ယခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် (၅)ရက်တိုင်တိုင် ကျင်းပမည်

ယခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် (၅)ရက်တိုင်တိုင် ကျင်းပမည်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာတန်ဆောင်တိုင်ပွဲတော်ကြီးကိုမဟာအံ့ထူးကံသာဘုရားကြီး၊ တန်ဆောင်တိုင်ပွဲတော်ကွင်းမှာနိုဝင်ဘာ ၄ ရက်ကနေ ၈ ရက်အထိ ၅ ရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီကနေသိရပါတယ်။

ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကိုပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာတော့ကိုဗစ်ကြောင့်မကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနှစ်ကျင်းပမယ့်ပွဲတော်မှာ နိုင်ငံကျော်အဆိုတော်တွေရဲ့စတိတ်ရှိုးပွဲတွေ၊

ပျော်ပွဲရွှင်ပွဲတွေ၊ နေ့/ညအလှ မီးပုံးပျံလွှတ်ပွဲတော်တွေ၊ ဈေးရောင်းပွဲတော်တွေနဲ့ စည်ကားစွာကျင်းပမှာဖြစ်တယ်လို့ဆိုပါတယ်။အဲဒါကြောင့် ပွဲတော်မှာပါဝင်လိုတဲ့ ကြော်ငြာလုပ်ငန်းရှင်တွေ၊ ဈေးရောင်းပွဲတော်ကျင်းပလိုသူတွေ၊

ကုမ္ပဏီ အရောင်းပြခန်းတွေလုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။

Credit

Zawgyi






Credit

Leave a Comment