Myanmar Asia Optical မှန်ဘီလူးစက်ရုံမှ ဝန်ထမ်း(၃၀၀)ကျော်ခေါ်ယူ

Myanmar Asia Optical မှန်ဘီလူးစက်ရုံမှ ဝန်ထမ်း(၃၀၀)ကျော်ခေါ်ယူ

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Asia Optical စက်ရုံမှ အခြေခံဝန် ထမ်းအဖြစ်အလုပ်လုပ်ကိုင်ရန်အမျိုးသမီး ၃၀၀ ဦးအားခေါ်ယူလျက်ရှိသည်။

လာရောက်လျှောက်ထားသူများသည်အသက် ၁၈ နှစ်မှ ၃၀နှစ်အတွင်းဖြစ်ရမည်ဖြစ်ကာပညာအရည်အချင် ၈ တန်းနှင့်အထက်ဖြစ်၍ ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်ပါရှိရမည်ဖြစ်သည်။

လာရောက်လျှောက်ထားသူများအနက် အဆောင်၌နေထိုင်နိုင်သူများကိုသာခေါ်ယူသွားမည်ဖြစ်ပြီး လျှောက်ထားသူအမျိုးသမီးများ၏ အရပ်သည် ၅ ပေ ၂ လက်မနှင့်အထက်ရှိရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကို ဗx စ် (၁ ၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်ပါရှိသည့်အသက် ၃၀ နှစ်မှ ၃၇ နှစ်အတွင်းရှိသန့်ရှင်းရေးဝန်ထမ်း ၂ ဦး၊တရုတ်ကျောင်း(အလယ်တန်း)နှင့်မြန်မာကျောင်း (အထက်တန်း)အဆင့်ရှိ


တရုတ်စကားပြန်အမျိုးသား၊အမျိုးသမီး ၁၀ ဦးကိုလည်းခေါ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။လျှောက်ထားသူများအနေဖြင့် လူတွေ့စစ်ဆေးမည့်နေ့တွင်အိမ်ထောင်စုဇယားမိတ္တူ၊ မှတ်ပုံတင် မူရင်း/ မိတ္တူ၊ ကို ဗxစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်၊

ပညာအရည်အချင်းထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနှင့်ရပ်ကွက်ထောက်ခံစာများ ယူဆောင်လာရမည်ဖြစ်ကြောင်းသိရသည်။လူတွေ့စစ်ဆေးခြင်းအား အောက်တိုဘာ ၁၇ ရက်နံနက် ၉ နာရီနှင့်နေ့လည် ၁ နာရီတို့၌ ၂ ကြိမ်ပြု လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Credit

Zawgyi








Leave a Comment