ရိုးသားသူတွေ ရှားသွားတဲ့ ခေတ်ကြီးမှာ ဒီလိုလူမျိုးတွေ့ရတာ ပီတိဖြစ်စရာပါ (လူဆိုတာ ရိုးသားနေပါစေ နွားလှည်းစီးနေရင်တောင် ဘဝကစိတ်ချမ်းသာရတာမျိုး )

ရိုးသားသူတွေ ရှားသွားတဲ့ ခေတ်ကြီးမှာ ဒီလိုလူမျိုးတွေ့ရတာ ပီတိဖြစ်စရာပါ မနေ့က အဖြစ်ပျက်လေးပေါ့ မနေ့ကအိမ်က အဖေမွေးနေ့မလို့ ညီမနှစ်ယောက် ကျောက်မြောင်းကို

ဖုန်းသွားဝယ်ကြတယ် ပြန်လာတော့ကျောက်မြောင်းဘက်ကနေ တက္ကစီဌားစီးလာကြတာ လက်မှာထဲအထုတ်တွေနဲ့ လက်တွေကမအား အမကလည်း ပိုက်ဆံအိတ်နဲ့ ဖုန်းကိုအိတ်ထဲထည့်တာဘဲ ‌ချော်ကျပြီးကားပေါ်မှာကျန်ခဲ့ရော

အိမ်က အမက ပိုက်ဆံအိတ်မေးကြတော့ အိတ်တွေထဲရှာတာမတွေ့ ဖုန်းဆိုင်ကို ပိုက်ဆံအိတ်ကျန်ခဲ့လား ဖုန်းဆက်မေးကြရော လူတွေက ပြာယာကိုခတ်ပြီး ဖုန်းတွေဆက် ပထမကဖုန်းကဝင်တယ် မကိုင်ဘူး နောက်ထပ်ဆက်မှကိုင်တော့ ညီမရေ ညီမဖုန်းနဲ့ ပိုက်ဆံအိတ်ကားပေါ်ကျန်ခဲ့တယ်နော် အစ်ကိုပုဇွန်တောင်ဘက်ရောက်သွားလို့ အိမ်အထိလာပေးမယ်နော် ခဏစောင့်ဆိုပြီး ဖုန်းချလိုက်ရော..

ခဏလောက်ကြာတော့ အိမ်ရှေ့ကို တက္ကဆီလေးရောက်လာပြီး ဖုန်းနဲ့ပိုက်ဆံအိတ်လေး လာပေးတာ ပျော်လိုက်တာလွန်ရော. ပိုက်ဆံအိတ်နဲ့ ဖုန်းလေးလာပေးရင်းနဲ့ အဲ့အစ်ကိုပြောတာ ကားမောင်းနေလို့ စက်သံနဲ့ ပထမဖုန်းလာတာမသိလို့ Sorry ပါလို့‌တောင် ပြောသွားသေးတယ် ရိုးသားလိုက်တာရှင် အဲ့အစ်ကိုမောင်းတဲ့ကားက အရမ်းကြီးလည်း ကောင်းနေတာမဟုတ်ပေမဲ့ သူရဲ့ရိုးသားမှုကို အသိမှတ်ပြုပါတယ် အစ်ကို

ပိုကိဆံအိတ်လာပေးတော့ အစ်ကိုအတွက် ကျေးဇူးဆပ်တာကိုတောင် မနည်းပေးယူရတယ် လူဆိုတာ ရိုးသားနေပါစေ နွားလှည်းစီးနေရင်တောင် ဘဝကစိတ်ချမ်းသာရတာမျိုး ဒီခေတ်ကာလကြီးမှာရိုးသားကြိုးစားတဲ့ အစ်ကိုနဲ့တွေ့ရတာ ညီမတို့အတွက် ကံကောင်းမှုတစ်ခုပါရှင်.. အခါအခွင့်ကြုံခဲ့ရင် အဲ့အစ်ကိုကားလေးငှားစီးပြီး လူသားချင်းကူညီကြပါနော်.. အဲ့အစ်ကိုပုံလေးနဲ့ ကားပုံလေးဖော်ပြပေးထားတယ်နော်.. ရိုးသားကြိုးစားတဲ့ အစ်ကို ဒီထက်မကားဆွဲကောင်းပြီး ကားအသစ်လေးလည်း လဲနိုင်ပါစေရှင့်Lay Nwe

Zawgyi






Leave a Comment