“မသာစ ဆောင်၊ ကျောင်းစ ရှောင်”ဆိုတဲ့ ဆိုရိုးစကားရဲ့ ဆိုလိုရင်းအဓိပ္ပါယ်

မသာစ ဆောင်…ကျောင်းစ ရှောင်” ဟူသော ရှေးဆိုရိုး ဆုံးမစကား ရှိ၏ ။မသာစ ဆောင် ” ဆိုသည်မှာ နာရေး အသုဘတို့၌ ဝေငှသည့် သံဝေဂလင်္ကာများ ပါသော ယပ်တောင်တို့ကို ဆောင်ထားခြင်းဖြင့် ထိုယပ်တောင်ကိုမြင်တိုင်း ထိုသံဝေဂ လင်္ကာတို့ကို ဖတ်မိ

တိုင်း ငါလည်း… တစ်နေ့ သေရအုံးမှာ ပါလား”ဟု မမြဲခြင်း/ဆင်းရဲခြင်း/အစိုးမရခြင်း သဘော တို့ကို ဆင်ခြင်၍ သံဝေဂဉာဏ်ဖြစ်နိုင်သော ကြောင့်တည်း ။“ ကျောင်းစ ရှောင် ” ဆိုသည်မှာ လူတို့သည် သံဃာတော်များ ထံမှ သွားတိုက်ဆေး /တံ ၊ ဆပ်ပြာခဲ/မှုန့် ၊ မျက်နှာသုတ်ပဝါ စသည်တို့ကို ရတတ်၏။ ထိုပစ္စည်းများ သည် စွန့်ကြဲသော ရဟန်းတစ်ပါးတည်းသာ ပိုင်ဆိုင်သည့် ပုဂ္ဂလိကပစ္စည်းများဖြစ်ပါက အကြောင်း မဟုတ်သော်လည်း

သံဃိက ဂရုဘဏ် ပစ္စည်းဖြစ်ပါက ကိုယ်ကျိုးနည်းကာ ဆိုးကျိုး များစွာဖြစ်နိုင်၏။ ထိုသံဃိကဂရု ဘဏ် ပစ္စည်းများကို အသုံးပြုမိတိုင်း သံတွေခဲ , မီးကျီးခဲ , အဆိပ်သီးများကို စားသောက် ရသကဲ့ သို့ဖြစ်ရ၏။”“ဟ ငါတို့ဘုန်းကြီးက ကျောင်းထိုင်ဆရာတော်လေ သူကိုယ်တိုင် စွန့်လို့ယူတာ ဘာအပြစ် ဖြစ်ရမှာတုန်း ” ဟုပြောဆိုကြသူများ ရှိကြ၏ ။ကျောင်းထိုင် ဘုန်းကြီးဖြစ်နေပါစေ သာသနာပိုင် ဆရာတော်ကြီးဖြစ်နေပါစေ သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီး ဖြစ်နေပါစေ.. “သံဃိကဂရုဘဏ္ဍာ” ပစ္စည်းများကို မိမိ သဘောထား ဆန္ဒအတိုင်း ပေးလို့မရ ။ စွန့်လို့မရ ။ ဝေဘန်ခွဲခြမ်းလို့မရ ။

အဘယ့်ကြောင့်နည်း? “မစွန့်အပ် / မဝေဘန်အပ်သော သံဃိကဂရုဘဏ် ပစ္စည်း တို့သည် ဝိနယပိဋကတ်၌ ပါရှိခြင်းကြောင့်တည်း။”ထိုပစ္စည်းတို့မှာ၁။ အာရာမ – အရံ ၂။ အာရာမဝတ္ထု – အရံနေရာ ၃။ ဝိဟာရ – ကျောင်းတိုက် ၄။ ဝိဟာရဝတ္ထု – ကျောင်းတိုက်နေရာ ၅။ မဉ္စ – ညောင်စောင်း ၆။ ပီဌ – အင်းပျဉ် ၇။ ဘိသိ – ဘုံလျို။၈။ ဗိဗ္ဗောဟန – ခေါင်းအုံး။၉။ လောဟကုမ္ဘီ – ကြေးအိုး ၁၀။ လောဟဘာဏက – ကြေးအိုးစရည်း ၁၁။ လောဟဝါတက ၁၂။ လောဟကဋာဟ – ကြေးဖျဉ်းအိုး ၁၃။ ဝါသိ – ပဲခွပ် (တံစဉ်း) ၁၄။ ဖရသု – ပုဆိန် ၁၅။ ကုဓာရီ – ဓားမ။၁၆။ ကုဒါလ – ပေါက်တူး ၁၇။ နိဒါဒနံ – ဆောက် ၁၈။ ဝလ္လိ – နွယ်ပင် ၁၉။ ဝေဠု – ဝါးပင် ၂၀။ မုဉ္ဇ – ဖြူဆံမြက်ပင် ၂၁။ ပဗ္ဗဇ – ပြိတ်မြက်ပင် ၂၂။ တိဏ – ကြွင်းသောမြက် ၂၃။ မတ္တိကာ – မြေညက် ၂၄။ ဒါရုဘဏ္ဍာ – သစ်ဘဏ္ဍာ ၂၅။ မတ္တိကာဘဏ္ဍ – မြေဘဏ္ဍာ။ဤသို့(၂၅ )ခု သရုပ်ပြု သော်လည်း ဆိုင်ရာတစ်ခုချင်းကို ထပ်စိပ်သော် အမြောက်အများရ၏။

ထို့ကြောင့်… သံဃိကဂရုဘဏ္ဍာ(၂၅) မျိုး၌ အကျုံးဝင် သည့် ဘုန်းကြီးကျောင်းဝန်း အတွင်း၌ ခရေပန်း ကောက်ခြင်း ၊ ခွေးတောက်ရွက်ခူးခြင်း ၊ သရက်သီးခူးခြင်း ၊ ပန်းကန်ခွက် ယောက်များကို ယူခြင်း ၊ ပေါက်တူး ပုဆိန် စသည်တို့ကို ယူခြင်းစသော… စသော…သံဃိက ပစ္စည်းဟူသမျှ တို့ကို အထူး သတိထား၍ ရှောင်ကြဉ်ထိုက် ၏။ အဘယ်ကြောင့် ဆိုသော် သံဃိက ပစ္စည်း မှန်ပါက သူခိုးတစ်ယောက်က ခိုးယူသွားပြီး ထိုသူခိုးက တခြားသူ ထံပြန်ရောင်း…စသည်ဖြင့် ပိုင်ရှင် အဆက်ဆက် ပြောင်းသွားသော်လည်း သံဃိကပစ္စည်းမှန်သမျှ သံဃိကပစ္စည်း အဖြစ်၌သာ တည်နေသောကြောင့်ဖြစ်၏ ။


“သံဃိကပစ္စည်း အဖြစ်၌ တည်နေပါက အသုံးပြုမိကြသော သူတို့သည် သံတွေခဲ… မီးကျီးခဲ … အဆိပ်သီး တို့ကို မျိုချကာ စားရသကဲ့ သို့ဖြစ်တော့၏။ထိုထို အကြောင်းဖြစ်ရပ် တို့ကြောင့် -” ကျောင်းစ ရှောင် ” ဟူသော ရှေးသူတော်ကောင်း တို့၏ ဆုံးမစကား ကို လိုက်နာ ဆောင်ရွက်သင့်ပေ၏ ။အထူးအားဖြင့် သာသနာ့မြေ သံဃိကမြေများကို ငါပိုင်တယ် ငါတို့ ဘုန်း ကြီးပိုင်တယ် ငါတို့ဆွေမျိုး ဘုန်းကြီး ပိုင်တယ် ဟုပြောဆို အလွဲသုံးစားပြုကာ ရောင်းချ/ ငှားရမ်း နေကြသူများ အထူး သတိပြုစေလို ပါ သည် ။(သံဃိကပစ္စည်း အလွဲသုံးစားမှု များသည် ဗုဒ္ဓဘာသာမြန်မာတို့အတွက် ကပ်သဖွယ် ဆင်းရဲရခြင်း အကြောင်းတစ်ခုဖြစ်နိုင်၏) သစ္စာဓမ္မ မြင်နိုင်ကြပါစေ။Credit

Zawgyi

မသာစ ေဆာင္…ေက်ာင္းစ ေရွာင္” ဟူေသာ ေရွးဆို႐ိုး ဆုံးမစကား ရွိ၏ ။မသာစ ေဆာင္ ” ဆိုသည္မွာ နာေရး အသုဘတို႔၌ ေဝငွသည့္ သံေဝဂလကၤာမ်ား ပါေသာ ယပ္ေတာင္တို႔ကို ေဆာင္ထားျခင္းျဖင့္ ထိုယပ္ေတာင္ကိုျမင္တိုင္း ထိုသံေဝဂ လကၤာတို႔ကို ဖတ္မိ

တိုင္း ငါလည္း… တစ္ေန႔ ေသရအုံးမွာ ပါလား”ဟု မၿမဲျခင္း/ဆင္းရဲျခင္း/အစိုးမရျခင္း သေဘာ တို႔ကို ဆင္ျခင္၍ သံေဝဂဉာဏ္ျဖစ္ႏိုင္ေသာ ေၾကာင့္တည္း ။“ ေက်ာင္းစ ေရွာင္ ” ဆိုသည္မွာ လူတို႔သည္ သံဃာေတာ္မ်ား ထံမွ သြားတိုက္ေဆး /တံ ၊ ဆပ္ျပာခဲ/မႈန႔္ ၊ မ်က္ႏွာသုတ္ပဝါ စသည္တို႔ကို ရတတ္၏။ ထိုပစၥည္းမ်ား သည္ စြန႔္ႀကဲေသာ ရဟန္းတစ္ပါးတည္းသာ ပိုင္ဆိုင္သည့္ ပုဂၢလိကပစၥည္းမ်ားျဖစ္ပါက အေၾကာင္း မဟုတ္ေသာ္လည္း

သံဃိက ဂ႐ုဘဏ္ ပစၥည္းျဖစ္ပါက ကိုယ္က်ိဳးနည္းကာ ဆိုးက်ိဳး မ်ားစြာျဖစ္ႏိုင္၏။ ထိုသံဃိကဂ႐ု ဘဏ္ ပစၥည္းမ်ားကို အသုံးျပဳမိတိုင္း သံေတြခဲ , မီးက်ီးခဲ , အဆိပ္သီးမ်ားကို စားေသာက္ ရသကဲ့ သို႔ျဖစ္ရ၏။”“ဟ ငါတို႔ဘုန္းႀကီးက ေက်ာင္းထိုင္ဆရာေတာ္ေလ သူကိုယ္တိုင္ စြန႔္လို႔ယူတာ ဘာအျပစ္ ျဖစ္ရမွာတုန္း ” ဟုေျပာဆိုၾကသူမ်ား ရွိၾက၏ ။ေက်ာင္းထိုင္ ဘုန္းႀကီးျဖစ္ေနပါေစ သာသနာပိုင္ ဆရာေတာ္ႀကီးျဖစ္ေနပါေစ သံဃနာယက ဥကၠ႒ ဆရာေတာ္ႀကီး ျဖစ္ေနပါေစ.. “သံဃိကဂ႐ုဘ႑ာ” ပစၥည္းမ်ားကို မိမိ သေဘာထား ဆႏၵအတိုင္း ေပးလို႔မရ ။ စြန႔္လို႔မရ ။ ေဝဘန္ခြဲျခမ္းလို႔မရ ။

အဘယ့္ေၾကာင့္နည္း? “မစြန႔္အပ္ / မေဝဘန္အပ္ေသာ သံဃိကဂ႐ုဘဏ္ ပစၥည္း တို႔သည္ ဝိနယပိဋကတ္၌ ပါရွိျခင္းေၾကာင့္တည္း။”ထိုပစၥည္းတို႔မွာ၁။ အာရာမ – အရံ ၂။ အာရာမဝတၳဳ – အရံေနရာ ၃။ ဝိဟာရ – ေက်ာင္းတိုက္ ၄။ ဝိဟာရဝတၳဳ – ေက်ာင္းတိုက္ေနရာ ၅။ မၪၥ – ေညာင္ေစာင္း ၆။ ပီဌ – အင္းပ်ဥ္ ၇။ ဘိသိ – ဘုံလ်ိဳ။၈။ ဗိေဗၺာဟန – ေခါင္းအုံး။၉။ ေလာဟကုမၻီ – ေၾကးအိုး ၁၀။ ေလာဟဘာဏက – ေၾကးအိုးစရည္း ၁၁။ ေလာဟဝါတက ၁၂။ ေလာဟကဋာဟ – ေၾကးဖ်ဥ္းအိုး ၁၃။ ဝါသိ – ပဲခြပ္ (တံစဥ္း) ၁၄။ ဖရသု – ပုဆိန္ ၁၅။ ကုဓာရီ – ဓားမ။၁၆။ ကုဒါလ – ေပါက္တူး ၁၇။ နိဒါဒနံ – ေဆာက္ ၁၈။ ဝလႅိ – ႏြယ္ပင္ ၁၉။ ေဝဠဳ – ဝါးပင္ ၂၀။ မုၪၨ – ျဖဴဆံျမက္ပင္ ၂၁။ ပဗၺဇ – ၿပိတ္ျမက္ပင္ ၂၂။ တိဏ – ႂကြင္းေသာျမက္ ၂၃။ မတၱိကာ – ေျမညက္ ၂၄။ ဒါ႐ုဘ႑ာ – သစ္ဘ႑ာ ၂၅။ မတၱိကာဘ႑ – ေျမဘ႑ာ။ဤသို႔(၂၅ )ခု သ႐ုပ္ျပဳ ေသာ္လည္း ဆိုင္ရာတစ္ခုခ်င္းကို ထပ္စိပ္ေသာ္ အေျမာက္အမ်ားရ၏။

ထို႔ေၾကာင့္… သံဃိကဂ႐ုဘ႑ာ(၂၅) မ်ိဳး၌ အက်ဳံးဝင္ သည့္ ဘုန္းႀကီးေက်ာင္းဝန္း အတြင္း၌ ခေရပန္း ေကာက္ျခင္း ၊ ေခြးေတာက္႐ြက္ခူးျခင္း ၊ သရက္သီးခူးျခင္း ၊ ပန္းကန္ခြက္ ေယာက္မ်ားကို ယူျခင္း ၊ ေပါက္တူး ပုဆိန္ စသည္တို႔ကို ယူျခင္းစေသာ… စေသာ…သံဃိက ပစၥည္းဟူသမွ် တို႔ကို အထူး သတိထား၍ ေရွာင္ၾကဥ္ထိုက္ ၏။ အဘယ္ေၾကာင့္ ဆိုေသာ္ သံဃိက ပစၥည္း မွန္ပါက သူခိုးတစ္ေယာက္က ခိုးယူသြားၿပီး ထိုသူခိုးက တျခားသူ ထံျပန္ေရာင္း…စသည္ျဖင့္ ပိုင္ရွင္ အဆက္ဆက္ ေျပာင္းသြားေသာ္လည္း သံဃိကပစၥည္းမွန္သမွ် သံဃိကပစၥည္း အျဖစ္၌သာ တည္ေနေသာေၾကာင့္ျဖစ္၏ ။

“သံဃိကပစၥည္း အျဖစ္၌ တည္ေနပါက အသုံးျပဳမိၾကေသာ သူတို႔သည္ သံေတြခဲ… မီးက်ီးခဲ … အဆိပ္သီး တို႔ကို မ်ိဳခ်ကာ စားရသကဲ့ သို႔ျဖစ္ေတာ့၏။ထိုထို အေၾကာင္းျဖစ္ရပ္ တို႔ေၾကာင့္ -” ေက်ာင္းစ ေရွာင္ ” ဟူေသာ ေရွးသူေတာ္ေကာင္း တို႔၏ ဆုံးမစကား ကို လိုက္နာ ေဆာင္႐ြက္သင့္ေပ၏ ။အထူးအားျဖင့္ သာသနာ့ေျမ သံဃိကေျမမ်ားကို ငါပိုင္တယ္ ငါတို႔ ဘုန္း ႀကီးပိုင္တယ္ ငါတို႔ေဆြမ်ိဳး ဘုန္းႀကီး ပိုင္တယ္ ဟုေျပာဆို အလြဲသုံးစားျပဳကာ ေရာင္းခ်/ ငွားရမ္း ေနၾကသူမ်ား အထူး သတိျပဳေစလို ပါ သည္ ။(သံဃိကပစၥည္း အလြဲသုံးစားမႈ မ်ားသည္ ဗုဒၶဘာသာျမန္မာတို႔အတြက္ ကပ္သဖြယ္ ဆင္းရဲရျခင္း အေၾကာင္းတစ္ခုျဖစ္ႏိုင္၏) သစၥာဓမၼ ျမင္ႏိုင္ၾကပါေစ။

Leave a Comment