မှတ်ပုံတင်အပိုကိုင်ဆောင်ထားသူများ၏ ဘဏ်အကောင့်များအား ပယ်ဖျက်မည်ဖြစ်ပြီးအိမ်၊ခြံမြေကားနှင့်အခြားသောပိုင်ဆိုင်မှုများလည်းလွှဲပြောင်းရောင်းဝယ်ပြုလုပ်ခွင့်မရတော့ဟုဆို
နိုဝင်ဘာလ(၁) ရက်မှစတင်ကာအပိုကိုင် ဆောင်ထားမှတ်ပုံတင်နံပါတ်နှင့်သန်းခေါင်စာရင်းများကို ပယ်ဖျက်သွားမည်ဖြစ်ပြီးပယ်ဖျက်ခံရသည့် မှတ်ပုံတင်နံမှတ်ဖြင့် ဖွင့်လှစ်ထားသည့်ဘဏ်အကောင့်များကိုပါပယ်ဖျက်ပစ်မည်ဖြစ်ကြောင်းသိရသည်။လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဆောင်ရွက်နေသည့် Database အစီအစဉ်မှာ
ပြီးစီးနေပြီဖြစ်သည့်အတွက် နိုဝင်ဘာလ (၁) ရက်မှစတင်ကာ software စနစ်များစတင်မည်ဖြစ်ကြောင်းလည်းသိရသည်။ယင်းကဲ့သို့ စတင်ပါကအမည်တစ်ခုတည်းဖြင့်မှတ်ပုံတင်နံပါတ် (၂)ခု ကိုင်ဆောင်ထားပါကတစ်ခုကို Software စနစ်မှအလိုအလျောက်ဖျက်သိမ်းသွားမည်ဖြစ်ပြီးဖျက်သိမ်းခံရသည့်မှတ်ပုံတင်နံပါတ်များကို ဘဏ်များသို့ပေးပို့ အကြောင်းကြားသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပယ်ဖျက်ခံရသည့်မှတ်ပုံတင်နံပါတ်ဖြင့် ဖွင့်လှစ်ထားသည့်ဘဏ်အကောင့်များမှာနိုဝင်ဘာ (၁) ရက်မှစတင်ကာငွေသွင်းငွေထုတ်လုပ်ဆောင်၍ရမည်မဟုတ်ဘဲပယ်ဖျက်ခံရမည်ဖြစ်ကြောင်းသိရသည်။ထို့အပြင်ပိုင်ဆိုင်မှုများ၊မြေများ၊အိမ်၊ကားနှင့်အခြားသောပိုင်ဆိုင်မှုများကိုလည်း
နိုဝင်ဘာ(၁) ရက်နောက် ပိုင်းမှ စတင်ကာလွှဲပြောင်း၊ရောင်းချ၊ဝယ်ယူခြင်းများလုပ်ဆောင်ခွင့်ရမည် မဟုတ်တော့ကြောင်းသိရသည်။ထို့အပြင်သန်းခေါင်းစာရင်းတစ်ခုအထက် ရှိသူများအနေဖြင့်လည်း တစ်ခုတည်းသာထားရှိရမည်ဖြစ်ပြီးအပိုများအား Software စနစ်ဖြင့်
အလိုအလျှောက်ဖျက်သိမ်းသွားမည်ဖြစ်သည်။နစကအစိုးရက ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွ က် ကြိုတင်ပြင်ဆင်မှုအနေဖြင့်လူဦးရေ၊သန်းခေါင်စာရင်းနှင့်အမျိုးသားမှတ်ပုံတင်ကတ်ပြားများစိစစ် စစ်ဆေးခြင်းနှင့် Database လုပ်ငန်းများကိုနိုင်ငံတဝန်းဆောင်ရွက်နေခြင်းဖြစ်ပြီးလက်ရှိတွင်ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
မှတ်ပုံတင် ပျောက်ဆုံး/ပျက်စီးသူများ၊အသက်(၁၀)နှစ်ပြည့်ပြီးမှတ်ပုံတင်မပြုလုပ်ရသေးသူများသည်သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် သွားရောက်၍ဖြေရှင်းပြုလုပ်ရမည်ဖြစ်ကာပန်းခင်းစီမံချက်များဖြင့် ပြုလုပ်ခြင်းများကိုဆောင်ရွက်နိုင်သည်ဟုလဝကဝန်ကြီးဌာနကအသိပေးထုတ်ပြန်ထားသည်။
ထို့အပြင်မှတ်ပုံတင်တွင်ပါရှိသည့်အချက်အလက်များ ကွဲလွဲပါကသက်ဆိုင်ရာမြို့နယ်လဝက ရုံးများ၌သွာရောက်ပြင်ဆင်ရမည်ဖြစ်ပြီးမိမိ၏မှတ်ပုံတင်ကတ်အားအခြားသူတစ်ဦးမှကိုင်ဆောင်ထားသည်ဟုသံသယရှိပါကသက်ဆိုင်ရာမြို့နယ်လဝက ရုံးများသို့သတင်းပို့ရမည်ဖြစ်ကြောင်းလည်းအသိပေးထုတ်ပြန်ထားသည်။
Credit
Zawgyi
မွတ္ပုံတင္အပိုကိုင္ေဆာင္ထားသူမ်ား၏ ဘဏ္အေကာင့္မ်ားအား ပယ္ဖ်က္မည္ျဖစ္ၿပီးအိမ္၊ၿခံေျမကားႏွင့္အျခားေသာပိုင္ဆိုင္မႈမ်ားလည္းလႊဲေျပာင္းေရာင္းဝယ္ျပဳလုပ္ခြင့္မရေတာ့ဟုဆို
ႏိုဝင္ဘာလ(၁) ရက္မွစတင္ကာအပိုကိုင္ ေဆာင္ထားမွတ္ပုံတင္နံပါတ္ႏွင့္သန္းေခါင္စာရင္းမ်ားကို ပယ္ဖ်က္သြားမည္ျဖစ္ၿပီးပယ္ဖ်က္ခံရသည့္ မွတ္ပုံတင္နံမွတ္ျဖင့္ ဖြင့္လွစ္ထားသည့္ဘဏ္အေကာင့္မ်ားကိုပါပယ္ဖ်က္ပစ္မည္ျဖစ္ေၾကာင္းသိရသည္။လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနမွေဆာင္႐ြက္ေနသည့္ Database အစီအစဥ္မွာ
ၿပီးစီးေနၿပီျဖစ္သည့္အတြက္ ႏိုဝင္ဘာလ (၁) ရက္မွစတင္ကာ software စနစ္မ်ားစတင္မည္ျဖစ္ေၾကာင္းလည္းသိရသည္။ယင္းကဲ့သို႔ စတင္ပါကအမည္တစ္ခုတည္းျဖင့္မွတ္ပုံတင္နံပါတ္ (၂)ခု ကိုင္ေဆာင္ထားပါကတစ္ခုကို Software စနစ္မွအလိုအေလ်ာက္ဖ်က္သိမ္းသြားမည္ျဖစ္ၿပီးဖ်က္သိမ္းခံရသည့္မွတ္ပုံတင္နံပါတ္မ်ားကို ဘဏ္မ်ားသို႔ေပးပို႔ အေၾကာင္းၾကားသြားမည္ျဖစ္ေၾကာင္းသိရသည္။
အဆိုပါပယ္ဖ်က္ခံရသည့္မွတ္ပုံတင္နံပါတ္ျဖင့္ ဖြင့္လွစ္ထားသည့္ဘဏ္အေကာင့္မ်ားမွာႏိုဝင္ဘာ (၁) ရက္မွစတင္ကာေငြသြင္းေငြထုတ္လုပ္ေဆာင္၍ရမည္မဟုတ္ဘဲပယ္ဖ်က္ခံရမည္ျဖစ္ေၾကာင္းသိရသည္။ထို႔အျပင္ပိုင္ဆိုင္မႈမ်ား၊ေျမမ်ား၊အိမ္၊ကားႏွင့္အျခားေသာပိုင္ဆိုင္မႈမ်ားကိုလည္း
ႏိုဝင္ဘာ(၁) ရက္ေနာက္ ပိုင္းမွ စတင္ကာလႊဲေျပာင္း၊ေရာင္းခ်၊ဝယ္ယူျခင္းမ်ားလုပ္ေဆာင္ခြင့္ရမည္ မဟုတ္ေတာ့ေၾကာင္းသိရသည္။ထို႔အျပင္သန္းေခါင္းစာရင္းတစ္ခုအထက္ ရွိသူမ်ားအေနျဖင့္လည္း တစ္ခုတည္းသာထားရွိရမည္ျဖစ္ၿပီးအပိုမ်ားအား Software စနစ္ျဖင့္
အလိုအေလွ်ာက္ဖ်က္သိမ္းသြားမည္ျဖစ္သည္။နစကအစိုးရက ၂၀၂၃ ခုႏွစ္ ေ႐ြးေကာက္ပြဲအတြ က္ ႀကိဳတင္ျပင္ဆင္မႈအေနျဖင့္လူဦးေရ၊သန္းေခါင္စာရင္းႏွင့္အမ်ိဳးသားမွတ္ပုံတင္ကတ္ျပားမ်ားစိစစ္ စစ္ေဆးျခင္းႏွင့္ Database လုပ္ငန္းမ်ားကိုႏိုင္ငံတဝန္းေဆာင္႐ြက္ေနျခင္းျဖစ္ၿပီးလက္ရွိတြင္ရာႏႈန္းျပည့္ ၿပီးစီးေနၿပီျဖစ္ေၾကာင္းသိရသည္။
မွတ္ပုံတင္ ေပ်ာက္ဆုံး/ပ်က္စီးသူမ်ား၊အသက္(၁၀)ႏွစ္ျပည့္ၿပီးမွတ္ပုံတင္မျပဳလုပ္ရေသးသူမ်ားသည္သက္ဆိုင္ရာၿမိဳ႕နယ္ လဝက႐ုံးမ်ားတြင္ သြားေရာက္၍ေျဖရွင္းျပဳလုပ္ရမည္ျဖစ္ကာပန္းခင္းစီမံခ်က္မ်ားျဖင့္ ျပဳလုပ္ျခင္းမ်ားကိုေဆာင္႐ြက္ႏိုင္သည္ဟုလဝကဝန္ႀကီးဌာနကအသိေပးထုတ္ျပန္ထားသည္။
ထို႔အျပင္မွတ္ပုံတင္တြင္ပါရွိသည့္အခ်က္အလက္မ်ား ကြဲလြဲပါကသက္ဆိုင္ရာၿမိဳ႕နယ္လဝက ႐ုံးမ်ား၌သြာေရာက္ျပင္ဆင္ရမည္ျဖစ္ၿပီးမိမိ၏မွတ္ပုံတင္ကတ္အားအျခားသူတစ္ဦးမွကိုင္ေဆာင္ထားသည္ဟုသံသယရွိပါကသက္ဆိုင္ရာၿမိဳ႕နယ္လဝက ႐ုံးမ်ားသို႔သတင္းပို႔ရမည္ျဖစ္ေၾကာင္းလည္းအသိေပးထုတ္ျပန္ထားသည္။
Credit