စိန်ဝယ်မယ်ဆို မဖြစ်မနေသိထားရမည့်အချက်များ

စိန်ဝယ်မယ်ဆို မဖြစ်မနေသိထားရမည့်အချက်များ

စိန် နဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေကြိုက်နှစ်သက်လို့ ဝယ်သည့်အခါ စိတ်အရည်အသွေးဘယ်လောက်ရှိသလဲ၊ဘယ်အရည်အသွေးဆို ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာသိရှိထားသင့်ပါတယ်။

မိမိက စိန်အကြောင်းနားမလည်တဲ့အခါ အရည်သွေးနိမ့်စိန်များကို မတန်တဆဈေးကြီးများနဲ့ ပေးလိုက်ရတဲ့ အဖြစ်မျိုးမကြုံရလေအောင် စိန်နဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တာလေးများကို ဖော်ပြပေးလိုက်ပါတယ်။စိန်ဆိုတာနဲ့စိန်အရည်အသွေးသတ်မှတ်ဈေးဖြတ်ဖို့ စံနှုန်းဖြစ်တဲ့ 4C ဆိုတာကြားဖူးကြမှာပါ

(1) C – Carat ကာရက် ကလပ်

(2)C – Color အရောင်

(3)C – Clarity သန့်စင်မှု

(4)C – Cutting သွေးကွက် ဆိုပြီးဖြစ်ပါတယ်။

၁။ Carat ဆိုတာ စိန်ဆိုဒ် သတ်မှတ်တဲ့ယူနစ်ပါ။ဥပမာ (1 carat = 0.2g ရှိပါတယ် /1g = 5carat)

မြန်မာမှာကစိန်ဆို ရတီနဲ့ပိုရင်းနှီးကြတယ်။ရတီ carat ပြောင်းနည်းကတော့ (1ရတီ = 0.9ct /1 carat = 1.11 ရတီ )ဖြစ်ပါတယ်။ရတီ ကိုကာရက် ဖွဲ့ချင်ရင် 0.9 နဲ့ မြှောက်၊ကာရက်ကို ရတီဖွဲ့ချင်ရင် 1.11 နဲ့ မြှောက်ပါ။

၂။ Color

D for Diamonds ဆိုတဲ့အတိုင်း စိန် Color Grade က D ကနေစပြီး အက္ခရာအတိုင်း D to Z အထိ သတ်မှတ်ခွဲခြားပါတယ်။စိန်မှာ color grade အမြင့်ဆုံးအဖွေးဆုံးကို D color ,D to G Colorless ,H to L Nearly colorless ,M to Z Slightly Tinted Faint Yellow သတ်မှတ်ပြီး အက္ခရာစဉ်နောက်ရောက်လေ Color Grade ကျသွားလေပါ။

စိန်မှာအဖြူရောင်အပြင်အခြားအပြာ၊အဝါ ၊ပန်းရောင်၊အစိမ်း၊အညို ၊အနက်၊အစရှိသဖြင့် ကာလာအစုံလည်းထွက်ပါတယ်။Fancy Color ခေါ်ပါတယ်။မြန်မာဈေးကွက်မှ အပွင့်စိန် ဆို H to L color ကို အများဆုံးသုံးပါတယ်

၃။Clarity သန့်စင်မှု

စိန်မှာ အနာအမှုန်အပြစ်ပါဝင်မှု Grade ခွဲပုံပါတယ်။

(1)FL – Flawless

(2)IF – Internally Flawless

(3)VVS – very very slightly included

(4)VS – very slightly included

(5)SI – slightly included

(6)I – Imperfect ဆိုပြီး(၆)ခု ခွဲခြားထားပါသည်။

-FL ဆိုတာအပြစ်အနာလုံးဝမရှိ စင်းလုံးချောကတော့ ဈေးကွက်မှာ အရမ်းတွေ့ရခဲပါတယ်။

-IF ဆိုတာအတွင်းအပြစ်အနာမရှိ

-VVS1 2 ကတော့Microscope နဲ့ ကြည့်မှ မှုန်မှုန်လေးပဲ မြင်ရတယ် ၊ရိုးရိုး အိတ်ဆောင် 10x မှန်ဘီလူးနဲ့ ကြည့်ရင်မမြင်ရဘူး

-VS1 VS2 ကတော့ 10x မှန်ဘီလူးကြည့်ရင်အပြစ်အနာမှုန်မှုန်ပါးပါးလေးတွေ့ရပါတယ်။

-SI1 ကတော့10x မှန်ဘီလူးနဲ့တွေ့နိုင်ပါတယ်

-SI2 SI3 ကတော့ဆိုဒ်အသေးအကြွေတွေဆို မှန်ဘီလူးနဲ့ ကြည့်ရင်တွေ့ပါတယ်။1.5ct အထက် ဆိုဒ်ဆို အချို့ သာမန်မျက်စိနဲ့ မြင်ရတတ်ပါတယ်များသောအားဖြင့်မမြင်ရပါ။

-I1 ဆိုတာ ဆိုဒ်ကြီးဆို သာမန်မျက်စိနဲ့ မြင်ရပါတယ်။ဆိုဒ်သေးဆိုသေချာမတွေ့ရပါ။

-I2 I3 ကတော့ သာမန်မျက်စိဖြင့် လွယ်ကူစွာတွေ့နိုင်ပါတယ်

၄။ Cutting မှာဆိုရင်-

Brilliant Cut စိန်ချွန်းအဝိုင်း ၊Marquise စပါးစေ့ပုံ၊ Pear မိုးရေစက် ၊Heart အသဲပုံ ၊Cushion လေးထောင့်အနားဝိုင်း၊Princess လေးထောင့်ကွက်၊Oval ဘဲဥ အစရှိသဖြင့် စိန်သွေးပုံ အမျိုးစုံရှိပါတယ်။ပယ်၊မျက်နှာပြင်၊ချွန်း၊သွေးကွက်၊ထောင့်ချိုး တွေအားလုံးအချိုးညီပြေပြစ်မှပွင့်အားလက်အားကောင်းပါတယ်။

ယေဘူယျအားဖြင့် ချွန်းပါးလွန်းနေတယ် ချွန်းထူလွန်းနေတယ်ဆို ပွင့်အားလက်အား လျော့သွားပါတယ်။

Cutting Grade

Polish

Symmetry

Poor ,Fair .Good ,Very Good ,Excellent ဆိုပြီး Grade ခွဲပါတယ်

စိန်ဈေးတွက်နည်း

စိန်မှာကမ္ဘာ့ပေါက်ဈေးအသေးစိတ်ဖော်ပြထားတဲ့ Rapaport နဲ့ ကြည့်ပြီးတွက်ရပါတယ်။

Rapaport မှာ Carat Color Clarity အလိုက် ဈေးတန်းသတ်မှတ်ထားပါတယ်။ ဥပမာ
1.20 carat J color VVS1 အတွက် ပေါက်ဈေးတွက်မယ်ဆိုပါစို့ (Rapaport မှာတွေ့ရမှာ 60 ပါ၊ 60 ကို 100 နဲ့ မြှောက် 6000 ၊ Carat နဲ့ မြှောက် 1.20ct x 6000 = $7200 Rapaport List Price ရပါတယ်။

List Price ရဲ့ % ဘယ်လောက်ရမလဲ။ဥပမာ Minus 15% ရတယ် ဆိုပါစို့ – $7200 x 85% = $6120 အဲဒါ ဒီစိန်တစ်ပွင့်အတွက်ကျသင့်မယ့်နှုန်းထားပါ။Plus 5% ရတယ်ဆိုပါစို့ $7200 x 105% = $7560 Rapaport ပေါက်ဈေးရဲ့ % ဘယ်လောက်ပေးတယ်ဆိုတာပေါ်မူတည်ပြီး ဈေးအနည်းအများကွဲသွားတာပါ။

4C နဲ့ ပတ်သက်ပြီး သိထားသင့်သည်များ

စိန်ပေါက်ဈေးဟာ Carat Size အလိုက် ဈေးတန်းခွဲတဲ့အတွက် Carat Size နဲ့ ပတ်သက်ရင် သိထားသင့်လေးတွေပြောပြပါမယ်0.9 to 0.99 က ဈေးတန်းတခု 1.00 to 1.49 က ဈေးတန်းတစ်ခုဖြစ်သွားတယ်

အဲဒီမှာစိန်သွေးတဲ့သူတွေကဘယ်လိုလုပ်ကြသလဲဆို 0.9 ct မသွေးတော့ဘဲ 1ct ဆိုဒ် ဝင်အောင်ပဲသွေးကြတယ်ဈေးတန်းပိုမြင့်သွားအောင်လို့ပါ။0.9ct က မြန်မာနည်းနဲ့တွက်ရင်တရတီကိုက်ဖြစ်နေတဲ့အတွက်မြန်မာတွေကကြိုက်ကြတယ်။

ပြဿနာက 0.9ct size ကရှားတယ် အဲဒီအတွက် % ရတာ နည်းပါတယ် 1ct ဆိုဒ်ဆို % ပိုရပါတယ် ဥပမာ 0.9ct ကို -10% ပဲရမယ်ဆို 1ct မှာ -15% -18% တွေရနိုင်တယ်။ 0.9ct 1.4ct 1.8 1.9 ct 2.8ct 2.9ct အစရှိတဲ့ဆိုဒ်တွေကို Premium Size ခေါ်ပါတယ်။

ဆိုဒ်အနေနဲ့က ၁ကလပ် နီးနီး ၂ကလပ်နီးနီး ၃ကလပ်နီးနီး ဖြစ်ပြီး ဈေးတန်းတစ်တန်းနိမ့်နေလို့ပါ Premium size ဖြစ်သွားပြီဆို % off နည်းတတ်ပါတယ်။မြန်မာတွေကလည်းPremium Size တွေကို ပိုကြိုက်တတ်ကြပါတယ်။ဘာကြောင့်လဲဆို carat ကို ရတီနဲ့ ပြောင်းတွက်ကြည့်မယ်။

0.9ct ကို ၁ရတီ ၊1.8ct က ၂ရတီ၊ 2.7ct က ၃ရတီ ဖြစ်နေတဲ့အခါဈေးတန်းက၁ကလပ်ကျော်ဈေးတန်းနဲ့တွက်ရတယ်။ကိုယ့်ဝတ်တော့ ၂ရတီကိုက်အပြည့် ဖြစ်နေတယ်။ဝတ်ရတာတန်တယ် ၂ကလပ်ကျော်က ၃ရတီ ဖြစ်နေတယ်။ဆိုဒ်အားဖြင့်တတန်းတက်သွားတာကို သဘောကျကြတယ်မြန်မာမှာ Premium Size တွေကို Demand ပိုများတတ်တယ်။

Clairity နဲ့ ပတ်သက်ပြီး သိထားသင့်သည်များ

မြန်မာဈေးကွက်မှာ တပွင့်စိန်ဆို IF VVS1 VVS2 ကိုပဲ အများဆုံး ဝယ်ကြပါတယ် မြန်မာတွေက စိန်နဲ့ပတ်သက်လာရင် အသန့်ကိုမှပဲ ရချင်ကြတယ်။ Wedding Ring Anniversary Gift အစရှိတဲ့တသက်လုံး မှတ်မှတ်ရရရှိစေမယ့်ပစ္စည်းမျိုးမဟုတ်ဘဲအလှဝတ်ဖို့ဆိုClarity Grade VS1 VS2 လောက် ရွေးချယ်ပြီး

Color Grade မြင့်တာလေးရွေးချယ်ဖို့ ပိုအားပေးချင်ပါတယ်။ဘာကြောင့်လဲဆို inclusion ပါတာက မှန်ဘီလူးနဲ့ ကြည့်မှမြင်ရတယ်။ဒီတိုင်းဝတ်ထားတာကြည့်ပြီး IF လား VS1 လားဘယ်သူမှမခွဲနိုင်ဘူး Color Grade မြင့်တာကမျက်စိအမြင်မှာအလှပိုစေတယ်။

မျက်စိနဲ့မမြင်နိုင် ပွဲလယ်မှာလူမသိနိုင်တဲ့ Clarity အတွက် ဈေးပိုပေးမယ့်အစား သာမန်မျက်စိကြည့်ပြီးသိနိုင်တဲ့ Color Grade အမြင့် ဒါမှမဟုတ် Carat ဆိုဒ်ကြီး ကို ရွေးချယ်တာက ပိုမတန်ဘူးလား? ဥပမာ Rapaportမှာ ကြည့်ကြည့်ပါ −

1 carat G color IF $10700

1 carat E color VVS2 $10700

1 carat D color VS2 $10700

G color E color D color ဆိုဒ်လည်းအတူတူ ဈေးလည်းအတူတူပဲ မျက်စိနဲ့မြင်ရုံနဲ့မသိနိုင်တဲ့ Clarity ကိုသင့်တင့်တာယူလိုက်မယ်ဆိုဒီပိုက်ဆံ Amount ပဲ သုံးပြီး Color Grade ၁ခု ၂ခုပိုမြင့်တာတွေရနိုင်တယ်။Carat Clarity Color တွေက Rapaport မှာဈေးတန်းခွဲထားတဲ့အတွက်ပေါက်ဈေးသိချင်ရင် Rapaport ကြည့်ရုံနဲ့သိနိုင်ပါတယ်။

Rapaport မှာမပါတဲ့အချက်တွေ ပြောပြပါမယ်။Cutting

Cutting Polish Symmetry Grade တွေပါ။Sample ပြထားတဲ့ GIA certificate မှာ ကြည့်ကြည့်ပါ။Excellent ၃ခု 3EX တွေ့ရတယ်ဆိုသွေးကွက်ကောင်းတယ်။

Cutting Grade ကဘယ်နေရာမှာ စကားပြောမလဲဆို Rapaport Price % off မှာ ကွာသွားပါမယ်။ Cutting Grade ညံ့ရင် % အများကြီးလျော့နေမယ်။အဲဒါကြောင့် Carat Clarity Color Grade ချင်းတူနေပါလျက်နဲ့ဘာကြောင့်ဈေးကွာနေရသလဲ %off အနည်းအများကွာနေလို့ပါ။Cutting Grade အပြင်စိန်ရဲ့အတိုင်းအတာ

ချွန်းပယ် အချိုးအစား ဒီဂရီ အသေးစိတ်တွေကို Certificate မှာဆိုဖော်ပြထားပါတယ်။မြန်မာဈေးကွက်မှာမျက်မြင်ကြည့်ရင်ပယ်ကြီးချွန်းပါးတွေကိုကြိုက်တတ်ကြတယ်။ကလပ်ချိန်နည်းပြီးအဟန့်ပိုကြီးစေတယ်လို့ မှတ်တတ်ကြတယ်။မှန်တော့မှန်တယ်အားနည်းချက်ကပွင့်အားလက်အားလျော့သွားတတ်တယ်

Table Length ကို ကြည့်ပါ မြန်မာဈေးကွက်မှာတော့ အများဆုံး 56% လောက်ကနေ 62% လောက်အတွင်း အသုံးများပါတယ် နိုင်ငံခြားဈေးကွက်တွေမှာ 54% to 57% ကို လူပိုကြိုက်ပါတယ်။

နောက်တစ်ခု Florescence ပါ

None

Faint

Medium Blue

Strong Blue

Very Strong Blue

Ultraviolet Light နဲ့ ကြည့်ရင် တွေ့ရပါတယ်။ D to G color ဆို FL က အရောင်မသိမသာ ဖုန်စေတတ်တယ် ။H to L color တွေကျရင် အရောင်ပိုတက်သွားတယ် FL ပါရင် % ပိုတောင်တက်သွားတတ်ပါသေးတယ်

Certificate

စိန်ဝယ်မယ်ဆို အရေးကြီးတာ Certificate ပါ။ကမ္ဘာမှာ ဈေးကွက်အတွင်ကျယ်ဆုံး Certificate ၂မျိုး ရှိပါတယ်။ GIA ရယ် HRD ရယ်ပါ။GIA ကတော့ ကမ္ဘာမှာ အသိအမှတ်ပြုမှု အရှိဆုံး Certificate ပါ။GIA နဲ့ HRD ဆို Color Grade ချင်း ဆိုဒ်ချင်းတူရင်တောင် GIA ကဈေးပိုမြင့်ပါတယ်။

အသိအမှတ်ပြု မှုဈေးကွက်ဝင်မှုချင်းကွာလို့ပါ။နောက်တစ်ချက်က GIA ရဲ့ သတ်မှတ်ချက်တွေက ပိုပြီး တင်းကြပ်လို့ပါ။သိသာထင်ရှားတာဆို Color Grade ပါ။ HRD က GIA ထက် Color Grade ကျတတ်ပါတယ်။စိန်ပွင့်ချင်းအတူတူပဲ GIA မှာ J color သတ်မှတ်ရင် HRD မှာ I color H color ပေးတတ်ပါတယ်။

Color Grade ပိုရတဲ့အတွက် ဈေးတန်းမြင့်သွားမယ် ဒီအတွက် % off ကို အများကြီးပိုပေးတတ်ပါတယ်။သာမန်အားဖြင့်ဆို HRD ကဈေးသက်သာတယ်လို့ ယူဆဖွယ်ရာဖြစ်နေပါတယ်။အမှန်က သတ်မှတ်ချက်ကအနည်းငယ်ကွာနေတာကြောင့်ပါ။Certificate ဆိုတိုင်း မျက်စိစုံမမှိတ်လိုက်ပါနဲ့ ။

ဖြစ်သင့်တဲ့ဈေးထက်အရမ်းသက်သာနေပြီဆိုသေချာ ရွေးချယ်စိစစ်ပြီးမှပဲဝယ်ယူသင့်ပါတယ်။မိမိအတွက် အသင့်တော်ဆုံး ဖြစ်မယ့် စိန် တွေ ရွေးချယ်ဖို့ အထောက်အကူ ဖြစ်နိုင်ပါစေ။အလှပဆုံး ရတနာတွေပိုင်ဆိုင်နိုင်ကြပါစေ

Credit ;Yasodhara Gems

Zawgyi

စိန္ဝယ္မယ္ဆို မျဖစ္မေနသိထားရမည့္အခ်က္မ်ား

စိန္ နဲ႔ ျပဳလုပ္ထားတဲ့ လက္ဝတ္ရတနာေတြႀကိဳက္ႏွစ္သက္လို႔ ဝယ္သည့္အခါ စိတ္အရည္အေသြးဘယ္ေလာက္ရွိသလဲ၊ဘယ္အရည္အေသြးဆို ဘယ္ေလာက္တန္ဖိုးရွိတယ္ဆိုတာသိရွိထားသင့္ပါတယ္။

မိမိက စိန္အေၾကာင္းနားမလည္တဲ့အခါ အရည္ေသြးနိမ့္စိန္မ်ားကို မတန္တဆေစ်းႀကီးမ်ားနဲ႔ ေပးလိုက္ရတဲ့ အျဖစ္မ်ိဳးမႀကဳံရေလေအာင္ စိန္နဲ႔ပတ္သတ္ၿပီး သိသင့္သိထိုက္တာေလးမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။စိန္ဆိုတာနဲ႔စိန္အရည္အေသြးသတ္မွတ္ေစ်းျဖတ္ဖို႔ စံႏႈန္းျဖစ္တဲ့ 4C ဆိုတာၾကားဖူးၾကမွာပါ

(1) C – Carat ကာရက္ ကလပ္

(2)C – Color အေရာင္

(3)C – Clarity သန္႔စင္မႈ

(4)C – Cutting ေသြးကြက္ ဆိုၿပီးျဖစ္ပါတယ္။

၁။ Carat ဆိုတာ စိန္ဆိုဒ္ သတ္မွတ္တဲ့ယူနစ္ပါ။ဥပမာ (1 carat = 0.2g ရွိပါတယ္ /1g = 5carat)

ျမန္မာမွာကစိန္ဆို ရတီနဲ႔ပိုရင္းႏွီးၾကတယ္။ရတီ carat ေျပာင္းနည္းကေတာ့ (1ရတီ = 0.9ct /1 carat = 1.11 ရတီ )ျဖစ္ပါတယ္။ရတီ ကိုကာရက္ ဖြဲ႕ခ်င္ရင္ 0.9 နဲ႔ ေျမႇာက္၊ကာရက္ကို ရတီဖြဲ႕ခ်င္ရင္ 1.11 နဲ႔ ေျမႇာက္ပါ။

၂။ Color

D for Diamonds ဆိုတဲ့အတိုင္း စိန္ Color Grade က D ကေနစၿပီး အကၡရာအတိုင္း D to Z အထိ သတ္မွတ္ခြဲျခားပါတယ္။စိန္မွာ color grade အျမင့္ဆုံးအေဖြးဆုံးကို D color ,D to G Colorless ,H to L Nearly colorless ,M to Z Slightly Tinted Faint Yellow သတ္မွတ္ၿပီး အကၡရာစဥ္ေနာက္ေရာက္ေလ Color Grade က်သြားေလပါ။

စိန္မွာအျဖဴေရာင္အျပင္အျခားအျပာ၊အဝါ ၊ပန္းေရာင္၊အစိမ္း၊အညိဳ ၊အနက္၊အစရွိသျဖင့္ ကာလာအစုံလည္းထြက္ပါတယ္။Fancy Color ေခၚပါတယ္။ျမန္မာေစ်းကြက္မွ အပြင့္စိန္ ဆို H to L color ကို အမ်ားဆုံးသုံးပါတယ္

၃။Clarity သန္႔စင္မႈ

စိန္မွာ အနာအမႈန္အျပစ္ပါဝင္မႈ Grade ခြဲပုံပါတယ္။

(1)FL – Flawless

(2)IF – Internally Flawless

(3)VVS – very very slightly included

(4)VS – very slightly included

(5)SI – slightly included

(6)I – Imperfect ဆိုၿပီး(၆)ခု ခြဲျခားထားပါသည္။

-FL ဆိုတာအျပစ္အနာလုံးဝမရွိ စင္းလုံးေခ်ာကေတာ့ ေစ်းကြက္မွာ အရမ္းေတြ႕ရခဲပါတယ္။

-IF ဆိုတာအတြင္းအျပစ္အနာမရွိ

-VVS1 2 ကေတာ့Microscope နဲ႔ ၾကည့္မွ မႈန္မႈန္ေလးပဲ ျမင္ရတယ္ ၊႐ိုး႐ိုး အိတ္ေဆာင္ 10x မွန္ဘီလူးနဲ႔ ၾကည့္ရင္မျမင္ရဘူး

-VS1 VS2 ကေတာ့ 10x မွန္ဘီလူးၾကည့္ရင္အျပစ္အနာမႈန္မႈန္ပါးပါးေလးေတြ႕ရပါတယ္။

-SI1 ကေတာ့10x မွန္ဘီလူးနဲ႔ေတြ႕ႏိုင္ပါတယ္

-SI2 SI3 ကေတာ့ဆိုဒ္အေသးအေႂကြေတြဆို မွန္ဘီလူးနဲ႔ ၾကည့္ရင္ေတြ႕ပါတယ္။1.5ct အထက္ ဆိုဒ္ဆို အခ်ိဳ႕ သာမန္မ်က္စိနဲ႔ ျမင္ရတတ္ပါတယ္မ်ားေသာအားျဖင့္မျမင္ရပါ။

-I1 ဆိုတာ ဆိုဒ္ႀကီးဆို သာမန္မ်က္စိနဲ႔ ျမင္ရပါတယ္။ဆိုဒ္ေသးဆိုေသခ်ာမေတြ႕ရပါ။

-I2 I3 ကေတာ့ သာမန္မ်က္စိျဖင့္ လြယ္ကူစြာေတြ႕ႏိုင္ပါတယ္

၄။ Cutting မွာဆိုရင္-

Brilliant Cut စိန္ခြၽန္းအဝိုင္း ၊Marquise စပါးေစ့ပုံ၊ Pear မိုးေရစက္ ၊Heart အသဲပုံ ၊Cushion ေလးေထာင့္အနားဝိုင္း၊Princess ေလးေထာင့္ကြက္၊Oval ဘဲဥ အစရွိသျဖင့္ စိန္ေသြးပုံ အမ်ိဳးစုံရွိပါတယ္။ပယ္၊မ်က္ႏွာျပင္၊ခြၽန္း၊ေသြးကြက္၊ေထာင့္ခ်ိဳး ေတြအားလုံးအခ်ိဳးညီေျပျပစ္မွပြင့္အားလက္အားေကာင္းပါတယ္။

ေယဘူယ်အားျဖင့္ ခြၽန္းပါးလြန္းေနတယ္ ခြၽန္းထူလြန္းေနတယ္ဆို ပြင့္အားလက္အား ေလ်ာ့သြားပါတယ္။

Cutting Grade

Polish

Symmetry

Poor ,Fair .Good ,Very Good ,Excellent ဆိုၿပီး Grade ခြဲပါတယ္

စိန္ေစ်းတြက္နည္း

စိန္မွာကမာၻ႔ေပါက္ေစ်းအေသးစိတ္ေဖာ္ျပထားတဲ့ Rapaport နဲ႔ ၾကည့္ၿပီးတြက္ရပါတယ္။

Rapaport မွာ Carat Color Clarity အလိုက္ ေစ်းတန္းသတ္မွတ္ထားပါတယ္။ ဥပမာ
1.20 carat J color VVS1 အတြက္ ေပါက္ေစ်းတြက္မယ္ဆိုပါစို႔ (Rapaport မွာေတြ႕ရမွာ 60 ပါ၊ 60 ကို 100 နဲ႔ ေျမႇာက္ 6000 ၊ Carat နဲ႔ ေျမႇာက္ 1.20ct x 6000 = $7200 Rapaport List Price ရပါတယ္။

List Price ရဲ႕ % ဘယ္ေလာက္ရမလဲ။ဥပမာ Minus 15% ရတယ္ ဆိုပါစို႔ – $7200 x 85% = $6120 အဲဒါ ဒီစိန္တစ္ပြင့္အတြက္က်သင့္မယ့္ႏႈန္းထားပါ။Plus 5% ရတယ္ဆိုပါစို႔ $7200 x 105% = $7560 Rapaport ေပါက္ေစ်းရဲ႕ % ဘယ္ေလာက္ေပးတယ္ဆိုတာေပၚမူတည္ၿပီး ေစ်းအနည္းအမ်ားကြဲသြားတာပါ။

4C နဲ႔ ပတ္သက္ၿပီး သိထားသင့္သည္မ်ား

စိန္ေပါက္ေစ်းဟာ Carat Size အလိုက္ ေစ်းတန္းခြဲတဲ့အတြက္ Carat Size နဲ႔ ပတ္သက္ရင္ သိထားသင့္ေလးေတြေျပာျပပါမယ္0.9 to 0.99 က ေစ်းတန္းတခု 1.00 to 1.49 က ေစ်းတန္းတစ္ခုျဖစ္သြားတယ္

အဲဒီမွာစိန္ေသြးတဲ့သူေတြကဘယ္လိုလုပ္ၾကသလဲဆို 0.9 ct မေသြးေတာ့ဘဲ 1ct ဆိုဒ္ ဝင္ေအာင္ပဲေသြးၾကတယ္ေစ်းတန္းပိုျမင့္သြားေအာင္လို႔ပါ။0.9ct က ျမန္မာနည္းနဲ႔တြက္ရင္တရတီကိုက္ျဖစ္ေနတဲ့အတြက္ျမန္မာေတြကႀကိဳက္ၾကတယ္။

ျပႆနာက 0.9ct size ကရွားတယ္ အဲဒီအတြက္ % ရတာ နည္းပါတယ္ 1ct ဆိုဒ္ဆို % ပိုရပါတယ္ ဥပမာ 0.9ct ကို -10% ပဲရမယ္ဆို 1ct မွာ -15% -18% ေတြရႏိုင္တယ္။ 0.9ct 1.4ct 1.8 1.9 ct 2.8ct 2.9ct အစရွိတဲ့ဆိုဒ္ေတြကို Premium Size ေခၚပါတယ္။

ဆိုဒ္အေနနဲ႔က ၁ကလပ္ နီးနီး ၂ကလပ္နီးနီး ၃ကလပ္နီးနီး ျဖစ္ၿပီး ေစ်းတန္းတစ္တန္းနိမ့္ေနလို႔ပါ Premium size ျဖစ္သြားၿပီဆို % off နည္းတတ္ပါတယ္။ျမန္မာေတြကလည္းPremium Size ေတြကို ပိုႀကိဳက္တတ္ၾကပါတယ္။ဘာေၾကာင့္လဲဆို carat ကို ရတီနဲ႔ ေျပာင္းတြက္ၾကည့္မယ္။

0.9ct ကို ၁ရတီ ၊1.8ct က ၂ရတီ၊ 2.7ct က ၃ရတီ ျဖစ္ေနတဲ့အခါေစ်းတန္းက၁ကလပ္ေက်ာ္ေစ်းတန္းနဲ႔တြက္ရတယ္။ကိုယ့္ဝတ္ေတာ့ ၂ရတီကိုက္အျပည့္ ျဖစ္ေနတယ္။ဝတ္ရတာတန္တယ္ ၂ကလပ္ေက်ာ္က ၃ရတီ ျဖစ္ေနတယ္။ဆိုဒ္အားျဖင့္တတန္းတက္သြားတာကို သေဘာက်ၾကတယ္ျမန္မာမွာ Premium Size ေတြကို Demand ပိုမ်ားတတ္တယ္။

Clairity နဲ႔ ပတ္သက္ၿပီး သိထားသင့္သည္မ်ား

ျမန္မာေစ်းကြက္မွာ တပြင့္စိန္ဆို IF VVS1 VVS2 ကိုပဲ အမ်ားဆုံး ဝယ္ၾကပါတယ္ ျမန္မာေတြက စိန္နဲ႔ပတ္သက္လာရင္ အသန္႔ကိုမွပဲ ရခ်င္ၾကတယ္။ Wedding Ring Anniversary Gift အစရွိတဲ့တသက္လုံး မွတ္မွတ္ရရရွိေစမယ့္ပစၥည္းမ်ိဳးမဟုတ္ဘဲအလွဝတ္ဖို႔ဆိုClarity Grade VS1 VS2 ေလာက္ ေ႐ြးခ်ယ္ၿပီး

Color Grade ျမင့္တာေလးေ႐ြးခ်ယ္ဖို႔ ပိုအားေပးခ်င္ပါတယ္။ဘာေၾကာင့္လဲဆို inclusion ပါတာက မွန္ဘီလူးနဲ႔ ၾကည့္မွျမင္ရတယ္။ဒီတိုင္းဝတ္ထားတာၾကည့္ၿပီး IF လား VS1 လားဘယ္သူမွမခြဲႏိုင္ဘူး Color Grade ျမင့္တာကမ်က္စိအျမင္မွာအလွပိုေစတယ္။

မ်က္စိနဲ႔မျမင္ႏိုင္ ပြဲလယ္မွာလူမသိႏိုင္တဲ့ Clarity အတြက္ ေစ်းပိုေပးမယ့္အစား သာမန္မ်က္စိၾကည့္ၿပီးသိႏိုင္တဲ့ Color Grade အျမင့္ ဒါမွမဟုတ္ Carat ဆိုဒ္ႀကီး ကို ေ႐ြးခ်ယ္တာက ပိုမတန္ဘူးလား? ဥပမာ Rapaportမွာ ၾကည့္ၾကည့္ပါ −

1 carat G color IF $10700

1 carat E color VVS2 $10700

1 carat D color VS2 $10700

G color E color D color ဆိုဒ္လည္းအတူတူ ေစ်းလည္းအတူတူပဲ မ်က္စိနဲ႔ျမင္႐ုံနဲ႔မသိႏိုင္တဲ့ Clarity ကိုသင့္တင့္တာယူလိုက္မယ္ဆိုဒီပိုက္ဆံ Amount ပဲ သုံးၿပီး Color Grade ၁ခု ၂ခုပိုျမင့္တာေတြရႏိုင္တယ္။Carat Clarity Color ေတြက Rapaport မွာေစ်းတန္းခြဲထားတဲ့အတြက္ေပါက္ေစ်းသိခ်င္ရင္ Rapaport ၾကည့္႐ုံနဲ႔သိႏိုင္ပါတယ္။

Rapaport မွာမပါတဲ့အခ်က္ေတြ ေျပာျပပါမယ္။Cutting

Cutting Polish Symmetry Grade ေတြပါ။Sample ျပထားတဲ့ GIA certificate မွာ ၾကည့္ၾကည့္ပါ။Excellent ၃ခု 3EX ေတြ႕ရတယ္ဆိုေသြးကြက္ေကာင္းတယ္။

Cutting Grade ကဘယ္ေနရာမွာ စကားေျပာမလဲဆို Rapaport Price % off မွာ ကြာသြားပါမယ္။ Cutting Grade ညံ့ရင္ % အမ်ားႀကီးေလ်ာ့ေနမယ္။အဲဒါေၾကာင့္ Carat Clarity Color Grade ခ်င္းတူေနပါလ်က္နဲ႔ဘာေၾကာင့္ေစ်းကြာေနရသလဲ %off အနည္းအမ်ားကြာေနလို႔ပါ။Cutting Grade အျပင္စိန္ရဲ႕အတိုင္းအတာ

ခြၽန္းပယ္ အခ်ိဳးအစား ဒီဂရီ အေသးစိတ္ေတြကို Certificate မွာဆိုေဖာ္ျပထားပါတယ္။ျမန္မာေစ်းကြက္မွာမ်က္ျမင္ၾကည့္ရင္ပယ္ႀကီးခြၽန္းပါးေတြကိုႀကိဳက္တတ္ၾကတယ္။ကလပ္ခ်ိန္နည္းၿပီးအဟန္႔ပိုႀကီးေစတယ္လို႔ မွတ္တတ္ၾကတယ္။မွန္ေတာ့မွန္တယ္အားနည္းခ်က္ကပြင့္အားလက္အားေလ်ာ့သြားတတ္တယ္

Table Length ကို ၾကည့္ပါ ျမန္မာေစ်းကြက္မွာေတာ့ အမ်ားဆုံး 56% ေလာက္ကေန 62% ေလာက္အတြင္း အသုံးမ်ားပါတယ္ ႏိုင္ငံျခားေစ်းကြက္ေတြမွာ 54% to 57% ကို လူပိုႀကိဳက္ပါတယ္။

ေနာက္တစ္ခု Florescence ပါ

None

Faint

Medium Blue

Strong Blue

Very Strong Blue

Ultraviolet Light နဲ႔ ၾကည့္ရင္ ေတြ႕ရပါတယ္။ D to G color ဆို FL က အေရာင္မသိမသာ ဖုန္ေစတတ္တယ္ ။H to L color ေတြက်ရင္ အေရာင္ပိုတက္သြားတယ္ FL ပါရင္ % ပိုေတာင္တက္သြားတတ္ပါေသးတယ္

Certificate

စိန္ဝယ္မယ္ဆို အေရးႀကီးတာ Certificate ပါ။ကမာၻမွာ ေစ်းကြက္အတြင္က်ယ္ဆုံး Certificate ၂မ်ိဳး ရွိပါတယ္။ GIA ရယ္ HRD ရယ္ပါ။GIA ကေတာ့ ကမာၻမွာ အသိအမွတ္ျပဳမႈ အရွိဆုံး Certificate ပါ။GIA နဲ႔ HRD ဆို Color Grade ခ်င္း ဆိုဒ္ခ်င္းတူရင္ေတာင္ GIA ကေစ်းပိုျမင့္ပါတယ္။

အသိအမွတ္ျပဳ မႈေစ်းကြက္ဝင္မႈခ်င္းကြာလို႔ပါ။ေနာက္တစ္ခ်က္က GIA ရဲ႕ သတ္မွတ္ခ်က္ေတြက ပိုၿပီး တင္းၾကပ္လို႔ပါ။သိသာထင္ရွားတာဆို Color Grade ပါ။ HRD က GIA ထက္ Color Grade က်တတ္ပါတယ္။စိန္ပြင့္ခ်င္းအတူတူပဲ GIA မွာ J color သတ္မွတ္ရင္ HRD မွာ I color H color ေပးတတ္ပါတယ္။

Color Grade ပိုရတဲ့အတြက္ ေစ်းတန္းျမင့္သြားမယ္ ဒီအတြက္ % off ကို အမ်ားႀကီးပိုေပးတတ္ပါတယ္။သာမန္အားျဖင့္ဆို HRD ကေစ်းသက္သာတယ္လို႔ ယူဆဖြယ္ရာျဖစ္ေနပါတယ္။အမွန္က သတ္မွတ္ခ်က္ကအနည္းငယ္ကြာေနတာေၾကာင့္ပါ။Certificate ဆိုတိုင္း မ်က္စိစုံမမွိတ္လိုက္ပါနဲ႔ ။

ျဖစ္သင့္တဲ့ေစ်းထက္အရမ္းသက္သာေနၿပီဆိုေသခ်ာ ေ႐ြးခ်ယ္စိစစ္ၿပီးမွပဲဝယ္ယူသင့္ပါတယ္။မိမိအတြက္ အသင့္ေတာ္ဆုံး ျဖစ္မယ့္ စိန္ ေတြ ေ႐ြးခ်ယ္ဖို႔ အေထာက္အကူ ျဖစ္ႏိုင္ပါေစ။အလွပဆုံး ရတနာေတြပိုင္ဆိုင္ႏိုင္ၾကပါေစ

Credit ;Yasodhara Gems

Leave a Comment