ခုလိုချိန် ရွှေဝယ်ရမလား ဒေါ်လာကိုင်ရမလား ဝေခွဲရ ခက်နေသူတွေအတွက်
ခုလိုချိန် ရွှေဝယ်ရမလား ဒေါ်လာကိုင်ရမလား ဝေခွဲရ ခက်နေသူတွေအတွက် စဉ်းစားဆုံးဖြတ်နိုင်စေဖို့ ဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီအချိန်မှာ ဒေါ်လာ ဒါမှမဟုတ် ရွှေဝယ်ရမလားလို့ စဉ်းစားနေသူတွေအနေနဲ့ ကိုယ်ဘာလုပ်ချင်တာလဲ ဆိုတာကို သေချာအရင် သိအောင်လုပ်ဖို့လိုတယ်မြင်တာပဲ။
ရင်းနှီးမြုပ်နှံမှုလို့ စဉ်းစားရင် အနည်းဆုံး ၂ မျိုးစဉ်းစားလို့ရတယ်။
၁။ အကြာကြီးဝယ်ပြီး ပစ်ထားချင်တာလား
၂။ ဝယ်လိုက်ရောင်းလိုက်နဲ့ လှိုင်းစီးချင်တာလား ဆိုတာကို သေချာ သိဖို့လိုတယ်။
အကယ်လို့ ကိုယ်က ငွေပိုလို့ ရေရှည်မှာ Assets တိုးအောင်လုပ်မယ်ဆိုရင် ဈေးကျရင်ကျဈေး တက်ရင် တက်ဈေးနဲ့ ဝယ်ထားလိုက် ပြီးရင်ပစ်သာထားလိုက်တော့။
တစ်ချိန်ကျရင် ဝယ်ဈေးထက် တက်ကို တက်တယ်။ ဒါဘာ Info ဘာ Theory ကို မှ အခြေခံပြီး ပြောနေတာမဟုတ်ဘူး။ ဒီလိုပဲ ဖြစ်ရမယ့်ကိစ္စမို့ ဒီလိုပဲဖြစ်မှာ။ အဲဒီတစ်ချိန်ဟာ ရေတိုလား ရေရှည်လားဆိုတာပဲကွာမယ်။
အိုကေ ရေတိုလှိုင်းစီးချင်တယ်။ ရောင်းလိုက်ဝယ်လိုက်လုပ်ချင်တယ်ဆိုရင်တော့နောက်တမျိုးစဉ်းစားရမယ်။
အခုကျတယ်။ကျရင်ဝယ်ရမယ်။ ပြီးရင်ဘယ်လောက်မြတ်ချင်တာလဲကိုကြည့် နောက်ဘာနဲ့မြတ်ချင်တာလဲဆိုတာရှိတယ်။ ကျွန်တော် Client တစ်ယောက်ဆိုရင် USD မြတ်ချင်တာ။
အဲတော့ ၄၀၀၀ တုန်းကရောင်းတယ်။ ရသမျှအကုန် ၃၇၀၀ မှာပြန်ဝယ်တယ်။ ပီးတော့ ၃၆၀၀ မှာ ပြန်ရောင်းတယ်။ ၃၂၀၀ မှာ အကုန်ပြန်ဝယ်တယ်။ ၃၀၀၀ မှာ ပြန်ရောင်းတယ်။ ခု ၂၅၀၀ ပတ်လည်မှာ အကုန်ပြန်ဝယ်တယ်။ အရောင်းနဲ့ စတယ်။ အဝယ်နဲ့ဆုံးတယ်။
အဲတော့ ကျွန်တော့် လက်ထဲ USD ပို ကျန်ခဲ့တယ်။မြန်မာငွေနည်းသွားတယ်။အချို့က မြန်မာငွေမြတ်ချင်တာ အဲလိုဆို ဒီအချိန်မဝယ်ရဘူးလေ။တက်နေတဲ့အချိန်ဝယ်ပြီးရင် ပြန်ရောင်း ပြီးရင် ပြန်ဝယ် ပြီးရင် ပြန်ရောင်း။ အဝယ်နဲ့ စ အရောင်းနဲ့ဆုံးနောက်ဆုံးမြန်မာငွေကျန်ခဲ့လိမ့်မယ်။ အဲလောက်တော့ သိထားဖို့လိုတယ်။ ဒါက ပထမအကြောင်း။
ဒုတိယအကြောင်းက ဒီလို
ရင်းနှီးမြုပ်နှံမှုဆိုတာဟာ ပိုက်ဆံ ရှိတိုင်းလုပ်လို့ရတာမဟုတ်ဘူး။ သတင်းအချက်အလက်လိုတယ်
သတင်းအချက်အလက်ဆိုတာမျိုးကနေရာတိုင်းက ရနိုင်တယ်။ ဒါပေမယ့် ကာလတစ်ခုထိပဲ မှန်နိုင်တယ်။အဲဒါမျိုးကို အသေဆုတ်ကိုင်ထားလို့မရဘူး။
USD ဈေး တက်တယ်။ဘာလို့တက်လဲဆိုတဲ့အကြောင်းတွေအများကြီး ရှိတယ်။ခုကျတယ်။ ဘာလို့ ကျတယ်ဆိုတဲ့ အကြောင်းတွေလဲအများကြီးရှိတယ်။
အဲဒါတွေကို မြင်အောင်ကြည့်ဖို့လိုတယ်။ နောက်အရှိန်ကို သိဖို့လိုတယ်။အခု ကျတယ်။ပိုကျမှာ ကြောက် လို့ရောင်းကြတယ်။ရောင်းလေကျလေဖြစ်မှာပဲ။
ဘယ်အချိန် ရပ်သွားမလဲဆိုတဲ့ အရှိန်ကိုမှန်းတတ်ဖို့လိုတယ်။အဲဒီအချိန်နားဝယ်ရင် အကျဆုံးဈေးနဲ့ ဝယ်နိုင်မယ်။အဲလိုပဲ တက်တုန်းကလဲ ပိုတက်မှာကြောက်လို့ ဝယ်ကြတယ်။
ဘယ်အချိန်မှာ ရပ်မလဲဆိုတာ မှန်းနိုင်ရင်အတက်ဆုံးဈေးနဲ့ရောင်းနိုင်မယ်။နောက်တစ်ခု က တော့ Emotion နဲ့ လောဘကို ထိန်းနိုင်ဖို့လိုတယ်။
ပိုက်ဆံနဲ့ ရင်းထားတာမို့ဆုံးရှုံးမှာတော့ ကြောက်ကြတာကြီးပဲဆိုပေမယ့် ဈေးကွက်ပြောင်းတာနဲ့ စွတ်ကြောက်နေလို့တော့မရဘူး။
တက်ရင် ကြောက်လို့ဝယ် ကျရင် ကြောက်လို့ရောင်းဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ဘူး။အဲလောက်သိရင်ကို တော်တော် ဟုတ်နေပြီ။
Source: Michael
Zawgyi
ခုလိုခ်ိန္ ေ႐ႊဝယ္ရမလား ေဒၚလာကိုင္ရမလား ေဝခြဲရ ခက္ေနသူေတြအတြက္
ခုလိုခ်ိန္ ေ႐ႊဝယ္ရမလား ေဒၚလာကိုင္ရမလား ေဝခြဲရ ခက္ေနသူေတြအတြက္ စဥ္းစားဆုံးျဖတ္ႏိုင္ေစဖို႔ ဗဟုသုတအျဖစ္ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
ဒီအခ်ိန္မွာ ေဒၚလာ ဒါမွမဟုတ္ ေ႐ႊဝယ္ရမလားလို႔ စဥ္းစားေနသူေတြအေနနဲ႔ ကိုယ္ဘာလုပ္ခ်င္တာလဲ ဆိုတာကို ေသခ်ာအရင္ သိေအာင္လုပ္ဖို႔လိုတယ္ျမင္တာပဲ။
ရင္းႏွီးျမဳပ္ႏွံမႈလို႔ စဥ္းစားရင္ အနည္းဆုံး ၂ မ်ိဳးစဥ္းစားလို႔ရတယ္။
၁။ အၾကာႀကီးဝယ္ၿပီး ပစ္ထားခ်င္တာလား
၂။ ဝယ္လိုက္ေရာင္းလိုက္နဲ႔ လႈိင္းစီးခ်င္တာလား ဆိုတာကို ေသခ်ာ သိဖို႔လိုတယ္။
အကယ္လို႔ ကိုယ္က ေငြပိုလို႔ ေရရွည္မွာ Assets တိုးေအာင္လုပ္မယ္ဆိုရင္ ေစ်းက်ရင္က်ေစ်း တက္ရင္ တက္ေစ်းနဲ႔ ဝယ္ထားလိုက္ ၿပီးရင္ပစ္သာထားလိုက္ေတာ့။
တစ္ခ်ိန္က်ရင္ ဝယ္ေစ်းထက္ တက္ကို တက္တယ္။ ဒါဘာ Info ဘာ Theory ကို မွ အေျခခံၿပီး ေျပာေနတာမဟုတ္ဘူး။ ဒီလိုပဲ ျဖစ္ရမယ့္ကိစၥမို႔ ဒီလိုပဲျဖစ္မွာ။ အဲဒီတစ္ခ်ိန္ဟာ ေရတိုလား ေရရွည္လားဆိုတာပဲကြာမယ္။
အိုေက ေရတိုလႈိင္းစီးခ်င္တယ္။ ေရာင္းလိုက္ဝယ္လိုက္လုပ္ခ်င္တယ္ဆိုရင္ေတာ့ေနာက္တမ်ိဳးစဥ္းစားရမယ္။
အခုက်တယ္။က်ရင္ဝယ္ရမယ္။ ၿပီးရင္ဘယ္ေလာက္ျမတ္ခ်င္တာလဲကိုၾကည့္ ေနာက္ဘာနဲ႔ျမတ္ခ်င္တာလဲဆိုတာရွိတယ္။ ကြၽန္ေတာ္ Client တစ္ေယာက္ဆိုရင္ USD ျမတ္ခ်င္တာ။
အဲေတာ့ ၄၀၀၀ တုန္းကေရာင္းတယ္။ ရသမွ်အကုန္ ၃၇၀၀ မွာျပန္ဝယ္တယ္။ ပီးေတာ့ ၃၆၀၀ မွာ ျပန္ေရာင္းတယ္။ ၃၂၀၀ မွာ အကုန္ျပန္ဝယ္တယ္။ ၃၀၀၀ မွာ ျပန္ေရာင္းတယ္။ ခု ၂၅၀၀ ပတ္လည္မွာ အကုန္ျပန္ဝယ္တယ္။ အေရာင္းနဲ႔ စတယ္။ အဝယ္နဲ႔ဆုံးတယ္။
အဲေတာ့ ကြၽန္ေတာ့္ လက္ထဲ USD ပို က်န္ခဲ့တယ္။ျမန္မာေငြနည္းသြားတယ္။အခ်ိဳ႕က ျမန္မာေငြျမတ္ခ်င္တာ အဲလိုဆို ဒီအခ်ိန္မဝယ္ရဘူးေလ။တက္ေနတဲ့အခ်ိန္ဝယ္ၿပီးရင္ ျပန္ေရာင္း ၿပီးရင္ ျပန္ဝယ္ ၿပီးရင္ ျပန္ေရာင္း။ အဝယ္နဲ႔ စ အေရာင္းနဲ႔ဆုံးေနာက္ဆုံးျမန္မာေငြက်န္ခဲ့လိမ့္မယ္။ အဲေလာက္ေတာ့ သိထားဖို႔လိုတယ္။ ဒါက ပထမအေၾကာင္း။
ဒုတိယအေၾကာင္းက ဒီလို
ရင္းႏွီးျမဳပ္ႏွံမႈဆိုတာဟာ ပိုက္ဆံ ရွိတိုင္းလုပ္လို႔ရတာမဟုတ္ဘူး။ သတင္းအခ်က္အလက္လိုတယ္
သတင္းအခ်က္အလက္ဆိုတာမ်ိဳးကေနရာတိုင္းက ရႏိုင္တယ္။ ဒါေပမယ့္ ကာလတစ္ခုထိပဲ မွန္ႏိုင္တယ္။အဲဒါမ်ိဳးကို အေသဆုတ္ကိုင္ထားလို႔မရဘူး။
USD ေစ်း တက္တယ္။ဘာလို႔တက္လဲဆိုတဲ့အေၾကာင္းေတြအမ်ားႀကီး ရွိတယ္။ခုက်တယ္။ ဘာလို႔ က်တယ္ဆိုတဲ့ အေၾကာင္းေတြလဲအမ်ားႀကီးရွိတယ္။
အဲဒါေတြကို ျမင္ေအာင္ၾကည့္ဖို႔လိုတယ္။ ေနာက္အရွိန္ကို သိဖို႔လိုတယ္။အခု က်တယ္။ပိုက်မွာ ေၾကာက္ လို႔ေရာင္းၾကတယ္။ေရာင္းေလက်ေလျဖစ္မွာပဲ။
ဘယ္အခ်ိန္ ရပ္သြားမလဲဆိုတဲ့ အရွိန္ကိုမွန္းတတ္ဖို႔လိုတယ္။အဲဒီအခ်ိန္နားဝယ္ရင္ အက်ဆုံးေစ်းနဲ႔ ဝယ္ႏိုင္မယ္။အဲလိုပဲ တက္တုန္းကလဲ ပိုတက္မွာေၾကာက္လို႔ ဝယ္ၾကတယ္။
ဘယ္အခ်ိန္မွာ ရပ္မလဲဆိုတာ မွန္းႏိုင္ရင္အတက္ဆုံးေစ်းနဲ႔ေရာင္းႏိုင္မယ္။ေနာက္တစ္ခု က ေတာ့ Emotion နဲ႔ ေလာဘကို ထိန္းႏိုင္ဖို႔လိုတယ္။
ပိုက္ဆံနဲ႔ ရင္းထားတာမို႔ဆုံးရႈံးမွာေတာ့ ေၾကာက္ၾကတာႀကီးပဲဆိုေပမယ့္ ေစ်းကြက္ေျပာင္းတာနဲ႔ စြတ္ေၾကာက္ေနလို႔ေတာ့မရဘူး။
တက္ရင္ ေၾကာက္လို႔ဝယ္ က်ရင္ ေၾကာက္လို႔ေရာင္းဆိုရင္ ဘယ္လိုမွအဆင္မေျပႏိုင္ဘူး။အဲေလာက္သိရင္ကို ေတာ္ေတာ္ ဟုတ္ေနၿပီ။
Source: Michael