လတ်တလောရွှေစျေးကွက်အတွင်း ပြန်လည်ရောင်းချမှုသာရှိပြီး အဝယ်မရှိဖြစ်နေ

လတ်တလောရွှေဈေးကွက်အတွင်း ပြန်လည်ရောင်းချမှုသာရှိပြီး အဝယ်မရှိဖြစ်နေ

ဧရာဝတီတိုင်းမှာလတ်တလောရွှေဈေးကွက်အတွင်း အကြောင်းအမျိုးမျိုးတွေကြောင့်အဝယ်ထက်ရွှေထည်ရောင်းချမှုတွေများပြားနေတယ်လို့ ဧရာဝတီတိုင်းကရွှေလုပ်ငန်းရှင်များတွေဆီကနေသိရပါတယ်။

”ရွှေကတော့ဈေးတတ်နေဆဲဖြစ်ပါတယ်၊ဈေးကျလည်းခဏပဲကျဖို့ရှိပါတယ်၊လက်ရှိဝယ်လိုအားနည်းပြီး ရောင်းတာတွေများတယ်၊မပြေလည်အလုပ်အကိုင်တွေမကောင်းတော့ရောင်းတဲ့သူတွေပဲများနေတာ၊ ပွင့်လင်းရာသီရောက်လာပြီးဒီဘက်ကရောင်းအားကတက်မလားဘူး၊

အကြောင်းအမျိုးမျိုးကြောင့်ရောင်းသူတွေပဲရှိနေတာ၊ရွှေရောင်းအားကရှေ့ဆက်ပြီးလည်းဈေးကတက်လာဖို့ မရှိဘူး။လို့ ရွှေလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ဧရာဝတီတိုင်းမှာလက်ရှိ ပြင်ပရွှေ ဈေးကွက်ပေါက်ဈေးမှာတစ်ကျပ်သားကို ကျပ် ၂,၇၂၀,၀၀၀ ဖြစ်ပြီး

ရည်ညွှန်းဈေးနှုန်း ထက်ကျပ် ၇၁၀,၀၀၀ ပိုမိုနေပြီး စိုက်ဘဏ်ချေးငွေနဲ့ အခြားအခက် အခဲတွေကြောင့် ရွှေလည်းတက်နေသေးလို့ ရွှေတွေကို ရောင်းပြီး ပြန်ဆပ်နေရတယ်လို့ သိရပါတယ်။”မိုးစိုက်ပျိုးစရိတ် ဘဏ်ချေးငွေအကျန်ကလည်းသက်ဆိုင်ရာကတောင်းနေတယ်၊

စပါးတွေကလည်းမပေါ်သေးဘူး။ဒါ့ကြောင့် အိမ်မှာရှိတဲ့ ရွှေထည်ပစ္စည်း လေးကိုအပြတ်ရောင်းပြီးဆပ်လိုက်တာ၊ရွှေဈေးကလည်းတက်နေသေးတော့တော်သေးတယ်။”ဟု ဧရာဝတီတိုင်းကတောင်သူတစ်ဦးကပြောပါတယ်။ဧရာဝတီတိုင်းမှာပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကလည်း

ကို ဗ စ်ချေးငွေနဲ့ သမဝါယမဈေးငွေတွေပြန်ဆပ်ဖို့ အတွက်ဆိုပြီး တောင်သူတွေက စပါးရောင်းပြီး လုပ်ခဲ့တဲ့ရွှေတွေကို ပြန်ရောင်းထုတ်ခဲ့တာရှိတယ်လို့ ရွှေလုပ်ငန်း ရှင်တွေဆီကနေသိရပါတယ်။


Credit

Zawgyi







Credit

Leave a Comment