လက်ကားရည်ညွှန်းစျေးအနည်းငယ်တက်လာပေမယ့် ပြင်ပလက်လီစျေးကွက်ထဲစျေးတန်းတစ်ခုမှာငြိမ်နေတဲ့ စားအုံးဆီစျေး

လက်ကားရည်ညွှန်းဈေးအနည်းငယ်တက်လာပေမယ့် ပြင်ပလက်လီဈေးကွက်ထဲဈေးတန်းတစ်ခုမှာငြိမ်နေတဲ့ စားအုံးဆီဈေး

ယခုတစ်ပတ်စားအုန်းဆီဈေးနှုန်းလက်ကားဈေးသတ်မှတ်ချက်အရဈေးပြန်တက်သွားပေမယ့်လက်လီစားသုံးသူဈေးကွက်မှာစာအုန်းဆီအမြင့်ဈေးနဲ့ငြိမ်နေကြောင်း လက်လီစားသုံးသူဈေးကွက်အတွင်းကသိရပါတယ်။

စာအုန်းဆီလက်လီဈေးကွက်မှာတစ်ပိဿကို ငွေကျပ်၆၀၀၀နှုန်းနဲ့ရောင်းချနေတာဟာပြီးခဲ့တဲ့တစ်ပတ်အတွင်းကဖြစ်ပြီးစာအုန်းဆီလက်ကားဈေးသတ်မှတ်ချက်မှာဈေးပြန်တက်လာတာကြောင့်စာအုန်းဆီဈေးနှုန်းများကျပ်ငွေရာဂဏန်းအထိပြန်တက်လာနိုင်မယ်လို့

စားသုံးသူဈေးကွက်အတွင်းဆီရောင်းချသူများကသုံးသပ်ပြောဆိုခဲ့ကြပေမယ့်လက်ရှိမှာအောက်တိုဘာ ဒုတိယရက်သတ္တပတ်ကအတိုင်းနှစ်ပတ်ကြာအထိစားအုန်းဆီလက်လီဈေးနှုန်းများပြောင်းလဲမှုမရှိဘူးလို့ဆိုပါတယ်။” တစ်ပိဿာ ၆၀၀၀ကနေ ဈေးမပြောင်းသေးဘူး

အရင်ကတော့တစ်ပတ်တစ်ခါဈေးတက်တာနဲ့ဈေးကျတာ ပုံမှန်ရှိနေတာစားအုန်းဆီဈေးတစ်ပိဿာ ၈၀၀၀ပတ်ဝန်းကျင်နဲ့ရောင်းရပြီးနောက်မှာတော့ဆီဈေးက ဆက်တိုက်ကျလာတာပဲ” လို့ အင်းစိန်မြို့နယ်အတွင်းကစားသုံးဆီအပါအဝင်အခြေခံစားကုန်များရောင်းချပေးနေတဲ့ လက်လီကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကယခုတစ်ပတ်ရဲ့စားအုန်းဆီလက်ကားဈေးသတ်မှတ်ချက်ကိုတစ်ပိဿာငွေကျပ် ၃၉၆၀သတ်မှတ်ထားရာအဲ့ဒီဈေးနှုန်းဟာပြီးခဲ့တဲ့ တစ်ပတ်သတ်မှတ်လက်ကားရည်ညွှန်းဈေးထက် ဈေးမြင့်လာတာဖြစ်ကြောင်းသိရပါတယ်။


Credit

Zawgyi






Credit

Leave a Comment