရောင်တိုက်ရိုက်ရမယ့်နေရာတွေကိုရှောင်ပါ။ မှောင်ပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားပါ။စိုစွတ်နေတဲ့နေရာမျိုးတွေ ရှောင်ပါ။ စိုစွတ်တဲ့ နေရာတွေဟာဆန်တွေကိုပျက်စီးစေသလိုပိုးမွှားတွေကိုလည်းရှင်သန်စေပါတယ်။
၅။ ဆန်ထည့်မယ့်ပစ္စည်း
ဆန်ထည့်တဲ့အခါမှာအရည်အသွေးကောင်းတဲ့ပလပ်စတစ်ဘုံးတွေဟာအသင့်တော်ဆုံးပါပဲ။လုံအောင် ပိတ်ထားလို့ရသလိုလေလဲလုံစေပါတယ်။
Credit
Zawgyi
အခုလိုဆန္ေစ်းႏႈန္းေတြအဆမတန္ႀကီးေနတဲ့အခ်ိန္မွာ ဆန္ပိုးေနတက္ခဲ့ အလြယ္ကူဆုံးေျဖရွင္းနည္း(၅)ခ်က္
အခုအခ်ိန္မွာ ကုန္ေစ်းႏႈန္းေတြ ျမင့္တက္ၿပီး ဆန္ေစ်းႏႈန္းေတြလည္းအဆမတန္ျမင့္တက္ေနပါတယ္။ဒီလိုအခ်ိန္မွာ မိမိအိမ္မွာ ဝယ္ထားသည့္ဆန္မွာ ဆန္ပိုးမ်ားမတက္ေအာင္ဘယ္လိုလုပ္ၾကမလဲ..
အိမ္ေတြမွာ ဆန္ေတြ၀ယ္ထားတာၾကာလာရင္ပိုးေကာင္ေတြတက္တာ၊ဆန္ေတြမည္းလာတာမ်ိဳးေတြ ႀကဳံဖူးၾကမွာပါ။ ဒီရန္ေတြကေနဘယ္လိုကာကြယ္မလဲဆိုတဲ့အခ်က္က ၅ခ်က္ပဲရွိပါတယ္။႐ိုးရွင္းၿပီး လြယ္ကူပါတယ္။
၁။ ေနေရာင္ခံေပးပါ။
သင့္ဆန္ေတြမွာ အျဖဴ ဒါမွမဟုတ္အနက္ေရာင္ပိုးေလးေတြအမ်ားႀကီး တက္ေနၿပီဆိုရင္ေတာ့ေနေရာင္ထဲမွာ ၃-၄နာရီေလာက္ ထားေပးပါ။အပူကပိုးေတြကိုေသေစႏိုင္ပါတယ္။ဒါမွမဟုတ္ဆန္ထဲကေနထြက္သြားတတ္ၾကပါတယ္။တခ်ိဳ႕ကေတာ့ခ်က္ခါနီးမွလင္ဗန္းထဲထည့္ၿပီးေနျပတတ္ၾကပါတယ္။ပိုးေကာင္ အနည္းအမ်ားေပၚမူတည္ၿပီးေနျပမယ့္အခ်ိန္ကိုအတိုးေလ်ာ့လုပ္လို႔ရပါတယ္။
၂။ င႐ုတ္သီးေျခာက္ ထည့္ထားပါ
ေလလုံတဲ့ ဘုံးေတြထဲ ထည့္ထားမယ္ဆိုရင္ေတာ့င႐ုတ္သီးအနီေျခာက္တခ်ိဳ႕ကိုပါေရာၿပီးထည့္ထားေပးပါ။င႐ုတ္သီးရဲ႕အနံ႔ကိုပိုးမႊားေတြကမႀကိဳက္ပါဘူး။င႐ုတ္သီးလိုပဲင႐ုတ္ေကာင္းေစ့ (သို႔)ေလးညႇင္းပြင့္ေလးေတြ ထည့္ထားလို႔ရပါတယ္။
၃။ တမာ႐ြက္ ထည့္ေပးပါ
ဒါ့အျပင္ တမာ႐ြက္ေလး အုပ္ထားေပးလို႔လည္း ရပါတယ္။ပိုးမႊားေတြကတမာ႐ြက္ရွိတဲ့ေနရာမလာတတ္ပါဘူး။တခ်ိဳ႕ဆိုရင္အက်ႌေတြသိမ္းတဲ့ေနရာေတြမွာေတာင္ထားတတ္ၾကပါတယ္။
၄။ သိမ္းတဲ့ေနရာမွန္ပါေစ
ဆန္အိတ္ဒါမွမဟုတ္ဆန္ဘုံးေတြကိုထားမယ္ဆိုရင္ေနေရာင္တိုက္႐ိုက္ရမယ့္ေနရာေတြကိုေရွာင္ပါ။ ေမွာင္ၿပီး ေျခာက္ေသြ႕တဲ့ ေနရာမွာ ထားပါ။စိုစြတ္ေနတဲ့ေနရာမ်ိဳးေတြ ေရွာင္ပါ။ စိုစြတ္တဲ့ ေနရာေတြဟာဆန္ေတြကိုပ်က္စီးေစသလိုပိုးမႊားေတြကိုလည္းရွင္သန္ေစပါတယ္။
၅။ ဆန္ထည့္မယ့္ပစၥည္း
ဆန္ထည့္တဲ့အခါမွာအရည္အေသြးေကာင္းတဲ့ပလပ္စတစ္ဘုံးေတြဟာအသင့္ေတာ္ဆုံးပါပဲ။လုံေအာင္ ပိတ္ထားလို႔ရသလိုေလလဲလုံေစပါတယ္။
Credit