အခေါက်ရွှေဝယ်ယူရာတွင် ပေးရတဲ့ဈေးနှင့် ဘောင်ချာမှာပါတဲ့ဈေးနှုန်းမတူညီတဲ့ ဈေကွက်အတွင်းမှဂယက်
လက်ရှိရွှေဈေးကွက်အတွင်း ရွှေဆိုင်တွေရဲ့ရောင်းတဲ့ဈေးနဲ့ ပြန်ဝယ်တဲ့ဈေးကကျပ်တစ်သိန်းနီးပါးကွာဟနေပြီး ဘောင်ချာမှာဖွင့်တဲ့ဈေးထက်ပိုပေးဝယ်နေရတယ်လို့ရွှေဝယ်ယူသူတွေကပြောပါတယ်။
ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာရှိတဲ့ ရွှေဆိုင်တချို့မှာအောက်တိုဘာ ၂၀ရက်ကရွှေဈေး ကျပ် ၂၄၇၀၀၀၀ နဲ့ ရွှေအရောင်းအဝယ်လုပ်တယ်လို့ထုတ်ပြန်ခဲ့ကြပြီး အမှန်တကယ်ရောင်းဝယ်ရာမှာကျပ် ၂၅၉၀၀၀၀ နဲ့ရောင်းသလိုဘောင်ချာမှာတော့ဆိုင်တွေကထုတ်ပြန်တဲ့ ရွှေဈေး ၂၄၇၀၀၀၀ နဲ့သာဈေးဖွင့်ပေးတယ်လို့ ရွှေဝယ်သူတစ်ဦးကသူရဲ့အတွေ့အကြုံကို လူမှုကွန်ရက်က တဆင့် မျှဝေထားပါတယ်။
“ရွှေဈေးကအခုဆိုင်တွေက မထုတ်ပြန်တာကြာပြီဆိုင်လာခဲ့အဲ့တော့မှဈေးပြောမယ်ဆိုတာမျိုးပေါ့။ဈေးကွက်မတည်ငြိမ်ထဲကရောင်းဈေးဝယ်ဈေးကို သုံးလေးသောင်းဟပြီးအရောင်းအဝယ်လုပ်ကြတာ။ မနေ့ကတော့ ရွှေဈေး ၂၄သိန်း ၇ သောင်းကျော်ဆိုင်တွေကထုတ်ပြန်တော့ရွှေဝယ်တဲ့သူတချို့သွားကြတဲ့အခါ ၂၅သိန်းကျော် ၂၆ သိန်းဝန်းကျင်ရောင်းတယ်။
ဘောင်ချာမှာတော့သူတို့ထုတ်ပြန်တဲ့ဈေးပဲရေးပေးတာပေါ့။တစ်ကျပ်သားတစ်သိန်းလောက်ဒီနေ့ဝယ်ဒီနေ့ရှုံးဖြစ်နေတာ။အခုတက်ဈေးနဲ့မိထားတဲ့သူတွေလည်းရှိတယ်။သူတို့ကလည်းမရောင်းသရွေ့မရှုံးဘူးဆိုတာမျိုးနဲ့ဖြေသိမ့်နေရတဲ့အနေအထားပေါ့”လို့ ရွှေဝယ်ယူသူတစ်ဦးကပြောပါတယ်။ဒီနေ့အောက်တိုဘာ ၂၁ ရက်ရွှေဆိုင်တွေရဲ့ရောင်းဝယ်တဲ့ဈေးနှုန်းကိုဆက်သွယ်စုံစမ်းရာမှာတော့
ဖုန်းနဲ့မဖြေကြားနိုင်ဘဲဆိုင်လာမှသာဈေးပြောပေးမယ်လို့ဆိုကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ရွှေအသင်းနဲ့ မန္တလေးရွှေအသင်းတို့ကရွှေထုတ်ရောင်းခဲ့ကြပြီးတစ်ကျပ်သားကိုကျပ် ၂၅ သိန်းနဲ့အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကာပြည်တွင်းဒေါ်လာဈေးအတက်အကျပေါ်မူတည်ပြီးဈေးနှုန်း သတ်မှတ်ခဲ့ကြတယ်လို့သိရပါတယ်။ယနေ့မှာတော့ကျပ် ၁၉ သိန်း ကျော်ဝန်းကျင်မှာပဲရှိနေခဲ့တဲ့ရွှေအသင်းကထုတ်ပြန်တဲ့ရည်ညွှန်းဈေးဟာ
ဒီနေ့ အောက်တိုဘာ ၂၁ ရက်ရွှေရည်ညွှန်းဈေးအဖွင့်ဈေးထုတ်ပြန်ရာမှာတော့ကျပ် ၂၄ သိန်းကျော်အထိမြင့်တက်သွားတယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။အောက်တိုဘာလတတိယပတ်အတွင်း YGEAက ထုတ်ပြန်တဲ့ရွှေရည်ညွှန်းဈေးကမီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၁၉ သိန်းကျော်ဝန်းကျင်မှာရှိနေခဲ့ပေမယ့်
ဒီနေ့အောက်တိုဘာ ၂၁ ရက်နေ့ ရွှေအဖွင့်ဈေးထုတ်ပြန်ရာမှာတော့ တစ်ကျပ်သားကို ၂၄၇၅၆၆၅ ကျပ်နဲ့ ထုတ်ပြန်လာပါတယ်။ရွှေရည်ညွှန်းဈေး ၅သိန်းလောက် မြင့်တက်သွားတာနဲ့ပတ်သက်ပြီး YGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကို ဆက်သွယ်မေးမြန်းရာမှာတော့
“ဒါကတော့အသေးစိတ်ပြောကြားလို့မရသေးဘူး။ ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်တောင်းထားတုန်း။ဗဟိုဘဏ်ဘက်ကပြန်ကြားပြီးမှ ပြောလို့ရမယ်”လို့ဖြေကြားပါတယ်။YGEA အသင်းရဲ့ထုတ်ပြန်ချက်အရ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၆၂၆ ဒေါ်လာဖြစ်ပြီးပြည်တွင်းဒေါ်လာဈေးကိုတော့ ဗဟိုဘဏ်သတ်မှတ်ဒေါ်လာဈေး ၂၁၀၀ ကျပ်နဲ့ထုတ်ပြန်ထားပါတယ်။
မနေ့က အောက်တိုဘာ ၂၀ ရက် YGEAရဲ့ ရွှေအဖွင့်ဈေးကတော့ မီးလင်းရွှေတစ်ကျပ်သားကို၁၉၂၀၀၀၀ ကျပ်ဖြစ်ပြီး ရွှေအပိတ်ဈေးကတော့ ၁၉၂၆၀၀၀ ကျပ်နဲ့ဈေးပိတ်ခဲ့တာဖြစ်ပါတယ်။
Credit
Zawgyi
အေခါက္ေ႐ႊဝယ္ယူရာတြင္ ေပးရတဲ့ေစ်းႏွင့္ ေဘာင္ခ်ာမွာပါတဲ့ေစ်းႏႈန္းမတူညီတဲ့ ေစ်ကြက္အတြင္းမွဂယက္
လက္ရွိေ႐ႊေဈးကြက္အတြင္း ေ႐ႊဆိုင္ေတြရဲ႕ေရာင္းတဲ့ေဈးနဲ႔ ျပန္ဝယ္တဲ့ေဈးကက်ပ္တစ္သိန္းနီးပါးကြာဟေနၿပီး ေဘာင္ခ်ာမွာဖြင့္တဲ့ေဈးထက္ပိုေပးဝယ္ေနရတယ္လို႔ေ႐ႊဝယ္ယူသူေတြကေျပာပါတယ္။
ရန္ကုန္ၿမိဳ႕နဲ႔ မႏၲေလးၿမိဳ႕မွာရွိတဲ့ ေ႐ႊဆိုင္တခ်ိဳ႕မွာေအာက္တိုဘာ ၂၀ရက္ကေ႐ႊေဈး က်ပ္ ၂၄၇၀၀၀၀ နဲ႔ ေ႐ႊအေရာင္းအဝယ္လုပ္တယ္လို႔ထုတ္ျပန္ခဲ့ၾကၿပီး အမွန္တကယ္ေရာင္းဝယ္ရာမွာက်ပ္ ၂၅၉၀၀၀၀ နဲ႔ေရာင္းသလိုေဘာင္ခ်ာမွာေတာ့ဆိုင္ေတြကထုတ္ျပန္တဲ့ ေ႐ႊေဈး ၂၄၇၀၀၀၀ နဲ႔သာေဈးဖြင့္ေပးတယ္လို႔ ေ႐ႊဝယ္သူတစ္ဦးကသူရဲ႕အေတြ႕အႀကဳံကို လူမႈကြန္ရက္က တဆင့္ မွ်ေဝထားပါတယ္။
“ေ႐ႊေဈးကအခုဆိုင္ေတြက မထုတ္ျပန္တာၾကာၿပီဆိုင္လာခဲ့အဲ့ေတာ့မွေဈးေျပာမယ္ဆိုတာမ်ိဳးေပါ့။ေဈးကြက္မတည္ၿငိမ္ထဲကေရာင္းေဈးဝယ္ေဈးကို သုံးေလးေသာင္းဟၿပီးအေရာင္းအဝယ္လုပ္ၾကတာ။ မေန႔ကေတာ့ ေ႐ႊေဈး ၂၄သိန္း ၇ ေသာင္းေက်ာ္ဆိုင္ေတြကထုတ္ျပန္ေတာ့ေ႐ႊဝယ္တဲ့သူတခ်ိဳ႕သြားၾကတဲ့အခါ ၂၅သိန္းေက်ာ္ ၂၆ သိန္းဝန္းက်င္ေရာင္းတယ္။
ေဘာင္ခ်ာမွာေတာ့သူတို႔ထုတ္ျပန္တဲ့ေဈးပဲေရးေပးတာေပါ့။တစ္က်ပ္သားတစ္သိန္းေလာက္ဒီေန႔ဝယ္ဒီေန႔ရႈံးျဖစ္ေနတာ။အခုတက္ေဈးနဲ႔မိထားတဲ့သူေတြလည္းရွိတယ္။သူတို႔ကလည္းမေရာင္းသေ႐ြ႕မရႈံးဘူးဆိုတာမ်ိဳးနဲ႔ေျဖသိမ့္ေနရတဲ့အေနအထားေပါ့”လို႔ ေ႐ႊဝယ္ယူသူတစ္ဦးကေျပာပါတယ္။ဒီေန႔ေအာက္တိုဘာ ၂၁ ရက္ေ႐ႊဆိုင္ေတြရဲ႕ေရာင္းဝယ္တဲ့ေဈးႏႈန္းကိုဆက္သြယ္စုံစမ္းရာမွာေတာ့
ဖုန္းနဲ႔မေျဖၾကားႏိုင္ဘဲဆိုင္လာမွသာေဈးေျပာေပးမယ္လို႔ဆိုၾကပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းကရန္ကုန္ေ႐ႊအသင္းနဲ႔ မႏၲေလးေ႐ႊအသင္းတို႔ကေ႐ႊထုတ္ေရာင္းခဲ့ၾကၿပီးတစ္က်ပ္သားကိုက်ပ္ ၂၅ သိန္းနဲ႔အေရာင္းအဝယ္ျဖစ္ေပၚခဲ့ကာျပည္တြင္းေဒၚလာေဈးအတက္အက်ေပၚမူတည္ၿပီးေဈးႏႈန္း သတ္မွတ္ခဲ့ၾကတယ္လို႔သိရပါတယ္။ယေန႔မွာေတာ့က်ပ္ ၁၉ သိန္း ေက်ာ္ဝန္းက်င္မွာပဲရွိေနခဲ့တဲ့ေ႐ႊအသင္းကထုတ္ျပန္တဲ့ရည္ၫႊန္းေစ်းဟာ
ဒီေန႔ ေအာက္တိုဘာ ၂၁ ရက္ေ႐ႊရည္ၫႊန္းေစ်းအဖြင့္ေစ်းထုတ္ျပန္ရာမွာေတာ့က်ပ္ ၂၄ သိန္းေက်ာ္အထိျမင့္တက္သြားတယ္လို႔ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္း(YGEA)ရဲ႕ ထုတ္ျပန္ခ်က္အရသိရပါတယ္။ေအာက္တိုဘာလတတိယပတ္အတြင္း YGEAက ထုတ္ျပန္တဲ့ေ႐ႊရည္ၫႊန္းေဈးကမီးလင္းေ႐ႊ တစ္က်ပ္သားကို က်ပ္ ၁၉ သိန္းေက်ာ္ဝန္းက်င္မွာရွိေနခဲ့ေပမယ့္
ဒီေန႔ေအာက္တိုဘာ ၂၁ ရက္ေန႔ ေ႐ႊအဖြင့္ေစ်းထုတ္ျပန္ရာမွာေတာ့ တစ္က်ပ္သားကို ၂၄၇၅၆၆၅ က်ပ္နဲ႔ ထုတ္ျပန္လာပါတယ္။ေ႐ႊရည္ၫႊန္းေစ်း ၅သိန္းေလာက္ ျမင့္တက္သြားတာနဲ႔ပတ္သက္ၿပီး YGEA အသင္းဥကၠ႒ ဦးမ်ိဳးျမင့္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့
“ဒါကေတာ့အေသးစိတ္ေျပာၾကားလို႔မရေသးဘူး။ ဗဟိုဘဏ္ရဲ႕ခြင့္ျပဳခ်က္ေတာင္းထားတုန္း။ဗဟိုဘဏ္ဘက္ကျပန္ၾကားၿပီးမွ ေျပာလို႔ရမယ္”လို႔ေျဖၾကားပါတယ္။YGEA အသင္းရဲ႕ထုတ္ျပန္ခ်က္အရ ကမာၻ႔ေ႐ႊေစ်းဟာ တစ္ေအာင္စကို ၁၆၂၆ ေဒၚလာျဖစ္ၿပီးျပည္တြင္းေဒၚလာေစ်းကိုေတာ့ ဗဟိုဘဏ္သတ္မွတ္ေဒၚလာေစ်း ၂၁၀၀ က်ပ္နဲ႔ထုတ္ျပန္ထားပါတယ္။
မေန႔က ေအာက္တိုဘာ ၂၀ ရက္ YGEAရဲ႕ ေ႐ႊအဖြင့္ေစ်းကေတာ့ မီးလင္းေ႐ႊတစ္က်ပ္သားကို၁၉၂၀၀၀၀ က်ပ္ျဖစ္ၿပီး ေ႐ႊအပိတ္ေစ်းကေတာ့ ၁၉၂၆၀၀၀ က်ပ္နဲ႔ေစ်းပိတ္ခဲ့တာျဖစ္ပါတယ္။
Credit