ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရန်ကုန်အပါ တိုင်းနှင့်ပြည်နယ်အချို့ မိုးကြီးနိုင်
ကပ္ပလီပင်လယ်ပြင်နဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ လေဖိအားနည်း ရပ်ဝန်း တစ်ခုဖြစ်ပေါ်နေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့အောက်တိုဘာ ၂၀ ရက် မြန်မာစံတော်ချိန် မနက် ၁၁ နာရီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီလေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကိုရွေ့လျားနိုင်ပြီး၊အောက်တိုဘာ ၂၂ ရက်မှာဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။
အဲဒီကနေတစ်ဆင့် အောက်တိုဘာ ၂၄ ရက်မှာ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကိုအားကောင်းလာနိုင်တယ်လို့ခန့်မှန်း ရကြောင်းလည်းဖော်ပြထားပါတယ်။အဆိုပါလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် (၂၂.၁၀.၂၀၂၂)ရက်နေ့မှ (၂၆.၁၀.၂၀၂၂)ရက်နေ့အတွင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်
မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှနေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး၊အချို့ဒေသများတွင်ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာတွေဖြစ် ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့
ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ကြဖို့ အသိပေးနှိုးဆော်ချက်တွေလည်းထုတ်ပြန်ထားပါတယ်။
Zawgyi
ဆိုင္ကလုန္းမုန္တိုင္းအရွိန္ေၾကာင့္ ရန္ကုန္အပါ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕ မိုးႀကီးႏိုင္
ကပၸလီပင္လယ္ျပင္နဲ႔ ဆက္စပ္လ်က္ရွိတဲ့ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတို႔မွာ ေလဖိအားနည္း ရပ္ဝန္း တစ္ခုျဖစ္ေပၚေနတယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနရဲ႕ေအာက္တိုဘာ ၂၀ ရက္ ျမန္မာစံေတာ္ခ်ိန္ မနက္ ၁၁ နာရီထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။
အဲဒီေလဖိအားနည္းရပ္ဝန္းဟာ အေနာက္-အေနာက္ေျမာက္ဘက္ကိုေ႐ြ႕လ်ားႏိုင္ၿပီး၊ေအာက္တိုဘာ ၂၂ ရက္မွာဘဂၤလားပင္လယ္ေအာ္ အလယ္ပိုင္းနဲ႔ ဆက္စပ္ေနတဲ့ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတို႔မွ မုန္တိုင္းငယ္အျဖစ္ေရာက္ရွိႏိုင္တယ္လို႔ဆိုပါတယ္။
အဲဒီကေနတစ္ဆင့္ ေအာက္တိုဘာ ၂၄ ရက္မွာ ဘဂၤလား ပင္လယ္ေအာ္အေနာက္အလယ္ပိုင္းမွာ ဆိုင္ကလုန္းမုန္တိုင္းအျဖစ္ကိုအားေကာင္းလာႏိုင္တယ္လို႔ခန႔္မွန္း ရေၾကာင္းလည္းေဖာ္ျပထားပါတယ္။အဆိုပါေလဖိအားနည္းရပ္ဝန္း၏ အရွိန္ေၾကာင့္ (၂၂.၁၀.၂၀၂၂)ရက္ေန႔မွ (၂၆.၁၀.၂၀၂၂)ရက္ေန႔အတြင္း
စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပားႏွင့္ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္
မြန္ျပည္နယ္တို႔တြင္ ေနရာကြက္က်ားမွေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာႏိုင္ၿပီး၊အခ်ိဳ႕ေဒသမ်ားတြင္ေဒသအလိုက္ႏွင့္ေနရာကြက္၍ မိုးႀကီးျခင္းမ်ားျဖစ္ေပၚႏိုင္ပါသည္။ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံမိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီးလႈိင္းႀကီးမည္။
မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္တစ္နာရီလွ်င္ မိုင္(၄၀)အထိတိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၉)ေပမွ (၁၃)ေပခန႔္ ရွိႏိုင္ပါသည္။
ေလဖိအားနည္းရပ္ဝန္းအရွိန္ေၾကာင့္ မိုး႐ြာသြန္းတာနဲ႔အတူ ေလျပင္းတိုက္ခတ္တာ၊ မိုးထစ္ခ်ဳန္းတာေတြျဖစ္ ေပၚႏိုင္တာေၾကာင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကဖို႔နဲ႔ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔
ကမ္းလြန္ပင္လယ္ျပင္တို႔ရွိကမ္းနီး၊ကမ္းေဝးငါးဖမ္းေရယာဥ္ေတြ၊ သေဘၤာေတြအေနနဲ႔လည္း ႀကိဳတင္သတိျပဳႏိုင္ၾကဖို႔ အသိေပးႏႈိးေဆာ္ခ်က္ေတြလည္းထုတ္ျပန္ထားပါတယ္။