ယာဥ်မောင်းလိုင်စင်ပျောက်သွားလို့ အသစ်ပြန်လျှောက်တဲ့အခါ နံပါတ်လည်းမှတ်မထားမိဘူးဆိုဘယ်လိုလုပ်ရမလဲ…

ယာဉ်မောင်းလိုင်စင်ပျောက်သွားလို့ အသစ်ပြန်လျှောက်တဲ့အခါ နံပါတ်လည်းမှတ်မထားမိဘူးဆိုဘယ်လိုလုပ်ရမလဲ?

ယာဉ်မောင်းလိုင်စင်အပျောက်လျှောက်တဲ့အခါလိုင်စင်နံပါတ်မမှတ်မိတော့ရင်ဘယ်လိုလုပ်မလဲ…။ကျွန်တော်တို့ယာဉ်မောင်းလိုင်စင်တွေ အကြောင်းအမျိုးမျိုးကြောင့်ပျောက်ဆုံးသွားခဲ့မယ်ဆိုရင်အသစ်ပြန်လျှောက်ရပါတော့မယ်။

အဲ့ဒီလိုအသစ်ပြန်လျှောက်တဲ့အခါ မှတ်ပုံတင်မူရင်း၊မိတ္ထူယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးထောက်ခံစာပက်စ်ပို့ပုံ(၃)ပုံလို့လိုအပ်ပါတယ်။မှတ်ပုံတင်တို့ ပတ်စ်ပို့ပုံတို့ကမိမိမှာရှိပြီးသားမို့အခက်အခဲမရှိပါဘူး။ဒါပေမယ့်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထောက်ခံစာယူမယ်ဆိုရင်တော့ အနည်းဆုံး ယာဉ်ထိန်း ရုံးကိုတော့သွားရပါတော့မယ်။

ဒီအခါမှာ မိဘပြည်သူများကိုနားလည်ထားစေချင်တာကယာဉ်ထိန်းရဲထောက်ခံစားဟာ ပျောက်ဆုံးသွားတဲ့မိမိလိုင်စင်နံပါတ်ကိုအမှုကင်းရှင်းကြောင်းစီစစ်ထောက်ခံပေးတာဖြစ်တာမို့ မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်လေးသိထားဖို့လိုပါတယ်။

နံပါတ်ကလည်းမမှတ်မိဘူး ယာဉ်မောင်းလိုင်စင်ကိုမိတ္ထူကူးထားတာလည်းမရှိဓာတ်ပုံရိုက်ထားတာလည်းမရှိဘူးဆိုရင်ထောက်ခံပေးရမည့်ယာဉ်မောင်းလိုင်စင်နံပါတ်မရှိတဲ့အတွက်ထောက်ခံစာရေးရာမှာအဆင်မပြေပါဘူး။

ယာဉ်မောင်းလိုင်စင်နံပါတ်ရရှိမှသာ အဆင်ပြေမှာဆိုတော့ နံပါတ်ကလည်းမမှတ်မိတာမို့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူးဖြစ်ကြရတယ်။ဒီတော့ မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်ကို မှတ်ထားပါ မိတ္တူကူးထားပါ။ဓါတ်ပုံရိုက်ထားပါ။

ဘာမှမှတ်ထားတာမရှိလို့ အခုလို ထောက်ခံစာယူတဲ့အခါမျိုးမှာဆိုရင်တော့ နောက်ဆုံး ဒီလိုလေးလုပ်လို့ရပါတယ်။မိမိရဲ့မှတ်ပုံတင်နံပါတ်နဲ့ မိမိယာဉ်မောင်းလိုင်စင်လုပ်ခဲ့တဲ့ရုံးမှာလိုင်စင်နံပါတ်ရှာပေးဖို့အကူညီတောင်းလို့ရပါတယ်။သက်ဆိုင်ရာရုံးကအကူအညီလည်းပေးပါတယ်။

ယာဉ်မောင်းလိုင်စင်နံပါတ်သာမှတ်မိထားရင်တော့အချိန်ကုန်သက်သာသွားတာပေါ့။ဒါကြောင့်မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်လေးတော့ တစ်နည်းနည်းနဲ့မှတ်ထားဖို့ သတိပေးပါရစေဗျာ။

ဒုရဲအုပ်ဌေးလွင်(ခ) နေမျိုးသူရ

Zawgyi

ယာဥ္ေမာင္းလိုင္စင္ေပ်ာက္သြားလို႔ အသစ္ျပန္ေလွ်ာက္တဲ့အခါ နံပါတ္လည္းမွတ္မထားမိဘူးဆိုဘယ္လိုလုပ္ရမလဲ?

ယာဥ္ေမာင္းလိုင္စင္အေပ်ာက္ေလွ်ာက္တဲ့အခါလိုင္စင္နံပါတ္မမွတ္မိေတာ့ရင္ဘယ္လိုလုပ္မလဲ…။ကြၽန္ေတာ္တို႔ယာဥ္ေမာင္းလိုင္စင္ေတြ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေပ်ာက္ဆုံးသြားခဲ့မယ္ဆိုရင္အသစ္ျပန္ေလွ်ာက္ရပါေတာ့မယ္။

အဲ့ဒီလိုအသစ္ျပန္ေလွ်ာက္တဲ့အခါ မွတ္ပုံတင္မူရင္း၊မိတၳဴယာဥ္ထိန္း ရဲတပ္ဖြဲ႕႐ုံးေထာက္ခံစာပက္စ္ပို႔ပုံ(၃)ပုံလို႔လိုအပ္ပါတယ္။မွတ္ပုံတင္တို႔ ပတ္စ္ပို႔ပုံတို႔ကမိမိမွာရွိၿပီးသားမို႔အခက္အခဲမရွိပါဘူး။ဒါေပမယ့္ယာဥ္ထိန္းရဲတပ္ဖြဲ႕႐ုံးေထာက္ခံစာယူမယ္ဆိုရင္ေတာ့ အနည္းဆုံး ယာဥ္ထိန္း ႐ုံးကိုေတာ့သြားရပါေတာ့မယ္။

ဒီအခါမွာ မိဘျပည္သူမ်ားကိုနားလည္ထားေစခ်င္တာကယာဥ္ထိန္းရဲေထာက္ခံစားဟာ ေပ်ာက္ဆုံးသြားတဲ့မိမိလိုင္စင္နံပါတ္ကိုအမႈကင္းရွင္းေၾကာင္းစီစစ္ေထာက္ခံေပးတာျဖစ္တာမို႔ မိမိရဲ႕ယာဥ္ေမာင္းလိုင္စင္နံပါတ္ေလးသိထားဖို႔လိုပါတယ္။

နံပါတ္ကလည္းမမွတ္မိဘူး ယာဥ္ေမာင္းလိုင္စင္ကိုမိတၳဴကူးထားတာလည္းမရွိဓာတ္ပုံ႐ိုက္ထားတာလည္းမရွိဘူးဆိုရင္ေထာက္ခံေပးရမည့္ယာဥ္ေမာင္းလိုင္စင္နံပါတ္မရွိတဲ့အတြက္ေထာက္ခံစာေရးရာမွာအဆင္မေျပပါဘူး။

ယာဥ္ေမာင္းလိုင္စင္နံပါတ္ရရွိမွသာ အဆင္ေျပမွာဆိုေတာ့ နံပါတ္ကလည္းမမွတ္မိတာမို႔ ဘယ္လိုလုပ္ရမွန္းမသိေတာ့ဘူးျဖစ္ၾကရတယ္။ဒီေတာ့ မိမိရဲ႕ယာဥ္ေမာင္းလိုင္စင္နံပါတ္ကို မွတ္ထားပါ မိတၱဴကူးထားပါ။ဓါတ္ပုံ႐ိုက္ထားပါ။

ဘာမွမွတ္ထားတာမရွိလို႔ အခုလို ေထာက္ခံစာယူတဲ့အခါမ်ိဳးမွာဆိုရင္ေတာ့ ေနာက္ဆုံး ဒီလိုေလးလုပ္လို႔ရပါတယ္။မိမိရဲ႕မွတ္ပုံတင္နံပါတ္နဲ႔ မိမိယာဥ္ေမာင္းလိုင္စင္လုပ္ခဲ့တဲ့႐ုံးမွာလိုင္စင္နံပါတ္ရွာေပးဖို႔အကူညီေတာင္းလို႔ရပါတယ္။သက္ဆိုင္ရာ႐ုံးကအကူအညီလည္းေပးပါတယ္။

ယာဥ္ေမာင္းလိုင္စင္နံပါတ္သာမွတ္မိထားရင္ေတာ့အခ်ိန္ကုန္သက္သာသြားတာေပါ့။ဒါေၾကာင့္မိမိရဲ႕ယာဥ္ေမာင္းလိုင္စင္နံပါတ္ေလးေတာ့ တစ္နည္းနည္းနဲ႔မွတ္ထားဖို႔ သတိေပးပါရေစဗ်ာ။

ဒုရဲအုပ္ေဌးလြင္(ခ) ေနမ်ိဳးသူရ

Leave a Comment