တစ်သောင်းတန်ထက် လူတွေ သိပ်သတိမထားမိတဲ့ ငါးထောင်တန် အတုများ ပိုမိုသုံးစွဲလာ

တစ်သောင်းတန်ထက် လူတွေ သိပ်သတိမထားမိတဲ့ ငါးထောင်တန် အတုများ ပိုမိုသုံးစွဲလာ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ကျပ် ၅၀၀၀ တန် ငွေအတုများကို သုံးစွဲလာသည့်ကို တွေ့ရှိလာရကြောင်း ရန်ကုန် မြို့နေထိုင်သူများထံမှ သိရပါတယ်။

“မနေ့က (အောက်တိုဘာ ၁၄ ရက်) မှ သတိထားမိတာပါ။ မနေ့က လမ်းထဲက အန်တီက အမေ့ဆီက ငွေခဏချေးထားပြီး မနေ့က ညနေဘက် လာပေးတာပါ။ ညပိုင်းဈေးဝယ်ဖို့ သုံးကြည့်တော့ အဲဒီဈေးဆိုင်ကပြောမှ သတိထားမိတာပါ” ဟု တောင်ဒဂုံမြို့နယ်နေ လူငယ်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“၅၀၀၀ တန်အတုက ထူထူလေးပါ အစစ်နဲ့ အတော်လေး ကွာခြားပါတယ်။ ဒီတိုင်းဆိုရင်တော့ သတိမထားမိတတ်ဘူး။ အဲဒီ ငွေသား အတု ၅၀၀၀ တန်ရဲ့ ငွေကြိုးလေးမှာ ၁၀၀၀ လို့ ရေးထားတယ်။ အစစ်ဆို ငွေကြိုးမှာ ၅၀၀၀ ပဲ ရေးထားတာပါ” ဟု အဆိုပါ အမျိုးသမီးက ပြောပြသည်။

အဆိုပါ ကျပ် ၅၀၀၀ တန် ငွေအတုကို ချေးငွေ ထုတ်ပေးသည့် အသင်း ၁ ခုမှ ရရှိသည့် ငွေများအတွင်းမှ တဆင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရပြီး ကျပ် ၅၀၀၀ တန် အတုမှာ တစ်ရွက်ထက် ပိုနိုင်ကြောင်းလည်း သူမက ရှင်းပြသည်။ ထို့အတူ မင်္ဂလာဒုံမြို့နယ်တွင်လည်း ငွေစက္ကူအတုများကို အစစ်နှင့် ကြားညှပ်၍ သုံးစွဲသည်ကို တွေ့ရှိရကြောင်းလည်း ဒေသခံများက ပြောသည်။

“ဟိုတရက်က လဲနေကြ ကေပေး ငွေလဲဆိုင်မှာ ကောင်မလေး ၁ ယောက် ၅ သောင်းလာထည့်တာ အတု ၂ ရွက်ကို ကြားညှပ်ထည့်သွားတယ်တဲ့။ ဆိုင်က သေချာမစစ်မိတော့ ခံလိုက်ရရော” ဟု မင်္ဂလာဒုံမြို့နယ်နေသူ တစ်ဦးက ပြောသည်။ “အုပ်ထဲပါလာရင် မသိနိုင်ဘူး။ တစ်ရွက်ချင်းဆို သိနိုင်တယ်” လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ကျပ် ၅၀၀၀ တန်၊ ၁၀၀၀၀ တန် အတုများကို ရောင်းချပေးနေသည်ဟု လူမှုကွန်ရက်စာမျက်နှာများမှ တဆင့် ကြေညာပြီး လိမ်လည်နေသည့် Page များလည်း များစွာ ပေါ်ပေါက်လာသည်။

“အသိဦးလေးဆို သူ့ကို လာကန်တော့တဲ့ ငွေထဲ ၅၀၀၀ တန် အတုပါနေတာ သူကမသိဘူး။ အဲဒီ ပိုက်ဆံနဲ့ 2D သွားထိုးမှ အတုမှန်းသိတာတဲ့။ အဲဒီ ၅၀၀၀ တန်အတုက မြွေရေခွံအိတ်လို အကွက်အကွက်တွေနဲ့ မှင်လိုင်းကို ဆေးနီဆိုးထားတာ” ဟု ရန်ကုန်ဒေသခံတစ်ဦး က ရှင်းပြသည်။

လက်ရှိ ကုန်ဈေးနှုန်း မြင့်တက်ခြင်းကြောင့် ကျပ်တည်းနေသည့် အခြေခံလူတန်းစားများမှာ ငွေအတု မိမည်ကို စိုးရိမ်နေကြောင်းလည်း သိရသည်။ (LNK)

Credit

Zawgyi

တစ္ေသာင္းတန္ထက္ လူေတြ သိပ္သတိမထားမိတဲ့ ငါးေထာင္တန္ အတုမ်ား ပိုမိုသုံးစြဲလာ

ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ က်ပ္ ၅၀၀၀ တန္ ေငြအတုမ်ားကို သုံးစြဲလာသည့္ကို ေတြ႕ရွိလာရေၾကာင္း ရန္ကုန္ ၿမိဳ႕ေနထိုင္သူမ်ားထံမွ သိရပါတယ္။

“မေန႔က (ေအာက္တိုဘာ ၁၄ ရက္) မွ သတိထားမိတာပါ။ မေန႔က လမ္းထဲက အန္တီက အေမ့ဆီက ေငြခဏေခ်းထားၿပီး မေန႔က ညေနဘက္ လာေပးတာပါ။ ညပိုင္းေဈးဝယ္ဖို႔ သုံးၾကည့္ေတာ့ အဲဒီေဈးဆိုင္ကေျပာမွ သတိထားမိတာပါ” ဟု ေတာင္ဒဂုံၿမိဳ႕နယ္ေန လူငယ္အမ်ိဳးသမီး တစ္ဦးက ေျပာပါတယ္။

“၅၀၀၀ တန္အတုက ထူထူေလးပါ အစစ္နဲ႔ အေတာ္ေလး ကြာျခားပါတယ္။ ဒီတိုင္းဆိုရင္ေတာ့ သတိမထားမိတတ္ဘူး။ အဲဒီ ေငြသား အတု ၅၀၀၀ တန္ရဲ႕ ေငြႀကိဳးေလးမွာ ၁၀၀၀ လို႔ ေရးထားတယ္။ အစစ္ဆို ေငြႀကိဳးမွာ ၅၀၀၀ ပဲ ေရးထားတာပါ” ဟု အဆိုပါ အမ်ိဳးသမီးက ေျပာျပသည္။

အဆိုပါ က်ပ္ ၅၀၀၀ တန္ ေငြအတုကို ေခ်းေငြ ထုတ္ေပးသည့္ အသင္း ၁ ခုမွ ရရွိသည့္ ေငြမ်ားအတြင္းမွ တဆင့္ ရရွိခဲ့ျခင္းျဖစ္သည္ဟု သိရၿပီး က်ပ္ ၅၀၀၀ တန္ အတုမွာ တစ္႐ြက္ထက္ ပိုႏိုင္ေၾကာင္းလည္း သူမက ရွင္းျပသည္။ ထို႔အတူ မဂၤလာဒုံၿမိဳ႕နယ္တြင္လည္း ေငြစကၠဴအတုမ်ားကို အစစ္ႏွင့္ ၾကားညႇပ္၍ သုံးစြဲသည္ကို ေတြ႕ရွိရေၾကာင္းလည္း ေဒသခံမ်ားက ေျပာသည္။

“ဟိုတရက္က လဲေနၾက ေကေပး ေငြလဲဆိုင္မွာ ေကာင္မေလး ၁ ေယာက္ ၅ ေသာင္းလာထည့္တာ အတု ၂ ႐ြက္ကို ၾကားညႇပ္ထည့္သြားတယ္တဲ့။ ဆိုင္က ေသခ်ာမစစ္မိေတာ့ ခံလိုက္ရေရာ” ဟု မဂၤလာဒုံၿမိဳ႕နယ္ေနသူ တစ္ဦးက ေျပာသည္။ “အုပ္ထဲပါလာရင္ မသိႏိုင္ဘူး။ တစ္႐ြက္ခ်င္းဆို သိႏိုင္တယ္” လို႔ ဆိုပါတယ္။

အာဏာသိမ္းၿပီးေနာက္ က်ပ္ ၅၀၀၀ တန္၊ ၁၀၀၀၀ တန္ အတုမ်ားကို ေရာင္းခ်ေပးေနသည္ဟု လူမႈကြန္ရက္စာမ်က္ႏွာမ်ားမွ တဆင့္ ေၾကညာၿပီး လိမ္လည္ေနသည့္ Page မ်ားလည္း မ်ားစြာ ေပၚေပါက္လာသည္။

“အသိဦးေလးဆို သူ႔ကို လာကန္ေတာ့တဲ့ ေငြထဲ ၅၀၀၀ တန္ အတုပါေနတာ သူကမသိဘူး။ အဲဒီ ပိုက္ဆံနဲ႔ 2D သြားထိုးမွ အတုမွန္းသိတာတဲ့။ အဲဒီ ၅၀၀၀ တန္အတုက ေႁမြေရခြံအိတ္လို အကြက္အကြက္ေတြနဲ႔ မွင္လိုင္းကို ေဆးနီဆိုးထားတာ” ဟု ရန္ကုန္ေဒသခံတစ္ဦး က ရွင္းျပသည္။

လက္ရွိ ကုန္ေစ်းႏႈန္း ျမင့္တက္ျခင္းေၾကာင့္ က်ပ္တည္းေနသည့္ အေျခခံလူတန္းစားမ်ားမွာ ေငြအတု မိမည္ကို စိုးရိမ္ေနေၾကာင္းလည္း သိရသည္။ (LNK)

Credit

Leave a Comment