ကီလိုအမှိုက်ကောက်သူကို အိပ်မက်ထဲမှာ ဂဏန်း ၆ လုံးဒဲ့လာပေး၍ ထီ နှစ်စောင်ထိုးရာ ထိုင်းဘတ် ၁၂ သန်း ထီပေါက်
ထိုင်းနိုင်ငံ ဖိစနုလို့မြို့မှာနေထိုင်တဲ့ အသက် (၅၅) နှစ်အရွယ် Prayak Romsantiea သည် ဇူလိုင်လ ၁ ရက်နေ့ ညနေ ၁၆:၃၀ ချိန်တွင် ထိုင်းအစိုးရရဲ့ ထီလက်မှတ် နှစ်စောင်ကိုကိုင်ကာ ပထုန်ဌာနီခရိုင် ခလောင်းဟာ့ရဲတပ်ဖွဲ့စခန်းထဲဝင်လာပြီး
ထီပထမဆုကြီးဖြစ်တဲ့ ထီနံပါတ် 347258 နှစ်စောင် ၊ ဘတ် ၁၂ သန်းပေါက်ကြောင်း လာရောက်သတင်းပို့ကာ ရဲစခန်းတွင်မှတ်တမ်းရေးသွင်းခဲ့တယ်လို့သိရပါတယ် ။
သူဟာဘန်ကောက်မြို့နှင့်မနီးမဝေး ပထုန်ဌာနီခရိုင်တွင်လာရောက်၍ မိသားစုစားဝတ်နေရေးအတွက် အမှိုက်ပုံများတွင် စွန့်ပစ်ပစ္စည်းအဟောင်းများလိုက်လံစုဆောင်းကောက်ယူပြီးကီလိုအဟောင်းဆိုင်တွင်ပြန်ရောင်းလေ့ရှိသူတစ်ဦးဖြစ်ပါသည် ။
ဒီထီနံပါတ်ကိုတော့ သူ့ရဲ့အိပ်မက်ထဲတွင် ဂဏန်း ၆ လုံးစလုံး ဒဲ့လာရောက်ပေးခဲ့သဖြင့် ထိုးဖြစ်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် ။
ခရက်ဒစ်(စည်သူမောင်)
Zawgyi
ကီလိုအမႈိက္ေကာက္သူကို အိပ္မက္ထဲမွာ ဂဏန္း ၆ လုံးဒဲ့လာေပး၍ ထီ ႏွစ္ေစာင္ထိုးရာ ထိုင္းဘတ္ ၁၂ သန္း ထီေပါက္
ထိုင္းႏိုင္ငံ ဖိစႏုလို႔ၿမိဳ႕မွာေနထိုင္တဲ့ အသက္ (၅၅) ႏွစ္အ႐ြယ္ Prayak Romsantiea သည္ ဇူလိုင္လ ၁ ရက္ေန႔ ညေန ၁၆:၃၀ ခ်ိန္တြင္ ထိုင္းအစိုးရရဲ႕ ထီလက္မွတ္ ႏွစ္ေစာင္ကိုကိုင္ကာ ပထုန္ဌာနီခ႐ိုင္ ခေလာင္းဟာ့ရဲတပ္ဖြဲ႕စခန္းထဲဝင္လာၿပီး
ထီပထမဆုႀကီးျဖစ္တဲ့ ထီနံပါတ္ 347258 ႏွစ္ေစာင္ ၊ ဘတ္ ၁၂ သန္းေပါက္ေၾကာင္း လာေရာက္သတင္းပို႔ကာ ရဲစခန္းတြင္မွတ္တမ္းေရးသြင္းခဲ့တယ္လို႔သိရပါတယ္ ။
သူဟာဘန္ေကာက္ၿမိဳ႕ႏွင့္မနီးမေဝး ပထုန္ဌာနီခ႐ိုင္တြင္လာေရာက္၍ မိသားစုစားဝတ္ေနေရးအတြက္ အမႈိက္ပုံမ်ားတြင္ စြန႔္ပစ္ပစၥည္းအေဟာင္းမ်ားလိုက္လံစုေဆာင္းေကာက္ယူၿပီးကီလိုအေဟာင္းဆိုင္တြင္ျပန္ေရာင္းေလ့ရွိသူတစ္ဦးျဖစ္ပါသည္ ။
ဒီထီနံပါတ္ကိုေတာ့ သူ႔ရဲ႕အိပ္မက္ထဲတြင္ ဂဏန္း ၆ လုံးစလုံး ဒဲ့လာေရာက္ေပးခဲ့သျဖင့္ ထိုးျဖစ္ခဲ့တာျဖစ္ေၾကာင္းသိရွိရပါတယ္ ။
ခရက္ဒစ္(စည္သူေမာင္)