အခွန်ကင်းလွတ်ခွင့်ပြုထား တဲ့ နိုင်ငံခြားဆေးဝါး (၁၈)မျိုးကို

အခွန်ကင်းလွတ်ခွင့်ပြုထား တဲ့ နိုင်ငံခြားဆေးဝါး (၁၈)မျိုးကို

ပြည်ပနိုင်ငံများကတင်သွင်းတဲ့ ဆေးဝါး ၁၈ မျိုးကိုအခွန်ကင်းလွတ်ခွင့်ပြုကြောင်းအကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲကထုတ်ပြန်ထားပါတယ်။

အကောက်ခွန်ဦးစီးဌာနကနေအခွန်နှုန်းတွေကိုအောက်တိုဘာ ၁၈ ရက်မှာပြောင်းလဲပေးခဲ့ပြီးနောက် ယခုအခါမှာဆေးဝါး ၁၈ မျိုးကိုအခွန်ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်ပကတင်းသွင်းလာတဲ့အခွန်းကင်းလွှတ်ခွင့်ရရှိတဲ့ဆေးဝါး ၁၈ မျိုးမှာ-

(1)ပါရာစီတမောလ်၊

(2)အက်စ်ပရင်ဆေးပြား၊

(3)ကလိုဖယ်နီရာမင်း၊

(4) ဒိုင်ရာဇီပင်၊

(5)မယ်ဗင်ဒါဇော၊

(6)ဂျင်တာမိုင်စင်၊

(7)မက်ထရိုနိုင်ဒါဇော၊

(8)ပရိုပယ်နာလော၊

(9) ဓါတ်ဆားရည်၊

(10)ကလိုပရိုမာဇင်း၊

(11)ဆယ်(လ)ဗြူတာမော၊

(12)ဂလူးကို(စ်)+ဓါတ်ဆားရည် အကြောသွင်းဆေး၊

(13) ရီဖင်ပီဇင်၊

(14)အီသမ်ဗြူတော၊

(15) အိုင်ဆိုနိုင်ရာဇိုက်၊

(16)ဖရူဆီမိုက်၊

(17)ဒိုင်ဂေါ့ဆင်း နဲ့

(18)ပရက်(စ်)နီဆလုံး စတဲ့ ဆေးဝါးများဖြစ်တယ်လို့ဆိုပါတယ်။

ထို့အပြင် ပြည်ပမှတင်သွင်းသည့်ဆေးဝါးများထဲမှ MA CCS ဌာနခွဲ၏ကြေညာချက်အမှတ် (၁၉/၂၀၂၂) နောက်ဆက်တွဲ (က) ပါဆေးဝါး (၂၁) မျိုးကိုအကောက်အခွန် (၅) ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ပြီး ကျန်ဆေးဝါးများကိုအခွန် (၁.၅) ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်းသိရသည်။

အခွန်ကင်းလွတ်ခွင့်ရသည့်ဆေးဝါး (၁၈) မျိုးမှာအမိန့်စာအရအခွန်ကင်းလွတ်ခွင့်ရသည့်အတွက် Excempt ion Code – EMFD ဖြင့် ဖြည့်စွက်ကြေညာရမည်ဖြစ်ပြီး Note အကွက်တွင်အမိန့်ကြော်ငြာစာအမှတ်ဖော်ပြကြေညာရမည်ဖြစ်ကြောင်းလည်းအကောက်ခွန်ဦးစီးဌာန MACCS ဌာနခွဲကထုတ်ပြန် ကြေညာထားသည်။

အခွန်နှုန်း ၁.၅ ရာခိုင်နှုန်းကောက်ခံသွားမည့်ဆေးဝါးများအနေဖြင့်လည်းယင်းသို့ကောက်ခံနိုင်ရန်ထုတ်ပြန်ချက်၏ပူးတွဲဇယားပါ HS Code များ၏နောက်တွင် Obelisk Code 4 ဖြင့်ကြေညာလွှာတင်သွင်းရမည်ဟုလည်းဆိုသည်။

ဆေးဝါးတင်သွင်းသူတွေအနေနဲ့ အခွန်ကင်းလွတ်ခွင့်အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက MACCS ဌာနခွဲရဲ့Help Desk Section (၀၁-၃၇၉၄၂၉) ကိုလည်းကောင်း၊ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲကိုလည်းကောင်းရုံးချိန်အတွင်းစုံစမ်းနိုင်ကြောင်းအကောက်ခွန်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။

ပြည်ပဆေးဝါးများအခွန်ကင်းလွတ်ခွင့်ကြောင့်အခြေခံအိမ်သုံးဆေးဝါးတွေအနေနဲ့ဈေးနှုန်းများယခုထက်လျော့ကျလာဖွယ်ရှိကြောင်းလက်လီဆေးဆိုင်ဖွင့်ကာရောင်းချနေသူများကပြောကြားနေပေမယ့်လည်းလက်ရှိဈေးကွက် အတွင်းကတော့ဈေးနှုန်းတွေက ၂ ဆကျော် မြင့်တက်နေသေးတာဖြစ်ပါတယ်။

Credit

Zawgyi

အခြန္ကင္းလြတ္ခြင့္ျပဳထား တဲ့ ႏိုင္ငံျခားေဆးဝါး (၁၈)မ်ိဳးကို

ျပည္ပႏိုင္ငံမ်ားကတင္သြင္းတဲ့ ေဆးဝါး ၁၈ မ်ိဳးကိုအခြန္ကင္းလြတ္ခြင့္ျပဳေၾကာင္းအေကာက္ခြန္ဦးစီးဌာန၊ MACCS ဌာနခြဲကထုတ္ျပန္ထားပါတယ္။

အေကာက္ခြန္ဦးစီးဌာနကေနအခြန္ႏႈန္းေတြကိုေအာက္တိုဘာ ၁၈ ရက္မွာေျပာင္းလဲေပးခဲ့ၿပီးေနာက္ ယခုအခါမွာေဆးဝါး ၁၈ မ်ိဳးကိုအခြန္ကင္းလြတ္ခြင့္ျပဳခဲ့ျခင္းျဖစ္တယ္လို႔သိရပါတယ္။ျပည္ပကတင္းသြင္းလာတဲ့အခြန္းကင္းလႊတ္ခြင့္ရရွိတဲ့ေဆးဝါး ၁၈ မ်ိဳးမွာ-

(1)ပါရာစီတေမာလ္၊

(2)အက္စ္ပရင္ေဆးျပား၊

(3)ကလိုဖယ္နီရာမင္း၊

(4) ဒိုင္ရာဇီပင္၊

(5)မယ္ဗင္ဒါေဇာ၊

(6)ဂ်င္တာမိုင္စင္၊

(7)မက္ထ႐ိုႏိုင္ဒါေဇာ၊

(8)ပ႐ိုပယ္နာေလာ၊

(9) ဓါတ္ဆားရည္၊

(10)ကလိုပ႐ိုမာဇင္း၊

(11)ဆယ္(လ)ျဗဴတာေမာ၊

(12)ဂလူးကို(စ္)+ဓါတ္ဆားရည္ အေၾကာသြင္းေဆး၊

(13) ရီဖင္ပီဇင္၊

(14)အီသမ္ျဗဴေတာ၊

(15) အိုင္ဆိုႏိုင္ရာဇိုက္၊

(16)ဖ႐ူဆီမိုက္၊

(17)ဒိုင္ေဂါ့ဆင္း နဲ႔

(18)ပရက္(စ္)နီဆလုံး စတဲ့ ေဆးဝါးမ်ားျဖစ္တယ္လို႔ဆိုပါတယ္။

ထို႔အျပင္ ျပည္ပမွတင္သြင္းသည့္ေဆးဝါးမ်ားထဲမွ MA CCS ဌာနခြဲ၏ေၾကညာခ်က္အမွတ္ (၁၉/၂၀၂၂) ေနာက္ဆက္တြဲ (က) ပါေဆးဝါး (၂၁) မ်ိဳးကိုအေကာက္အခြန္ (၅) ရာခိုင္ႏႈန္းေကာက္ခံမည္ျဖစ္ၿပီး က်န္ေဆးဝါးမ်ားကိုအခြန္ (၁.၅) ရာခိုင္ႏႈန္းေကာက္ခံမည္ျဖစ္ေၾကာင္းသိရသည္။

အခြန္ကင္းလြတ္ခြင့္ရသည့္ေဆးဝါး (၁၈) မ်ိဳးမွာအမိန႔္စာအရအခြန္ကင္းလြတ္ခြင့္ရသည့္အတြက္ Excempt ion Code – EMFD ျဖင့္ ျဖည့္စြက္ေၾကညာရမည္ျဖစ္ၿပီး Note အကြက္တြင္အမိန႔္ေၾကာ္ျငာစာအမွတ္ေဖာ္ျပေၾကညာရမည္ျဖစ္ေၾကာင္းလည္းအေကာက္ခြန္ဦးစီးဌာန MACCS ဌာနခြဲကထုတ္ျပန္ ေၾကညာထားသည္။

အခြန္ႏႈန္း ၁.၅ ရာခိုင္ႏႈန္းေကာက္ခံသြားမည့္ေဆးဝါးမ်ားအေနျဖင့္လည္းယင္းသို႔ေကာက္ခံႏိုင္ရန္ထုတ္ျပန္ခ်က္၏ပူးတြဲဇယားပါ HS Code မ်ား၏ေနာက္တြင္ Obelisk Code 4 ျဖင့္ေၾကညာလႊာတင္သြင္းရမည္ဟုလည္းဆိုသည္။

ေဆးဝါးတင္သြင္းသူေတြအေနနဲ႔ အခြန္ကင္းလြတ္ခြင့္အေသးစိတ္အခ်က္အလက္မ်ားကိုသိရွိလိုပါက MACCS ဌာနခြဲရဲ႕Help Desk Section (၀၁-၃၇၉၄၂၉) ကိုလည္းေကာင္း၊ထုတ္ကုန္သြင္းကုန္ႀကီးၾကပ္ေရးဌာနခြဲကိုလည္းေကာင္း႐ုံးခ်ိန္အတြင္းစုံစမ္းႏိုင္ေၾကာင္းအေကာက္ခြန္ဦးစီးဌာနကထုတ္ျပန္ထားပါတယ္။

ျပည္ပေဆးဝါးမ်ားအခြန္ကင္းလြတ္ခြင့္ေၾကာင့္အေျခခံအိမ္သုံးေဆးဝါးေတြအေနနဲ႔ေဈးႏႈန္းမ်ားယခုထက္ေလ်ာ့က်လာဖြယ္ရွိေၾကာင္းလက္လီေဆးဆိုင္ဖြင့္ကာေရာင္းခ်ေနသူမ်ားကေျပာၾကားေနေပမယ့္လည္းလက္ရွိေဈးကြက္ အတြင္းကေတာ့ေဈးႏႈန္းေတြက ၂ ဆေက်ာ္ ျမင့္တက္ေနေသးတာျဖစ္ပါတယ္။

Credit

Leave a Comment