ယနေ့အချိန်အထိ ရွာမှာ အလှူရှိတိုင်း ရွာလုံးကျွတ် ထမင်းတစ်အိုးစီ တာဝန်ယူ ချက်ပေးပြီး ကူညီရိုင်းပင်း ညီညွတ်မှုရှိတဲ့ ရွာလေးများ
မြန်မာလူမျိုးတွေဟာ အလှူဆိုရင် လက်မနှေးတတ်တာမို့ ဘယ်တော့မှ သဒ္ဒါတရား မနည်းဘူး ဆိုတာ ကမ္ဘာက သိပါတယ်နော်။
အခုလည်း မြန်မာပြည် စစ်ကိုင်းတိုင်းထဲက ရွာလေးတစ်ရွာရဲ့ အလှူအတန်းနဲ့ ပတ်သက်လာရင် ညီညွတ်မှုကို ပြသနေတဲ့ ပုံရိပ်လေးကို တင်ဆက်ပေး လိုက်ရပါ တယ်။
စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ် မြေလင်း စံပြကျေးရွာလေးဟာ ဆိုရင် သူတို့ရွာက အလှူအတွက် ယနေ့ အချိန်အထိ တအိမ်ကို တအိုး ထမင်းပေါင်း ပေးနေတာမို့ ညီညွတ်တဲ့ ရွာဓလေ့လေးကို လေးစားသောအားဖြင့် ပရိသတ်ကြီး အတွက် ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ်။
ဒီဓလေ့ဟာ ဒီရွာ တစ်ရွာတည်း ရှိတာမဟုတ်ဘဲ ကျနော် အလည်ရောက်ဖူးတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး အရာတော်မြို့နယ် အုပ်ရှင်းကြီး ကျေးရွာမှာလည်း ဒီဓလေ့ကို ယနေ့အထိ အမွေ ဆက်ခံနေပါသည်။
ဒါ့အပြင် ထမင်းကျွေးတဲ့ နေရာမှာလည်း အလှူ့ရှင်အနေနဲ့ ဘာပစ္စည်းကို ငှားရမ်းစရာ မလိုဘဲ ရွာသူ ရွာသားတိုင်းက မိမိတို့အိမ်က စားပွဲ၊ ပန်းကန်၊ ဇွန်း စတာတွေကို တစ်ဝိုင်းစာ ယူဆောင်လာကြပြီး မိမိတို့ဝိုင်းကို မိမိကိုယ်တိုင် တာဝန်ယူပြီး ဧည့်ခံ ကျွေးမွေးနေတဲ့အထိ စည်းလုံး နေတာကို ကိုယ်တွေ့ မြင်တွေ့ခဲ့ရပါတယ်။
နောက်ပြီးတော့ ကသာခရိုင် ပေါမမြိုင် ရွာမှာလည်း ဒီဓလေ့ကိုမှ အပျိုလေးတွေက ထမင်းအိုး တည်ပေးပြီး လူပျိုလေးတွေက မီးထိုးပေးရတဲ့အထိ ချစ်စရာကောင်းတဲ့ ဓလေ့တွေကို အမွေ ဆက်ခံနေကြတာပါ။
စာဖတ်ပရိတ်သတ်ကြီးတို့ အနီးမှာလည်း အဲလို ညီညွတ်မှု ရှိတဲ့ ရွာလေးတွေ ရှိရင်လည်း comment မှာ ရေးသွားပေးခဲ့ပါဦးနော်။ ။
မြန်မာလူမျိုးတွေဟာ အလှူဆိုရင် လက်မနှေး တတ်တာမို့ ဘယ်တော့မှ သဒ္ဒါတရား မနည်းဘူး ဆိုတာ ကမ္ဘာက သိပါတယ်နော်။
အခုလည်း မြန်မာပြည် စစ်ကိုင်းတိုင်းထဲက ရွာလေးတစ်ရွာရဲ့ အလှူအတန်းနဲ့ ပတ်သက်လာရင် ညီညွတ်မှုကို ပြသနေတဲ့ ပုံရိပ်လေးကို တင်ဆက်ပေး လိုက်ရပါ တယ်။
Credit
Zawgyi
ယေန႔အခ်ိန္အထိ ႐ြာမွာ အလႉရွိတိုင္း ႐ြာလုံးကြၽတ္ ထမင္းတစ္အိုးစီ တာဝန္ယူ ခ်က္ေပးၿပီး ကူညီ႐ိုင္းပင္း ညီၫြတ္မႈရွိတဲ့ ႐ြာေလးမ်ား
ျမန္မာလူမ်ိဳးေတြဟာ အလႉဆိုရင္ လက္မေႏွးတတ္တာမို႔ ဘယ္ေတာ့မွ သဒၵါတရား မနည္းဘူး ဆိုတာ ကမာၻက သိပါတယ္ေနာ္။
အခုလည္း ျမန္မာျပည္ စစ္ကိုင္းတိုင္းထဲက ႐ြာေလးတစ္႐ြာရဲ႕ အလႉအတန္းနဲ႔ ပတ္သက္လာရင္ ညီၫြတ္မႈကို ျပသေနတဲ့ ပုံရိပ္ေလးကို တင္ဆက္ေပး လိုက္ရပါ တယ္။
စစ္ကိုင္းတိုင္း ပင္လယ္ဘူးၿမိဳ႕နယ္ ေျမလင္း စံျပေက်း႐ြာေလးဟာ ဆိုရင္ သူတို႔႐ြာက အလႉအတြက္ ယေန႔ အခ်ိန္အထိ တအိမ္ကို တအိုး ထမင္းေပါင္း ေပးေနတာမို႔ ညီၫြတ္တဲ့ ႐ြာဓေလ့ေလးကို ေလးစားေသာအားျဖင့္ ပရိသတ္ႀကီး အတြက္ ျပန္လည္ တင္ဆက္ေပးလိုက္ရပါတယ္။
ဒီဓေလ့ဟာ ဒီ႐ြာ တစ္႐ြာတည္း ရွိတာမဟုတ္ဘဲ က်ေနာ္ အလည္ေရာက္ဖူးတဲ့ စစ္ကိုင္းတိုင္း ေဒသႀကီး အရာေတာ္ၿမိဳ႕နယ္ အုပ္ရွင္းႀကီး ေက်း႐ြာမွာလည္း ဒီဓေလ့ကို ယေန႔အထိ အေမြ ဆက္ခံေနပါသည္။
ဒါ့အျပင္ ထမင္းေကြၽးတဲ့ ေနရာမွာလည္း အလႉ႔ရွင္အေနနဲ႔ ဘာပစၥည္းကို ငွားရမ္းစရာ မလိုဘဲ ႐ြာသူ ႐ြာသားတိုင္းက မိမိတို႔အိမ္က စားပြဲ၊ ပန္းကန္၊ ဇြန္း စတာေတြကို တစ္ဝိုင္းစာ ယူေဆာင္လာၾကၿပီး မိမိတို႔ဝိုင္းကို မိမိကိုယ္တိုင္ တာဝန္ယူၿပီး ဧည့္ခံ ေကြၽးေမြးေနတဲ့အထိ စည္းလုံး ေနတာကို ကိုယ္ေတြ႕ ျမင္ေတြ႕ခဲ့ရပါတယ္။
ေနာက္ၿပီးေတာ့ ကသာခ႐ိုင္ ေပါမၿမိဳင္ ႐ြာမွာလည္း ဒီဓေလ့ကိုမွ အပ်ိဳေလးေတြက ထမင္းအိုး တည္ေပးၿပီး လူပ်ိဳေလးေတြက မီးထိုးေပးရတဲ့အထိ ခ်စ္စရာေကာင္းတဲ့ ဓေလ့ေတြကို အေမြ ဆက္ခံေနၾကတာပါ။
စာဖတ္ပရိတ္သတ္ႀကီးတို႔ အနီးမွာလည္း အဲလို ညီၫြတ္မႈ ရွိတဲ့ ႐ြာေလးေတြ ရွိရင္လည္း comment မွာ ေရးသြားေပးခဲ့ပါဦးေနာ္။ ။
ျမန္မာလူမ်ိဳးေတြဟာ အလႉဆိုရင္ လက္မေႏွး တတ္တာမို႔ ဘယ္ေတာ့မွ သဒၵါတရား မနည္းဘူး ဆိုတာ ကမာၻက သိပါတယ္ေနာ္။
အခုလည္း ျမန္မာျပည္ စစ္ကိုင္းတိုင္းထဲက ႐ြာေလးတစ္႐ြာရဲ႕ အလႉအတန္းနဲ႔ ပတ္သက္လာရင္ ညီၫြတ္မႈကို ျပသေနတဲ့ ပုံရိပ္ေလးကို တင္ဆက္ေပး လိုက္ရပါ တယ္။
Credit