ဈေးကွက်အတွင်းအသစ်ဝင်ရောက်ပေမယ့်လည်း ဈေးနှုန်းဆက်လက်မြင့်တက်နေပြီးဈေးကောင်းရနေတဲ့ မြေပဲဆန်ဈေး
မန္တလေးဈေးကွက်အတွင်းမြေပဲဆန်အသစ်တွေဝင်ရောက်နေပေမယ့်တရုတ်နိုင်ငံကိုတင်ပို့ဖို့ ဝယ်လက်တွေကဝယ်ယူနေတဲ့အတွက်ကြောင့်ဈေးကောင်းရရှိနေတယ်လို့ မန္တလေးပဲနှမ်းကုန်သည်တွေဆီကသိရပါတယ်။
မြေပဲဆန်ဈေးတွေဟာ ပြီးခဲ့တဲ့တစ်ပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်အမျိုးအစားအလိုက်တစ်ပိဿာကို ကျပ် ၅၀၀ မှ ၈၀၀ အထိ ဈေးတက်လာပြီးတရုတ်ဝယ်လက်တွေကမြေပဲလုံးဆန်နီနဲ့ မြေပဲလုံး ဆန်ဖြူတွေကို ဝယ်ယူနေကာ
ပြည်တွင်းဆီစက်လုပ်ငန်းရှင်တွေကလည်း ဆီဆန်တွေကိုဝယ်ယူနေတယ်လို့သိရပါတယ်။ပြည်တွင်းမှာ စားအုန်းဆီအစား မြေပဲဆီ စားသုံးမှု ပိုများလာလို့ ပြီးခဲ့တဲ့နှစ်ကမြေပဲဆန် တစ်ပိဿာကို ကျပ် ၂၅၀၀ မှ ၃၀၀၀ ဝန်းကျင်သာဈေးရှိခဲ့ပေမယ့်
လက်ရှိ မြေပဲဆန်တစ်ပိဿာကို ကျပ် ၅၅၀၀ မှ ၆၀၀၀ ထိဈေးကောင်းလာခဲ့တယ်လို့သိရပါတယ်။မန္တလေးဈေးကွက်ကိုနွားထိုးကြီး၊စစ်ကိုင်း၊ဝက်လက်၊အောင်လံနဲ့ မြင်းမူမြို့နယ်တို့ကမြေပဲဆန်အသစ်တွေဝင်ရောက်နေတာဖြစ်ပြီး
စတင်ထွက်ရှိချိန်ကဈေးကျပေမယ့်လက်ရှိ ပြည်တွင်းဆီစက်တွေရဲ့ဝယ်လိုအားနဲ့တရုတ်ဝယ်လက်တွေကြောင့်ဈေးပြန်ကောင်းလာတယ်လို့သိရပါတယ်။လက်ရှိမြေပဲဆန်ဈေးတွေဟာ SI လုံးဆန်တစ်ပိဿာကို ကျပ် ၅၇၀၀ မှ ၅၈၀၀၊
မြင်းမူမြေပဲလုံးဆန်တစ်ပိဿာကို ကျပ် ၆၀၀၀မှ ၆၂၀၀ ဝန်းကျင်၊မြေပဲလုံးဆန်နီတစ်ပိဿာကို ကျပ် ၅၅၀၀ မှ ၅၈၀၀၊ IM တွဲလုံးဆန်တစ်ပိဿာကိုကျပ် ၅၆၅၀ မှ ၅၇၀၀၊ SI ဆီဆန်တစ်ပိဿာကိုကျပ် ၄၈၀၀ မှ ၅၅၀၀၊
အနီဆီဆန်တစ်ပိဿာကို ကျပ် ၄၇၀၀ မှ ၄၈၀၀၊ အနီရွေးဆန်တစ်ပိဿာကို ကျပ် ၅၅၀၀ မှ ၅၇၀၀ အထိဈေးနှုန်းအသီးသီးရှိတယ်လို့သိရပါတယ်။ယခုလို ဈေးနှုန်းများမြင့်တက်တာကြောင့် ပြည်တွင်း စားသုံးဆီဈေးနှုန်းများကျဆင်းလာနိုင်ပါ့မလားဆိုတာ စိုးရိမ်စရာဖြစ်နေပါတယ်။
လက်ရှိမြေပဲဆီ ပြည်တွင်းဈေးကွက်ထဲမှာ တစ်ပိဿာ ကျပ် ၁၂၅၀၀ မှ ကျပ် ၁၄၀၀၀ ထိဝယ်ယူနေရကြောင်းဈေးကွက်အတွင်းမှ သိရှိရပါသည်။
Credit
Zawgyi
ေစ်းကြက္အတြင္းအသစ္ဝင္ေရာက္ေပမယ့္လည္း ေစ်းႏႈန္းဆက္လက္ျမင့္တက္ေနၿပီးေစ်းေကာင္းရေနတဲ့ ေျမပဲဆန္ေစ်း
မႏၲေလးေဈးကြက္အတြင္းေျမပဲဆန္အသစ္ေတြဝင္ေရာက္ေနေပမယ့္တ႐ုတ္ႏိုင္ငံကိုတင္ပို႔ဖို႔ ဝယ္လက္ေတြကဝယ္ယူေနတဲ့အတြက္ေၾကာင့္ေဈးေကာင္းရရွိေနတယ္လို႔ မႏၲေလးပဲႏွမ္းကုန္သည္ေတြဆီကသိရပါတယ္။
ေျမပဲဆန္ေဈးေတြဟာ ၿပီးခဲ့တဲ့တစ္ပတ္နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္အမ်ိဳးအစားအလိုက္တစ္ပိႆာကို က်ပ္ ၅၀၀ မွ ၈၀၀ အထိ ေဈးတက္လာၿပီးတ႐ုတ္ဝယ္လက္ေတြကေျမပဲလုံးဆန္နီနဲ႔ ေျမပဲလုံး ဆန္ျဖဴေတြကို ဝယ္ယူေနကာ
ျပည္တြင္းဆီစက္လုပ္ငန္းရွင္ေတြကလည္း ဆီဆန္ေတြကိုဝယ္ယူေနတယ္လို႔သိရပါတယ္။ျပည္တြင္းမွာ စားအုန္းဆီအစား ေျမပဲဆီ စားသုံးမႈ ပိုမ်ားလာလို႔ ၿပီးခဲ့တဲ့ႏွစ္ကေျမပဲဆန္ တစ္ပိႆာကို က်ပ္ ၂၅၀၀ မွ ၃၀၀၀ ဝန္းက်င္သာေဈးရွိခဲ့ေပမယ့္
လက္ရွိ ေျမပဲဆန္တစ္ပိႆာကို က်ပ္ ၅၅၀၀ မွ ၆၀၀၀ ထိေဈးေကာင္းလာခဲ့တယ္လို႔သိရပါတယ္။မႏၲေလးေဈးကြက္ကိုႏြားထိုးႀကီး၊စစ္ကိုင္း၊ဝက္လက္၊ေအာင္လံနဲ႔ ျမင္းမူၿမိဳ႕နယ္တို႔ကေျမပဲဆန္အသစ္ေတြဝင္ေရာက္ေနတာျဖစ္ၿပီး
စတင္ထြက္ရွိခ်ိန္ကေဈးက်ေပမယ့္လက္ရွိ ျပည္တြင္းဆီစက္ေတြရဲ႕ဝယ္လိုအားနဲ႔တ႐ုတ္ဝယ္လက္ေတြေၾကာင့္ေဈးျပန္ေကာင္းလာတယ္လို႔သိရပါတယ္။လက္ရွိေျမပဲဆန္ေဈးေတြဟာ SI လုံးဆန္တစ္ပိႆာကို က်ပ္ ၅၇၀၀ မွ ၅၈၀၀၊
ျမင္းမူေျမပဲလုံးဆန္တစ္ပိႆာကို က်ပ္ ၆၀၀၀မွ ၆၂၀၀ ဝန္းက်င္၊ေျမပဲလုံးဆန္နီတစ္ပိႆာကို က်ပ္ ၅၅၀၀ မွ ၅၈၀၀၊ IM တြဲလုံးဆန္တစ္ပိႆာကိုက်ပ္ ၅၆၅၀ မွ ၅၇၀၀၊ SI ဆီဆန္တစ္ပိႆာကိုက်ပ္ ၄၈၀၀ မွ ၅၅၀၀၊
အနီဆီဆန္တစ္ပိႆာကို က်ပ္ ၄၇၀၀ မွ ၄၈၀၀၊ အနီေ႐ြးဆန္တစ္ပိႆာကို က်ပ္ ၅၅၀၀ မွ ၅၇၀၀ အထိေဈးႏႈန္းအသီးသီးရွိတယ္လို႔သိရပါတယ္။ယခုလို ေစ်းႏႈန္းမ်ားျမင့္တက္တာေၾကာင့္ ျပည္တြင္း စားသုံးဆီေစ်းႏႈန္းမ်ားက်ဆင္းလာႏိုင္ပါ့မလားဆိုတာ စိုးရိမ္စရာျဖစ္ေနပါတယ္။
လက္ရွိေျမပဲဆီ ျပည္တြင္းေစ်းကြက္ထဲမွာ တစ္ပိႆာ က်ပ္ ၁၂၅၀၀ မွ က်ပ္ ၁၄၀၀၀ ထိဝယ္ယူေနရေၾကာင္းေစ်းကြက္အတြင္းမွ သိရွိရပါသည္။
Credit