အာဆီယံဒေသအတွင်း အနိမ့်ဆုံးအဆင့်နေရာက ရပ်တည်နေတဲ့ မြန်မာနိုင်ငံကူးလက်မှတ်

အာဆီယံဒေသအတွင်း အနိမ့်ဆုံးအဆင့်နေရာက ရပ်တည်နေတဲ့ မြန်မာနိုင်ငံကူးလက်မှတ်

ဗီဇာကင်းလွတ်ခွင့်နဲ့ နိုင်ငံအများဆုံးသွားနိုင်တဲ့ နိုင်ငံကူးလက်မှတ်စာရင်းတွေ ကို Henley နိုင်ငံကူးလက်မှတ်အညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။ Henley နိုင်ငံကူးလက်မှတ် အညွှန်းကိန်းဆိုတာကတော့ နိုင်ငံအများဆုံးကို ဗီဇာကင်းလွတ်ခွင့်နဲ့ သွားရောက်နိုင်တဲ့ နိုင်ငံတွေ ရဲ့ စာရင်းကိုပြုစုပေးထားတဲ့ Website တခုပါ။

၂၀၂၀ ခုနှစ်စာရင်းတွေကို ပြုစုရာမှာတော့ Henley နိုင်ငံကူးလက်မှတ်အညွှန်းကိန်း Website အနေနဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်း သွားလာရေးအသင်းရဲ့ အချက်အလက်တွေပေါ်မှာ အခြေခံတယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်အတွက် နိုင်ငံအများစုကို ဗီဇာကင်းလွတ်ခွင့်နဲ့သွားရောက်နိုင်တဲ့စာရင်းမှာ အာရှနိုင်ငံ တွေဖြစ်တဲ့ ဂျပန်၊ စင်ကာပူနဲ့ တောင်ကိုရီးယားနိုင်ငံတွေက အစဉ်အလိုက်ရပ်တည်နေပါတယ်။ ဂျပန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူတွေ အနေနဲ့ နိုင်ငံပေါင်း ၁၉၁ နိုင်ငံကို ဗီဇာကြိုတင်လျှောက် ထားစရာမလိုဘဲ သွားရောက်နိုင်ပြီး ၃ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာက ရှိနေပါတယ်။

စင်ကာပူနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ နိုင်ငံပေါင်း ၁၉၀ ကို ဗီဇာကြိုတင် လျှောက်ထားစရာ မလိုဘဲသွားရောက်နိုင်မှာဖြစ်ပြီး တောင်ကိုရီးယားနဲ့ ဂျာမနီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကတော့ နိုင်ငံပေါင်း ၁၈၉ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်နဲ့ သွားရောက်နိုင်မှာပဲ ဖြစ် ပါတယ်။

အဆင့်သတ်မှတ်ချက်အရ မလေးရှားနိုင်ငံက အဆင့် ၁၃ မှာရပ်တည်နိုင်ခဲ့ပြီး မနှစ်ကထက် အဆင့် သတ်မှတ်ချက် ကျဆင်း သွားခဲ့ပေမယ့် အာရှနိုင်ငံတွေထဲမှာတော့ စတုတ္ထနေရာက ရပ်တည်နိုင်ခဲ့ ပါတယ်။ မလေးရှားနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူတွေအနေနဲ့ နိုင်ငံပေါင်း ၁၇၈ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်နဲ့ သွားရောက်နိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့ကတော့ အဆင့် ၈ နေရာမှာ ပူးတွဲရပ်တည်နေပြီး တရုတ်နိုင်ငံ က အဆင့် ၇၂ ၊ အိန္ဒိယနိုင်ငံက အဆင့် ၈၄ နေရာမှာ ရပ်တည်နေပါတယ်။ တရုတ်နိုင်ငံကူးလက် မှတ်ကိုင်ဆောင်သူတွေအနေနဲ့ နိုင်ငံပေါင်း ၇၁ နိုင်ငံကို ဗီဇာမလိုဘဲ သွားရောက်နိုင်မှာဖြစ်ပြီး အိန္ဒိယနိုင်ငံကတော့ နိုင်ငံပေါင်း ၅၈ နိုင်ငံကိုသွားရောက် နိုင်မှာပဲ ဖြစ်ပါတယ်။

နိုင်ငံအဆင့်သတ်မှတ်ချက်အရ အနိမ့်ဆုံးအဆင့်မှာရှိနေတာကတော့ အာဖဂန်နစ္စတန်နိုင်ငံဖြစ်ပြီး အဆင့် ၁၀၇ နေရာရပ်တည်နေသလို မြန်မာနိုင်ငံကတော့ အဆင့် ၉၅ နေရာမှာ ရပ်တည် နေပါတယ်။ အာဆီယံဒေသအတွင်း မှာဆိုရင်တော့ မြန်မာနိုင်ငံကူးလက်မှတ်က အဆင့်အနိမ့် ဆုံးနေရာမှ ရပ်တည်နေပါတယ်။

အဆင့်သတ်မှတ်ချက်အရ ၁ ကနေ ၁၀ အတွင်း ရပ်တည်နေတဲ့နိုင်ငံတွေကတော့ အောက်ပါအတိုင်းပါ။

(၁) ဂျပန်

(၂) စင်ကာပူ

(၃) တောင်ကိုရီးယား ၊ ဂျာမနီ

(၄) အီတလီ ၊ ဖင်လန်

(၅) စပိန် ၊ လူဇင်ဘတ် ၊ ဒိန်းမတ်

(၆) ဆွီဒင် ၊ ပြင်သစ်

(၇) ဆွစ်ဇာလန် ၊ ပေါ်တူဂီ ၊ နယ်သာလန် ၊ အိုင်ယာလန် ၊ သြစတြီးယား

(၈) အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန် ၊ နော်ဝေ ၊ ဂရိ ၊ ဘယ်လ်ဂျီယမ်

(၉) နယူးဇီလန် ၊ မာလ်တာ ၊ ချက်သမ္မတနိုင်ငံ ၊ ကနေဒါ ၊ သြစတြေးလျ

(၁၀) ဆလိုဗက်ကီးယား ၊ လစ်သူယေးနီးယား ၊ ဟန်ဂေရီ တို့ဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်အရ အဆင့် ၁၀၀ ကနေ ၁၀၇ အတွင်းရှိနေတဲ့ အနိမ့်ဆုံးနိုင်ငံတွေကတော့ အောက်ပါအတိုင်းပါ။

(၁) အာဖဂန်နစ္စတန် (၁၀၇)

(၂) အီရတ် (၁၀၆)

(၃) ဆီးရီးယား (၁၀၅)

(၄) ဆိုမာလီယာ ၊ ပါကစ္စတန် (၁၀၄)

(၅) ယီမင် (၁၀၃)

(၆) လစ်ဗျား (၁၀၂)

(၇) နီပေါ ၊ ပါလက်စတိုင်း (၁၀၁)

(၈) မြောက်ကိုရီးယား ၊ ဆူဒန် (၁၀၇) တို့ဖြစ်ပါတယ်။

Ref:sbs,scmp,consult-myanmar

Zawgyi

အာဆီယံေဒသအတြင္း အနိမ့္ဆုံးအဆင့္ေနရာက ရပ္တည္ေနတဲ့ ျမန္မာႏိုင္ငံကူးလက္မွတ္

ဗီဇာကင္းလြတ္ခြင့္နဲ႔ ႏိုင္ငံအမ်ားဆုံးသြားႏိုင္တဲ့ ႏိုင္ငံကူးလက္မွတ္စာရင္းေတြ ကို Henley ႏိုင္ငံကူးလက္မွတ္အၫႊန္းကိန္းမွာ ေဖာ္ျပထားပါတယ္။ Henley ႏိုင္ငံကူးလက္မွတ္ အၫႊန္းကိန္းဆိုတာကေတာ့ ႏိုင္ငံအမ်ားဆုံးကို ဗီဇာကင္းလြတ္ခြင့္နဲ႔ သြားေရာက္ႏိုင္တဲ့ ႏိုင္ငံေတြ ရဲ႕ စာရင္းကိုျပဳစုေပးထားတဲ့ Website တခုပါ။

၂၀၂၀ ခုႏွစ္စာရင္းေတြကို ျပဳစုရာမွာေတာ့ Henley ႏိုင္ငံကူးလက္မွတ္အၫႊန္းကိန္း Website အေနနဲ႔ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္း သြားလာေရးအသင္းရဲ႕ အခ်က္အလက္ေတြေပၚမွာ အေျခခံတယ္လို႔ သိရပါတယ္။

၂၀၂၀ ခုႏွစ္အတြက္ ႏိုင္ငံအမ်ားစုကို ဗီဇာကင္းလြတ္ခြင့္နဲ႔သြားေရာက္ႏိုင္တဲ့စာရင္းမွာ အာရွႏိုင္ငံ ေတြျဖစ္တဲ့ ဂ်ပန္၊ စင္ကာပူနဲ႔ ေတာင္ကိုရီးယားႏိုင္ငံေတြက အစဥ္အလိုက္ရပ္တည္ေနပါတယ္။ ဂ်ပန္ႏိုင္ငံကူး လက္မွတ္ကိုင္ေဆာင္သူေတြ အေနနဲ႔ ႏိုင္ငံေပါင္း ၁၉၁ ႏိုင္ငံကို ဗီဇာႀကိဳတင္ေလွ်ာက္ ထားစရာမလိုဘဲ သြားေရာက္ႏိုင္ၿပီး ၃ ႏွစ္ဆက္တိုက္ ထိပ္ဆုံးေနရာက ရွိေနပါတယ္။

စင္ကာပူႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္ထားသူေတြအေနနဲ႔ ႏိုင္ငံေပါင္း ၁၉၀ ကို ဗီဇာႀကိဳတင္ ေလွ်ာက္ထားစရာ မလိုဘဲသြားေရာက္ႏိုင္မွာျဖစ္ၿပီး ေတာင္ကိုရီးယားနဲ႔ ဂ်ာမနီႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္သူေတြကေတာ့ ႏိုင္ငံေပါင္း ၁၈၉ ႏိုင္ငံကို ဗီဇာကင္းလြတ္ခြင့္နဲ႔ သြားေရာက္ႏိုင္မွာပဲ ျဖစ္ ပါတယ္။

အဆင့္သတ္မွတ္ခ်က္အရ မေလးရွားႏိုင္ငံက အဆင့္ ၁၃ မွာရပ္တည္ႏိုင္ခဲ့ၿပီး မႏွစ္ကထက္ အဆင့္ သတ္မွတ္ခ်က္ က်ဆင္း သြားခဲ့ေပမယ့္ အာရွႏိုင္ငံေတြထဲမွာေတာ့ စတုတၳေနရာက ရပ္တည္ႏိုင္ခဲ့ ပါတယ္။ မေလးရွားႏိုင္ငံကူး လက္မွတ္ကိုင္ေဆာင္သူေတြအေနနဲ႔ ႏိုင္ငံေပါင္း ၁၇၈ ႏိုင္ငံကို ဗီဇာကင္းလြတ္ခြင့္နဲ႔ သြားေရာက္ႏိုင္ပါတယ္။

အေမရိကန္ျပည္ေထာင္စုနဲ႔ ၿဗိတိန္တို႔ကေတာ့ အဆင့္ ၈ ေနရာမွာ ပူးတြဲရပ္တည္ေနၿပီး တ႐ုတ္ႏိုင္ငံ က အဆင့္ ၇၂ ၊ အိႏၵိယႏိုင္ငံက အဆင့္ ၈၄ ေနရာမွာ ရပ္တည္ေနပါတယ္။ တ႐ုတ္ႏိုင္ငံကူးလက္ မွတ္ကိုင္ေဆာင္သူေတြအေနနဲ႔ ႏိုင္ငံေပါင္း ၇၁ ႏိုင္ငံကို ဗီဇာမလိုဘဲ သြားေရာက္ႏိုင္မွာျဖစ္ၿပီး အိႏၵိယႏိုင္ငံကေတာ့ ႏိုင္ငံေပါင္း ၅၈ ႏိုင္ငံကိုသြားေရာက္ ႏိုင္မွာပဲ ျဖစ္ပါတယ္။

ႏိုင္ငံအဆင့္သတ္မွတ္ခ်က္အရ အနိမ့္ဆုံးအဆင့္မွာရွိေနတာကေတာ့ အာဖဂန္နစၥတန္ႏိုင္ငံျဖစ္ၿပီး အဆင့္ ၁၀၇ ေနရာရပ္တည္ေနသလို ျမန္မာႏိုင္ငံကေတာ့ အဆင့္ ၉၅ ေနရာမွာ ရပ္တည္ ေနပါတယ္။ အာဆီယံေဒသအတြင္း မွာဆိုရင္ေတာ့ ျမန္မာႏိုင္ငံကူးလက္မွတ္က အဆင့္အနိမ့္ ဆုံးေနရာမွ ရပ္တည္ေနပါတယ္။

အဆင့္သတ္မွတ္ခ်က္အရ ၁ ကေန ၁၀ အတြင္း ရပ္တည္ေနတဲ့ႏိုင္ငံေတြကေတာ့ ေအာက္ပါအတိုင္းပါ။

(၁) ဂ်ပန္

(၂) စင္ကာပူ

(၃) ေတာင္ကိုရီးယား ၊ ဂ်ာမနီ

(၄) အီတလီ ၊ ဖင္လန္

(၅) စပိန္ ၊ လူဇင္ဘတ္ ၊ ဒိန္းမတ္

(၆) ဆြီဒင္ ၊ ျပင္သစ္

(၇) ဆြစ္ဇာလန္ ၊ ေပၚတူဂီ ၊ နယ္သာလန္ ၊ အိုင္ယာလန္ ၊ ၾသစႀတီးယား

(၈) အေမရိကန္ျပည္ေထာင္စု ၊ ၿဗိတိန္ ၊ ေနာ္ေဝ ၊ ဂရိ ၊ ဘယ္လ္ဂ်ီယမ္

(၉) နယူးဇီလန္ ၊ မာလ္တာ ၊ ခ်က္သမၼတႏိုင္ငံ ၊ ကေနဒါ ၊ ၾသစေၾတးလ်

(၁၀) ဆလိုဗက္ကီးယား ၊ လစ္သူေယးနီးယား ၊ ဟန္ေဂရီ တို႔ျဖစ္ပါတယ္။

အဆင့္သတ္မွတ္ခ်က္အရ အဆင့္ ၁၀၀ ကေန ၁၀၇ အတြင္းရွိေနတဲ့ အနိမ့္ဆုံးႏိုင္ငံေတြကေတာ့ ေအာက္ပါအတိုင္းပါ။

(၁) အာဖဂန္နစၥတန္ (၁၀၇)

(၂) အီရတ္ (၁၀၆)

(၃) ဆီးရီးယား (၁၀၅)

(၄) ဆိုမာလီယာ ၊ ပါကစၥတန္ (၁၀၄)

(၅) ယီမင္ (၁၀၃)

(၆) လစ္ဗ်ား (၁၀၂)

(၇) နီေပါ ၊ ပါလက္စတိုင္း (၁၀၁)

(၈) ေျမာက္ကိုရီးယား ၊ ဆူဒန္ (၁၀၇) တို႔ျဖစ္ပါတယ္။

Ref:sbs,scmp,consult-myanmar

Leave a Comment