တဘောင် ပေါ်သည့် အတိုင်းလည်း ထွက်ပေါ်ခဲ့ကြသည့် မင်းများမှာ…
၁။ ပုဂံခေတ် ( စီးချင်းထိုးလျက် မျိုးမင်းထွက် ပြည်တော် သာလိမ့်မယ်။) ထိုတဘောင် ပေါ်ပြီးနောက် အနော်ရထာ မင်းလောင်းသည် ဦးရီးတော် စုက္ကတေးမင်းနှင့် စီးချင်းထိုးခဲ့သည်။
စုက္ကတေးမင်းအား အနိူင် တိုက်ခိုက်ပြီးနောက် အနော်ရထာသည် ပုဂံပြည့်ရှင် ဖြစ်လာခဲ့သည်။ ထိုမင်းလက်ထက်တွင် သာသနာရောင်ဝါ ထွန်းလင်းပြီး ဆန်ရေစပါး ပေါများ ကာ ချမ်းသာကြွယ်ဝခဲ့သည်။
၂။ အင်းဝခေတ် (အင်းအိုင်ထဲက လူတစ်ယောက် မီးတောက်ကလေး ကိုင်လို့ပေါက်) ထို တဘောင် ပေါ်ပြီးနောက် သတိုးမင်းဖျားသည် ရှင်ဘုရင်ဖြစ်လာကာ နန်းတော်ကို အင်းဝမြို့၌ တည်ခဲ့ သည်။ ထိုမင်းသည် လည်း နယ်ပယ် အများအပြားကို သိမ်းပိုက်ကာ ဘုန်းမီးနေလ တောက်ပ ခဲ့သည်။
၃။တောင်ငူခေတ် (အိုဘယ့်အမောင် ဆံရွေဆောင် နောက်လိုက်ဘုန်းခေါင် ပြောင်လိမ့်မယ်။) ထို တဘောင် ပေါ်ပြီးကြာသော် တောင်ငူမြို့တွင် မင်းကြီးညို မှ သားတော်တပါးမွေးဖွား လာလေသည်။ထိုသားတော်၏ ဦးခေါင်းတွင် ရွေရောင်ဆံပင် တစ်မွေး ပါလာလေသည်။ နောင်သော် ထိုမင်းသားသည် တပင်ရွေထီး ဟု၍ တောင်ငူဘုရင် ဖြစ်လာလေသည်။
သို့သော်လည်း သက်တော်မရှည်ပဲ သူ၏ ယောက်ဖတော် ဘုရင့်နောင်က ထီးနန်းကို ဆက်ခံလေသည်။ ဘုရင့်နောင်လက်ထက်ရောက်သော် မြန်မာပြည်ကြီး ဘုန်းမီးနေလတောက်ပလေသည်။
၄။ ကုန်းဘောင်ခေတ် (ဖိုသုံးဖို တစ်ဖိုတောက်မည်) ထို တဘောင် ပေါ်ပြီး နောက် မုဆိုးဖို ရွာသူကြီးဦး အောင်ဇေယျသည် ပျက်ပြားနေသော မြန်မာပြည်ကြီးအား လက်ရုံးရည် နှလုံးရည်ဖြင့် ပြန်လည် စုစည်းပြီးနောက် အလောင်းမင်းတရားဘွဲ့ဖြင့် ဘိသိတ်ခံ နန်းတက် လေသည်။
၅။ ယခုခေတ် (ပေါ်မလာသေး၍ စောင့်ကြည့်ရမည်) ၂၆၀၀ သာသနာ ဗုဒ္ဓရာဇာပေါ်လာမှာ စည်တော်ကြီးလည်း ဟီးလိမ့်မယ်။
ထို တဘောင်သည် ဗုဒ္ဓ သာသနာအား ကမ္ဘာတစ်ခွင် ဖြန့်ကျက် ထွန်းလင်းစေပြီး မြန်မာပြည်အားလည်း သာသနာတော်ကို နေတစ်ဆူ လတစ်ဆူလို ထင်ရှားစေမည့်သာသနာပြုမင်း ပေါ် မည်ဖြစ်သည်။ထိုမင်းလက်ထက်တွင် တိုင်းပြည်သည် တိုးတက်ချမ်းသာကြွယ်ဝ လွန်းအားကြီးမည်။စည်ပင် သာယာလှပသော တိုင်းပြည်ဖြစ်မည်။
ရွှေပေါ်ကျွန်း ဆရာတော်၏ဘောင်
၁၂၄၇-ခုနှစ် ယောအတွင်းဝန်ဦးဖိုးလှိုင် နက္ခတ်တာရာများ၏ဖြစ်မည့်လမ်းကြောင်းအရ “ရေးသားခဲ့သော တဘောင်
သာသနာတဝက်ခရီး မှာဖြင့်
ကနက်ထီးတွေနှင့် ပျက်စီးဖို့အရေးကြုံ
ရွှေပေးမယ်မယ်မယုံ ငွေပေးမယ် မယ်မယုံ
နယ်အကုန်ပျက်မည့် အရေး ပြန်စလို့တွေး
တံတားတွေအလျှင်ဆောက်လို့
ဘုရားတွေရွှေရင်မောက်ရင်ဖြင့်
ပြည်တော်ပြန်မယ်ထွေးကို နန်းတင်မှအေး
တစ်ပင်တိုင် ခဝါချပြီမို့
နာကြတဲ့ အသီးတွေတွန့်ခေါက်လို့ကြွေ
အသီးတွေ ရာသီပြောင်း
သာသနာမောင်းရှေ့ကဆော်
ဒေါင်းတွေကအော်…
ဒေါင်းအော်ရင် သူလာလိမ့်မည်လေး
ခြင်္သေ့မင်းတန်ခိုးကြွယ် တိုး၍ပျက်အုံးမယ်
ဂူအောင်းတဲ့ ခင်ကြီးပျော်တို့ရယ်
သမီးတော် လွှတ်လိုက်ကြအုံး…
ဇာမဏီ ကြက်မသူတွန်လျှင်
ဇဗ္မူတစ်ခွင် လင်းလို့မဆုံး……
စာဖတ်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာ ကြပါစေ။
Zawgyi
တေဘာင္ ေပၚသည့္ အတိုင္းလည္း ထြက္ေပၚခဲ့ၾကသည့္ မင္းမ်ားမွာ…
၁။ ပုဂံေခတ္ ( စီးခ်င္းထိုးလ်က္ မ်ိဳးမင္းထြက္ ျပည္ေတာ္ သာလိမ့္မယ္။) ထိုတေဘာင္ ေပၚၿပီးေနာက္ အေနာ္ရထာ မင္းေလာင္းသည္ ဦးရီးေတာ္ စုကၠေတးမင္းႏွင့္ စီးခ်င္းထိုးခဲ့သည္။
စုကၠေတးမင္းအား အႏိူင္ တိုက္ခိုက္ၿပီးေနာက္ အေနာ္ရထာသည္ ပုဂံျပည့္ရွင္ ျဖစ္လာခဲ့သည္။ ထိုမင္းလက္ထက္တြင္ သာသနာေရာင္ဝါ ထြန္းလင္းၿပီး ဆန္ေရစပါး ေပါမ်ား ကာ ခ်မ္းသာႂကြယ္ဝခဲ့သည္။
၂။ အင္းဝေခတ္ (အင္းအိုင္ထဲက လူတစ္ေယာက္ မီးေတာက္ကေလး ကိုင္လို႔ေပါက္) ထို တေဘာင္ ေပၚၿပီးေနာက္ သတိုးမင္းဖ်ားသည္ ရွင္ဘုရင္ျဖစ္လာကာ နန္းေတာ္ကို အင္းဝၿမိဳ႕၌ တည္ခဲ့ သည္။ ထိုမင္းသည္ လည္း နယ္ပယ္ အမ်ားအျပားကို သိမ္းပိုက္ကာ ဘုန္းမီးေနလ ေတာက္ပ ခဲ့သည္။
၃။ေတာင္ငူေခတ္ (အိုဘယ့္အေမာင္ ဆံေ႐ြေဆာင္ ေနာက္လိုက္ဘုန္းေခါင္ ေျပာင္လိမ့္မယ္။) ထို တေဘာင္ ေပၚၿပီးၾကာေသာ္ ေတာင္ငူၿမိဳ႕တြင္ မင္းႀကီးညိဳ မွ သားေတာ္တပါးေမြးဖြား လာေလသည္။ထိုသားေတာ္၏ ဦးေခါင္းတြင္ ေ႐ြေရာင္ဆံပင္ တစ္ေမြး ပါလာေလသည္။ ေနာင္ေသာ္ ထိုမင္းသားသည္ တပင္ေ႐ြထီး ဟု၍ ေတာင္ငူဘုရင္ ျဖစ္လာေလသည္။
သို႔ေသာ္လည္း သက္ေတာ္မရွည္ပဲ သူ၏ ေယာက္ဖေတာ္ ဘုရင့္ေနာင္က ထီးနန္းကို ဆက္ခံေလသည္။ ဘုရင့္ေနာင္လက္ထက္ေရာက္ေသာ္ ျမန္မာျပည္ႀကီး ဘုန္းမီးေနလေတာက္ပေလသည္။
၄။ ကုန္းေဘာင္ေခတ္ (ဖိုသုံးဖို တစ္ဖိုေတာက္မည္) ထို တေဘာင္ ေပၚၿပီး ေနာက္ မုဆိုးဖို ႐ြာသူႀကီးဦး ေအာင္ေဇယ်သည္ ပ်က္ျပားေနေသာ ျမန္မာျပည္ႀကီးအား လက္႐ုံးရည္ ႏွလုံးရည္ျဖင့္ ျပန္လည္ စုစည္းၿပီးေနာက္ အေလာင္းမင္းတရားဘြဲ႕ျဖင့္ ဘိသိတ္ခံ နန္းတက္ ေလသည္။
၅။ ယခုေခတ္ (ေပၚမလာေသး၍ ေစာင့္ၾကည့္ရမည္) ၂၆၀၀ သာသနာ ဗုဒၶရာဇာေပၚလာမွာ စည္ေတာ္ႀကီးလည္း ဟီးလိမ့္မယ္။
ထို တေဘာင္သည္ ဗုဒၶ သာသနာအား ကမာၻတစ္ခြင္ ျဖန႔္က်က္ ထြန္းလင္းေစၿပီး ျမန္မာျပည္အားလည္း သာသနာေတာ္ကို ေနတစ္ဆူ လတစ္ဆူလို ထင္ရွားေစမည့္သာသနာျပဳမင္း ေပၚ မည္ျဖစ္သည္။ထိုမင္းလက္ထက္တြင္ တိုင္းျပည္သည္ တိုးတက္ခ်မ္းသာႂကြယ္ဝ လြန္းအားႀကီးမည္။စည္ပင္ သာယာလွပေသာ တိုင္းျပည္ျဖစ္မည္။
ေ႐ႊေပၚကြၽန္း ဆရာေတာ္၏ေဘာင္
၁၂၄၇-ခုႏွစ္ ေယာအတြင္းဝန္ဦးဖိုးလႈိင္ နကၡတ္တာရာမ်ား၏ျဖစ္မည့္လမ္းေၾကာင္းအရ “ေရးသားခဲ့ေသာ တေဘာင္
သာသနာတဝက္ခရီး မွာျဖင့္
ကနက္ထီးေတြႏွင့္ ပ်က္စီးဖို႔အေရးႀကဳံ
ေ႐ႊေပးမယ္မယ္မယုံ ေငြေပးမယ္ မယ္မယုံ
နယ္အကုန္ပ်က္မည့္ အေရး ျပန္စလို႔ေတြး
တံတားေတြအလွ်င္ေဆာက္လို႔
ဘုရားေတြေ႐ႊရင္ေမာက္ရင္ျဖင့္
ျပည္ေတာ္ျပန္မယ္ေထြးကို နန္းတင္မွေအး
တစ္ပင္တိုင္ ခဝါခ်ၿပီမို႔
နာၾကတဲ့ အသီးေတြတြန္႔ေခါက္လို႔ေႂကြ
အသီးေတြ ရာသီေျပာင္း
သာသနာေမာင္းေရွ႕ကေဆာ္
ေဒါင္းေတြကေအာ္…
ေဒါင္းေအာ္ရင္ သူလာလိမ့္မည္ေလး
ျခေသၤ့မင္းတန္ခိုးႂကြယ္ တိုး၍ပ်က္အုံးမယ္
ဂူေအာင္းတဲ့ ခင္ႀကီးေပ်ာ္တို႔ရယ္
သမီးေတာ္ လႊတ္လိုက္ၾကအုံး…
ဇာမဏီ ၾကက္မသူတြန္လွ်င္
ဇဗၼဴတစ္ခြင္ လင္းလို႔မဆုံး……
စာဖတ္သူမ်ား ကိုယ္စိတ္ႏွစ္ပါး က်န္းမာ ခ်မ္းသာ ၾကပါေစ။