ကျပ် ၅ သိန်းကျော် ခုန်တက်သွားတဲ့ ရန်ကုန် YGEA ရည်ညွှန်းဈေး
ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ရွှေလောကတစ်ခုလုံးကို လှုပ်ခတ်သွားစေတာကတော့ ရန်ကုန် YGEA ရွှေအသင်းထုတ်ပြန်လိုက်တဲ့ အခေါက်ရွှေ ရည်ညွှန်းဈေးပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လတွေမှာ ကျပ် ၁၉ သိန်း ကျော်ဝန်းကျင်မှာပဲရှိနေခဲ့တဲ့ ရွှေအသင်းကထုတ်ပြန်တဲ့ ရည်ညွှန်းဈေးဟာ အောက်တိုဘာ ၂၁ ရက် ယနေ့ ရွှေရည်ညွှန်းဈေးအဖွင့်ဈေး ထုတ်ပြန်ရာမှာတော့ ကျပ် ၂၄ သိန်းကျော်အထိ မြင့်တက်သွားခဲ့တာဖြစ်ပါတယ်
အောက်တိုဘာ ၂၀ ရက်နေ့ မနေက မန္တလေးရွှေအသင်း (MGEA) ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းမှာ 2475000 ကျပ်ဖြစ်ပြီး ရန်ကုန် ရွှေအသင်း (YGEA) ရဲ့ အပိတ်ဈေးမှာတော့ 1926000 ကျပ်ဖြစ်တဲ့အတွက် ရန်ကုန် နှင့် မန္တလေး ရွှေးအသင်းနှစ်ခုမှာ ရည်ညွှန်းဈေးနှုန်း ကွာခြားနေတာတွေ့ရပါတယ်
အောက်တိုဘာလ တတိယပတ်အတွင်း YGEA က ထုတ်ပြန်တဲ့ ရွှေရည်ညွှန်းဈေးက မီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၁၉ သိန်းကျော်ဝန်းကျင်မှာရှိနေခဲ့ပေမယ့် ဒီနေ့အောက်တိုဘာ ၂၁ ရက်နေ့ ရွှေအဖွင့်ဈေးထုတ်ပြန်ရာမှာတော့ တစ်ကျပ်သားကို ၂၄၇၅၆၆၅
ကျပ်နဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်မနေ့က အောက်တိုဘာ ၂၀ ရက် YGEA ရဲ့ ရွှေအဖွင့်ဈေးကတော့ မီးလင်းရွှေတစ်ကျပ်သားကို ၁၉၂၀၀၀၀ ကျပ်ဖြစ်ပြီး ရွှေအပိတ်ဈေးကတော့ ၁၉၂၆၀၀၀ ကျပ်နဲ့ဈေးပိတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၆၂၆ ဒေါ်လာဖြစ်ပြီး အကျဖက်ကို သွားနေချိန် YGEA အသင်းရဲ့ ရွှေရည်ညွှန်းဈေးမှာ ၅ သိန်းလောက် မြင့်တက်သွားတာဖြစ်ပါတယ်။
Zawgyi
က်ပ္ ၅ သိန္းေက်ာ္ ခုန္တက္သြားတဲ့ ရန္ကုန္ YGEA ရည္ၫႊန္းေဈး
ယေန႔ ေအာက္တိုဘာ ၂၁ ရက္ေန႔မွာ ေ႐ႊေလာကတစ္ခုလုံးကို လႈပ္ခတ္သြားေစတာကေတာ့ ရန္ကုန္ YGEA ေ႐ႊအသင္းထုတ္ျပန္လိုက္တဲ့ အေခါက္ေ႐ႊ ရည္ၫႊန္းေစ်းပဲျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ လေတြမွာ က်ပ္ ၁၉ သိန္း ေက်ာ္ဝန္းက်င္မွာပဲရွိေနခဲ့တဲ့ ေ႐ႊအသင္းကထုတ္ျပန္တဲ့ ရည္ၫႊန္းေစ်းဟာ ေအာက္တိုဘာ ၂၁ ရက္ ယေန႔ ေ႐ႊရည္ၫႊန္းေစ်းအဖြင့္ေစ်း ထုတ္ျပန္ရာမွာေတာ့ က်ပ္ ၂၄ သိန္းေက်ာ္အထိ ျမင့္တက္သြားခဲ့တာျဖစ္ပါတယ္
ေအာက္တိုဘာ ၂၀ ရက္ေန႔ မေနက မႏၲေလးေ႐ႊအသင္း (MGEA) ထုတ္ျပန္တဲ့ ရည္ၫႊန္းေစ်းႏႈန္းမွာ 2475000 က်ပ္ျဖစ္ၿပီး ရန္ကုန္ ေ႐ႊအသင္း (YGEA) ရဲ႕ အပိတ္ေစ်းမွာေတာ့ 1926000 က်ပ္ျဖစ္တဲ့အတြက္ ရန္ကုန္ ႏွင့္ မႏၲေလး ေ႐ႊးအသင္းႏွစ္ခုမွာ ရည္ၫႊန္းေစ်းႏႈန္း ကြာျခားေနတာေတြ႕ရပါတယ္
ေအာက္တိုဘာလ တတိယပတ္အတြင္း YGEA က ထုတ္ျပန္တဲ့ ေ႐ႊရည္ၫႊန္းေဈးက မီးလင္းေ႐ႊ တစ္က်ပ္သားကို က်ပ္ ၁၉ သိန္းေက်ာ္ဝန္းက်င္မွာရွိေနခဲ့ေပမယ့္ ဒီေန႔ေအာက္တိုဘာ ၂၁ ရက္ေန႔ ေ႐ႊအဖြင့္ေစ်းထုတ္ျပန္ရာမွာေတာ့ တစ္က်ပ္သားကို ၂၄၇၅၆၆၅
က်ပ္နဲ႔ ထုတ္ျပန္ထားတာျဖစ္ပါတယ္မေန႔က ေအာက္တိုဘာ ၂၀ ရက္ YGEA ရဲ႕ ေ႐ႊအဖြင့္ေစ်းကေတာ့ မီးလင္းေ႐ႊတစ္က်ပ္သားကို ၁၉၂၀၀၀၀ က်ပ္ျဖစ္ၿပီး ေ႐ႊအပိတ္ေစ်းကေတာ့ ၁၉၂၆၀၀၀ က်ပ္နဲ႔ေစ်းပိတ္ခဲ့တာျဖစ္ပါတယ္။
လက္ရွိမွာ ကမာၻ႔ေ႐ႊေစ်းဟာ တစ္ေအာင္စကို ၁၆၂၆ ေဒၚလာျဖစ္ၿပီး အက်ဖက္ကို သြားေနခ်ိန္ YGEA အသင္းရဲ႕ ေ႐ႊရည္ၫႊန္းေစ်းမွာ ၅ သိန္းေလာက္ ျမင့္တက္သြားတာျဖစ္ပါတယ္။