ပြည်တွင်းရွှေဈေးနှုန်းအတက်အကျဟာ ပြင်ပဒေါ်လာဈေးပေါ်မူတည်တယ်ဟုပြော
ပြင်ပဒေါ်လာဈေးအပေါ်မူတည်ပြီး ပြည်တွင်းရွှေဈေးအတက်အကျအပြောင်းအလဲ ဆက်ရှိနေမှာပဲလို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်ကပြောပါတယ်။
“ရွှေဈေးကတော့အထက်ကိုတက်လိုက်အောက်ကိုဆင်းလိုက်လှုပ်ရှားနေမှာပဲအသေတော့မဟုတ်ဘူး၊ ပြည်တွင်းဒေါ်လာဈေးအပေါ်မူတည်တယ်။တကယ်လို့ ၃၀၀၀ လောက်ထိ ဒေါ်လာဈေးတက်လာရင် ရွှေဈေးနည်းနည်းပြန်တက်လာမှာပဲ။
အခုကတော့ကမ္ဘာ့ရွှေဈေးလည်းကျတယ်။ပြည်တွင်းဒေါ်လာဈေးလည်းတစ်ဖြည်းဖြည်းပြန်ကျလာတော့ ရွှေဈေးပါလိုက်ကျတယ်။ရွှေအသင်းကရောင်းတဲ့အချိန်တုန်းကပြည်တွင်းဒေါ်လာဈေးက ၂၈၀၀၊ ၃၀၀၀ လောက်ထိဖြစ်သွားတော့ရွှေဈေးတက်တဲ့ဈေးဖြစ်သွားတာပေါ့။
အခုကတော့ ဈေးကွက်အေးတယ် နယ်ဘက်ကအထည်ပျက်လာရောင်းသူတွေများတယ်၊ ဝယ်မယ့်သူကတော့ ဈေးအကျစောင့်နေကြတုန်းပဲ” လို့ ဦးမျိုးမြင့်ကပြောပါတယ်။ဒီနေ့ ကမ္ဘာ့ရွှေဈေးကတော့တစ်အောင်စကို ၁၆၅၀ ဒေါ်လာရှိပြီး
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကဖွင့်လှစ်တဲ့ရွှေရည်ညွှန်းဈေးကတော့မီးလင်းရွှေတစ်ကျပ်သားကို ၁၉၄၄၀၀၀ ကျပ်ဖြစ်ကာအသင်းသားတွေကိုတော့ပြင်ပဒေါ်လာပေါက်ဈေးနဲ့တွက်ချက်ရောင်းဝယ်ခွင့်ပေးထားတာလည်းဖြစ်ပါတယ်။
ပြင်ပရွှေဆိုင်တွေမှာတော့ နံနက် ၁၁ နာရီခွဲပေါက်ဈေးအရ ၁၆ ပဲရည်တစ်ကျပ်သားကိုကျပ် ၂၆ သိန်းအထက်နဲ့ဈေးဖွင့်ထားပြီးအရောင်းအဝယ်ကိုကျပ် ၄၀၀၀၀ အကွာနဲ့ အရောင်းအဝယ်လုပ်ပေးတယ်လို့ ရန်ကုန်မြို့ရွှေဆိုင်တွေဆီကသိရပါတယ်။
Credit
Zawgyi
ျပည္တြင္းေ႐ႊေစ်းႏႈန္းအတက္အက်ဟာ ျပင္ပေဒၚလာေစ်းေပၚမူတည္တယ္ဟုေျပာ
ျပင္ပေဒၚလာေဈးအေပၚမူတည္ၿပီး ျပည္တြင္းေ႐ႊေဈးအတက္အက်အေျပာင္းအလဲ ဆက္ရွိေနမွာပဲလို႔ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးမ်ိဳးျမင့္ကေျပာပါတယ္။
“ေ႐ႊေဈးကေတာ့အထက္ကိုတက္လိုက္ေအာက္ကိုဆင္းလိုက္လႈပ္ရွားေနမွာပဲအေသေတာ့မဟုတ္ဘူး၊ ျပည္တြင္းေဒၚလာေဈးအေပၚမူတည္တယ္။တကယ္လို႔ ၃၀၀၀ ေလာက္ထိ ေဒၚလာေဈးတက္လာရင္ ေ႐ႊေဈးနည္းနည္းျပန္တက္လာမွာပဲ။
အခုကေတာ့ကမာၻ႔ေ႐ႊေဈးလည္းက်တယ္။ျပည္တြင္းေဒၚလာေဈးလည္းတစ္ျဖည္းျဖည္းျပန္က်လာေတာ့ ေ႐ႊေဈးပါလိုက္က်တယ္။ေ႐ႊအသင္းကေရာင္းတဲ့အခ်ိန္တုန္းကျပည္တြင္းေဒၚလာေဈးက ၂၈၀၀၊ ၃၀၀၀ ေလာက္ထိျဖစ္သြားေတာ့ေ႐ႊေဈးတက္တဲ့ေဈးျဖစ္သြားတာေပါ့။
အခုကေတာ့ ေဈးကြက္ေအးတယ္ နယ္ဘက္ကအထည္ပ်က္လာေရာင္းသူေတြမ်ားတယ္၊ ဝယ္မယ့္သူကေတာ့ ေဈးအက်ေစာင့္ေနၾကတုန္းပဲ” လို႔ ဦးမ်ိဳးျမင့္ကေျပာပါတယ္။ဒီေန႔ ကမာၻ႔ေ႐ႊေဈးကေတာ့တစ္ေအာင္စကို ၁၆၅၀ ေဒၚလာရွိၿပီး
ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းကဖြင့္လွစ္တဲ့ေ႐ႊရည္ၫႊန္းေဈးကေတာ့မီးလင္းေ႐ႊတစ္က်ပ္သားကို ၁၉၄၄၀၀၀ က်ပ္ျဖစ္ကာအသင္းသားေတြကိုေတာ့ျပင္ပေဒၚလာေပါက္ေဈးနဲ႔တြက္ခ်က္ေရာင္းဝယ္ခြင့္ေပးထားတာလည္းျဖစ္ပါတယ္။
ျပင္ပေ႐ႊဆိုင္ေတြမွာေတာ့ နံနက္ ၁၁ နာရီခြဲေပါက္ေဈးအရ ၁၆ ပဲရည္တစ္က်ပ္သားကိုက်ပ္ ၂၆ သိန္းအထက္နဲ႔ေဈးဖြင့္ထားၿပီးအေရာင္းအဝယ္ကိုက်ပ္ ၄၀၀၀၀ အကြာနဲ႔ အေရာင္းအဝယ္လုပ္ေပးတယ္လို႔ ရန္ကုန္ၿမိဳ႕ေ႐ႊဆိုင္ေတြဆီကသိရပါတယ္။
Credit