နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်မဲစာရင်း (Black list) သတ်မှတ်လိုက် ပြီးနောက်ပိုင်း ဘာတွေဖြစ်လာနိုင်လဲဆိုတာ……

နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်မဲစာရင်း (Black list) သတ်မှတ်လိုက်ပါတယ်။

ဘာတွေ ဖြစ်လာနိုင်ပါသလဲ?

တစ်ဖွဲ့ကတော့ ဒေါ်လာဈေး ကျမယ်တဲ့။

ကျွန်တော်တော့ အဲ့ဒါနဲ့ ကွဲပြားတဲ့ အမြင်တွေ ပိုတွေ့ရပါတယ်။

FATF ရဲ့ အမည်မဲစာရင်းထဲ ထည့်တာနဲ့ မဆိုင်တဲ့ အခြား ကိစ္စတွေက စကြည့်ကြရအောင်ပါ။

နယူးယောက်က ကျွန်တော့် မိတ်ဆွေ ငွေကြေးဈေးကွက် ကျွမ်းကျင်သူ ကိုဇော်ဇော် ရဲ့ သုံးသပ်ချက်ကတော့…..

“၂၀၂၂ နှစ်အတွင်းမှာ အမေရိကန် ဒေါ်လာတန်ဖိုး ၁၅ ရာခိုင်နှုန်းလောက်တက်ပြီး ယူရို ၊ ဂျပန်ယန်း၊ ကနေဒါဒေါ်လာ ၊ ဗြိတိသျှစတာလင်ပေါင် စတာတွေဟာ တန်ဖိုး ၃၀ ရာခိုင်နှုန်းလောက်ထိ ကျဆင်းခဲ့ပါတယ်။

အမေရိကန် ဗဟိုဘဏ်ရဲ့ အချက်အလက်တွေအရ (Foreign Reserves) လို့ ခေါ်တဲ့ နိုင်ငံတကာ အစိုးရနဲ့ ဗဟိုဘဏ်တွေရဲ့ နိုင်ငံခြားအရန်ငွေတွေ ထားရှိတဲ့နေရာမှာ အမေရိကန် ဒေါ်လာက ၆၀ ရာခိုင်နှုန်းလောက် ထားရှိကြပါတယ်။ နိုင်ငံတကာ ကုန်သွယ်တဲ့နေရာမှာ (Invoicing) ပြေစာ လုပ်တဲ့နေရာမှာလည်း ၈၀ ရာခိုင်နှုန်းကို အမေရိကန် ဒေါ်လာနှင့် ပေးချေကြပါတယ်။

ကမ္ဘာ့ နိုင်ငံတွေကြားမှာ ငွေချေး ငွေယူ လုပ်တယ်ဆိုရင် စာရင်းဇယားလုပ်တဲ့ အချိန်မှာလည်း ၆၀ ရာခိုင်နှုန်းက အမေရိကန် ဒေါ်လာနဲ့ပဲ တွက်ချက်ကြပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ ငွေရေးကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ အင်မတန် အရေးပါပါတယ်။

ပိုပြီး အရေးပါသွားတာက နိုင်ငံတကာ့ ရွှေ၊ ရေနံ နဲ့ တခြား နိုင်ငံခြားငွေကြေးတွေကို အမေရိကန်ဒေါ်လာနဲ့ တွက်ပြီး ဝယ်ရောင်းကြလို့ပါ။ အမေရိကန်ဒေါ်လာကို ယူရို၊ ဂျပန်ယန်း၊ ကနေဒါဒေါ်လာ၊ ဗြိတိသျှစတာလင်ပေါင် ၊ ဆွီဒင်နဲ့ ဆွစ်ငွေတွေ Swedish krona (SEK), and Swiss franc (CHF) နိုင်ငံခြားငွေ ခြောက်မျိုးနဲ့ ပေါင်းတိုင်းတာပြီး အတက်အကျ ထိန်းညှိပါတယ်။

အမေရိကန်ဒေါ်လာနဲ့ ဒီနိုင်ငံခြားငွေ ခြောက်မျိုးတို့ကြားမှာ (Inverse relationship) လို့ခေါ်တဲ့ ပြောင်းပြန်သက်ရောက်ခြင်းရှိပါတယ်။ အမေရိကန် ဒေါ်လာဈေးတက်ရင် ဒီနိုင်ငံခြားငွေ ခြောက်မျိုးလုံးရဲ့ ဈေးကွက်တွေကျပြီး အမေရိကန်ဒေါ်လာဈေးကျရင် သူတို့တက်ပါတယ်။ အမေရိကန်ဒေါ်လာဈေးက အခြားနိုင်ငံခြားငွေတွေနဲ့ ချိတ်ထားပေမဲ့ အမေရိကန်ဒေါ်လာဈေးကပဲ သူတို့အပေါ်မှာ တရားဝင်ဈေးကွက်မှာ ဈေးအတက်အကျကို သက်ရောက်ပါတယ်။

ဘောဂေဗဒပညာရဲ့ အခြေခံအကျဆုံး ဝယ်/ရောင်း သီအီုရီမှာ ဝယ်လိုအားများလာလို့ အမေရိကန် ဒေါ်လာဈေးနှုံး တက်လာတာ ဖြစ်ပါတယ်။

အမေရိကန် ဗဟိုဘဏ်က အတိုးနှုံးတွေမြင့် လိုက်တော့ ဒေါ်လာကိုရင်းပြီး ငွေတိုက် အတိုးစာချုပ်တွေ ဝယ်ထားရင် အခြား နိုင်ငံခြားငွေတွေနဲ့ ယှဉ်ရင် အမြတ်များလို့ ဝယ်လိုအားများလာတာပါ။ တချိန်တည်းမှာပဲ အမေရိကန် ဗဟိုဘဏ်က ငွေဖေါင်းပွမှုကို ထိမ်းဖို့ (Money Supply) ငွေကြေးထုတ်ဝေမှုကို လျှော့ချနေပါတယ်။ ဒီတော့ ဒေါ်လာတွေ ငွေကြေး ဈေးကွက်ထဲမှာ ရှားပါးလာတယ်။ ရှားပါးတဲ့ ပစ္စည်းကို ဈေးကြီးပေးဝယ်ကြရတော့ တန်ဖိုး တက်လာပါတယ်။

ဒီလို အမေရိကန်ဒေါ်လာဈေးတက်တော့ မြန်မာပြည်အတွက် လာမည့်နှစ်တွေမှာ ကုန်ဈေးနှုံးတွေ ဒီထက်ပိုတက်နိုင်ပါတယ်။ မြန်မာပြည်ရဲ့ သွင်းကုန်တွေထဲမှာ ကန်ဒေါ်လာဈေးနှင့် ဖြတ်တဲ့ ရေနံမျိုးတွေပါနေပြီး တိုင်းပြည်က ဆပ်နေရတဲ့ နိုင်ငံတကာ ကြွေးမြီတွေကိုလည်း ကန်ဒေါ်လာနှင့် ပေးချေရနေရတာကြောင့် ကာလတိုမှာ မြန်မာစီးပွားရေး အင်မတန်ကြပ်တည်း ပါလိမ့်မယ်။ ယူရို၊ ဂျပန်ယမ်း၊နဲ့ တခြား ခိုင်မာတဲ့ ငွေဈေးတွေတောင် ၃၀ ရာခိုင်နှုန်းလောက်ထိ ကျဆင်းသွားခဲ့ဆိုတော့ အမေရိကန်တစ်ဒေါ်လာ ($1.00) ကို မြန်မာငွေ ကျပ် ၄,၀၀၀-၅,၀၀၀ (MMK 4,000-5,000) လောက်ထိ နောက်နှစ်ဒီလို အချိန်မှာ ရောက်နိုင်မလား” ….

လို့ သုံးသပ်ထားပါတယ်။

ဒါက ကမ္ဘာ့ ငွေကြေး ဈေးကွက်တွေရဲ့ အခြေအနေ ကြောင့် မြန်မာကျပ်ငွေအပေါ် ရိုက်ခတ်နိုင်မှုကို သုံးသပ်ထားတာပါ။

အခု FATF ရဲ့ အမည်မဲစာရင်းထဲ ထည့်တာနဲ့ဆိုင်တဲ့ ကိစ္စတွေကို ကြည့်ကြရအောင်ပါ။

သွင်းကုန်၊ ထုတ်ကုန်တွေအတွက် ငွေလွှဲတာတွေမှာ အနှောက်အယှက် အတားအဆီးတွေ ဖြစ်လာနိုင်လို့..

🌡🌡🌡 ပြည်တွင်းက မထုတ်တဲ့ လောင်စာဆီ အပါအဝင် သွင်းကုန်တွေဖြစ်တဲ့ စက်ယန္တယားတွေ၊ လူသုံးကုန်တွေ၊ ကားတွေ ဈေးတက်လာနိုင်ပါတယ်။

🍆🧄🧅 ပြည်တွင်းထွက်ကုန်တွေကို ပြည်ပပို့ဖို့ ခက်ခဲလို့ ပြည်တွင်းထုတ်ကုန်တွေ ဈေးကျနိုင်ပါတယ်။ လယ်ယာ စိုက်ပျိုးရေး ထွက်ကုန်တွေ၊ စက်မှုဇုန်တွေက ထုတ်ကုန်တွေ ဈေးကျလို့ လယ်သမားတွေ၊ ပြည်တွင်း လုပ်ငန်းတွေ ငွေတွေ ကြပ်တည်း၊ စီးပွားရေး နှေးလို့ အရောင်းအဝယ်တွေ ပါးလာပါမယ်။
🏦🏦🏦 ဘဏ်တွေမှာ ပြန်မဆပ်နိုင်တဲ့ ချေးငွေတွေ ပိုများလာပါမယ်။

ကျွန်တော် စဉ်းစားနေမိတာက …


🌐🏦🏦🏦 ဗီဇာ (Visa)၊ မာစတာ (Master) စတဲ့ နိုင်ငံတကာသုံး ငွေပေးချေမှု ကတ်တွေ များ ပြန်ထွက်သွားနိုင်သလား လို့ စဉ်းစားနေမိပါတယ်။

ဗီဇာ (Visa)၊ မာစတာ (Master) ကတ်တွေနဲ့ ပတ်သက်၍ သော်လည်းကောင်း၊ အခြား ဖြစ်နိုင်ခြေရှိတဲ့ သက်ရောက်မှု (impacts) တွေနဲ့ ပတ်သက်၍ သော်လည်းကောင်း မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကို ကြားချင်၊ ဖတ်ချင် ပါတယ်။

ထပ်တိုး သတင်း။ ။

မြန်မာစံတော်ချိန် ည ၁၁:၃၀ ခန့်မှာ ငွေကြေး ဈေးကွက် တွေမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုံး ၁၅% ခန့် တက်သွားတယ်လို့ သိရှိရပါတယ်။

Zaw Naing

Zawgyi

ႏိုင္ငံတကာေငြေၾကးခဝါခ်မႈေစာင့္ၾကည့္ေရးအဖြဲ႕ (FATF) က ျမန္မာႏိုင္ငံကို အမည္မဲစာရင္း (Black list) သတ္မွတ္လိုက္ပါတယ္။

ဘာ​ေတြ ျဖစ္လာႏိုင္ပါသလဲ?

တစ္ဖြဲ႕က​ေတာ့ ​ေဒၚလာ​ေစ်း က်မယ္တဲ့။

ကြၽန္​ေတာ္​ေတာ့ အဲ့ဒါနဲ႔ ကြဲျပားတဲ့ အျမင္​ေတြ ပို​ေတြ႕ရပါတယ္။

FATF ရဲ႕ အမည္မဲစာရင္းထဲ ထည့္တာနဲ႔ မဆိုင္တဲ့ အျခား ကိစၥ​ေတြက စၾကည့္ၾကရ​ေအာင္ပါ။

နယူး​ေယာက္က ကြၽန္​ေတာ့္ မိတ္​ေဆြ ​ေငြ​ေၾကး​ေစ်းကြက္ ကြၽမ္းက်င္သူ ကို​ေဇာ္​ေဇာ္ ရဲ႕ သုံးသပ္ခ်က္က​ေတာ့…..

“၂၀၂၂ ႏွစ္အတြင္းမွာ အေမရိကန္ ေဒၚလာတန္ဖိုး ၁၅ ရာခိုင္ႏႈန္းေလာက္တက္ၿပီး ယူ႐ို ၊ ဂ်ပန္ယန္း၊ ကေနဒါေဒၚလာ ၊ ၿဗိတိသွ်စတာလင္ေပါင္ စတာေတြဟာ တန္ဖိုး ၃၀ ရာခိုင္ႏႈန္းေလာက္ထိ က်ဆင္းခဲ့ပါတယ္။

အေမရိကန္ ဗဟိုဘဏ္ရဲ႕ အခ်က္အလက္ေတြအရ (Foreign Reserves) လို႔ ေခၚတဲ့ ႏိုင္ငံတကာ အစိုးရနဲ႔ ဗဟိုဘဏ္ေတြရဲ႕ ႏိုင္ငံျခားအရန္ေငြေတြ ထားရွိတဲ့ေနရာမွာ အေမရိကန္ ေဒၚလာက ၆၀ ရာခိုင္ႏႈန္းေလာက္ ထားရွိၾကပါတယ္။ ႏိုင္ငံတကာ ကုန္သြယ္တဲ့ေနရာမွာ (Invoicing) ေျပစာ လုပ္တဲ့ေနရာမွာလည္း ၈၀ ရာခိုင္ႏႈန္းကို အေမရိကန္ ေဒၚလာႏွင့္ ေပးေခ်ၾကပါတယ္။

ကမာၻ႔ ႏိုင္ငံေတြၾကားမွာ ေငြေခ်း ေငြယူ လုပ္တယ္ဆိုရင္ စာရင္းဇယားလုပ္တဲ့ အခ်ိန္မွာလည္း ၆၀ ရာခိုင္ႏႈန္းက အေမရိကန္ ေဒၚလာနဲ႔ပဲ တြက္ခ်က္ၾကပါတယ္။ ဒါ့​ေၾကာင့္ ႏိုင္ငံတကာ ေငြေရးေၾကးေစ်းကြက္မွာ အေမရိကန္ေဒၚလာ အင္မတန္ အေရးပါပါတယ္။

ပိုၿပီး အေရးပါသြားတာက ႏိုင္ငံတကာ့ ေ႐ႊ၊ ေရနံ နဲ႔ တျခား ႏိုင္ငံျခားေငြေၾကးေတြကို အေမရိကန္ေဒၚလာနဲ႔ တြက္ၿပီး ဝယ္ေရာင္းၾကလို႔ပါ။ အေမရိကန္ေဒၚလာကို ယူ႐ို၊ ဂ်ပန္ယန္း၊ ကေနဒါေဒၚလာ၊ ၿဗိတိသွ်စတာလင္ေပါင္ ၊ ဆြီဒင္နဲ႔ ဆြစ္ေငြေတြ Swedish krona (SEK), and Swiss franc (CHF) ႏိုင္ငံျခားေငြ ေျခာက္မ်ိဳးနဲ႔ ေပါင္းတိုင္းတာၿပီး အတက္အက် ထိန္းညႇိပါတယ္။

အေမရိကန္ေဒၚလာနဲ႔ ဒီႏိုင္ငံျခားေငြ ေျခာက္မ်ိဳးတို႔ၾကားမွာ (Inverse relationship) လို႔ေခၚတဲ့ ေျပာင္းျပန္သက္ေရာက္ျခင္းရွိပါတယ္။ အေမရိကန္ ေဒၚလာေစ်းတက္ရင္ ဒီႏိုင္ငံျခားေငြ ေျခာက္မ်ိဳးလုံးရဲ႕ ေစ်းကြက္ေတြက်ၿပီး အေမရိကန္ေဒၚလာေစ်းက်ရင္ သူတို႔တက္ပါတယ္။ အေမရိကန္ေဒၚလာေစ်းက အျခားႏိုင္ငံျခားေငြေတြနဲ႔ ခ်ိတ္ထားေပမဲ့ အေမရိကန္ေဒၚလာေစ်းကပဲ သူတို႔အေပၚမွာ တရားဝင္ေစ်းကြက္မွာ ေစ်းအတက္အက်ကို သက္ေရာက္ပါတယ္။

ေဘာေဂဗဒပညာရဲ႕ အေျခခံအက်ဆုံး ဝယ္/ေရာင္း သီအီုရီမွာ ဝယ္လိုအားမ်ားလာလို႔ အေမရိကန္ ေဒၚလာေစ်းႏႈံး တက္လာတာ ျဖစ္ပါတယ္။

အေမရိကန္ ဗဟိုဘဏ္က အတိုးႏႈံးေတြျမင့္ လိုက္ေတာ့ ေဒၚလာကိုရင္းၿပီး ေငြတိုက္ အတိုးစာခ်ဳပ္ေတြ ဝယ္ထားရင္ အျခား ႏိုင္ငံျခားေငြေတြနဲ႔ ယွဥ္ရင္ အျမတ္မ်ားလို႔ ဝယ္လိုအားမ်ားလာတာပါ။ တခ်ိန္တည္းမွာပဲ အေမရိကန္ ဗဟိုဘဏ္က ေငြေဖါင္းပြမႈကို ထိမ္းဖို႔ (Money Supply) ေငြေၾကးထုတ္​ေဝမႈကို ေလွ်ာ့ခ်ေနပါတယ္။ ဒီေတာ့ ေဒၚလာေတြ ေငြေၾကး ေစ်းကြက္ထဲမွာ ရွားပါးလာတယ္။ ရွားပါးတဲ့ ပစၥည္းကို ေစ်းႀကီးေပးဝယ္ၾကရ​ေတာ့ တန္ဖိုး တက္လာပါတယ္။

ဒီလို အေမရိကန္ေဒၚလာေစ်းတက္​ေတာ့ ျမန္မာျပည္အတြက္ လာမည့္ႏွစ္ေတြမွာ ကုန္ေစ်းႏႈံးေတြ ဒီထက္ပိုတက္ႏိုင္ပါတယ္။ ျမန္မာျပည္ရဲ႕ သြင္းကုန္ေတြထဲမွာ ကန္ေဒၚလာေစ်းႏွင့္ ျဖတ္တဲ့ ေရနံမ်ိဳးေတြပါေနၿပီး တိုင္းျပည္က ဆပ္ေနရတဲ့ ႏိုင္ငံတကာ ေႂကြးၿမီေတြကိုလည္း ကန္ေဒၚလာႏွင့္ ေပးေခ်ရေနရတာေၾကာင့္ ကာလတိုမွာ ျမန္မာစီးပြားေရး အင္မတန္ၾကပ္တည္း ပါလိမ့္မယ္။ ယူ႐ို၊ ဂ်ပန္ယမ္း၊နဲ႔ တျခား ခိုင္မာတဲ့ ေငြေစ်းေတြေတာင္ ၃၀ ရာခိုင္ႏႈန္းေလာက္ထိ က်ဆင္းသြားခဲ့ဆိုေတာ့ အေမရိကန္တစ္ေဒၚလာ ($1.00) ကို ျမန္မာေငြ က်ပ္ ၄,၀၀၀-၅,၀၀၀ (MMK 4,000-5,000) ေလာက္ထိ ေနာက္ႏွစ္ဒီလို အခ်ိန္မွာ ေရာက္ႏိုင္မလား” ….

လို႔ သုံးသပ္ထားပါတယ္။

ဒါက ကမာၻ႔ ​ေငြ​ေၾကး ​ေစ်းကြက္​ေတြရဲ႕ အ​ေျခအ​ေန ​ေၾကာင့္ ျမန္မာ​က်ပ္​ေငြအ​ေပၚ ႐ိုက္ခတ္ႏိုင္မႈကို သုံးသပ္ထားတာပါ။

အခု FATF ရဲ႕ အမည္မဲစာရင္းထဲ ထည့္တာနဲ႔ဆိုင္တဲ့ ကိစၥ​ေတြကို ၾကည့္ၾကရ​ေအာင္ပါ။

 

သြင္းကုန္၊ ထုတ္ကုန္​ေတြအတြက္ ​ေငြလႊဲတာ​ေတြမွာ အ​ေႏွာက္အယွက္ အတားအဆီး​ေတြ ျဖစ္လာႏိုင္လို႔..

🌡🌡🌡 ျပည္တြင္းက မထုတ္တဲ့ ​ေလာင္စာဆီ အပါအဝင္ သြင္းကုန္​ေတြျဖစ္တဲ့ စက္ယႏၲယားေတြ၊ လူသုံးကုန္​ေတြ၊ ကား​ေတြ ​ေစ်းတက္လာႏိုင္ပါတယ္။

🍆🧄🧅 ျပည္တြင္းထြက္ကုန္​ေတြကို ျပည္ပပို႔ဖို႔ ခက္ခဲလို႔ ျပည္တြင္းထုတ္ကုန္​ေတြ ​ေစ်းက်ႏိုင္ပါတယ္။ လယ္ယာ စိုက္ပ်ိဳး​ေရး ထြက္ကုန္​ေတြ၊ စက္မႈဇုန္​ေတြက ထုတ္ကုန္​ေတြ ​ေစ်းက်လို႔ လယ္သမား​ေတြ၊ ျပည္တြင္း လုပ္ငန္း​ေတြ ​ေငြ​ေတြ ၾကပ္တည္း၊ စီးပြား​ေရး ​ေႏွးလို႔ အ​ေရာင္းအဝယ္​ေတြ ပါးလာပါမယ္။
🏦🏦🏦 ဘဏ္​ေတြမွာ ​ ျပန္မဆပ္ႏိုင္တဲ့ ေခ်း​ေငြ​ေတြ ပိုမ်ားလာပါမယ္။

ကြၽန္​ေတာ္ စဥ္းစား​ေနမိတာက …
🌐🏦🏦🏦 ဗီဇာ (Visa)၊ မာစတာ (Master) စတဲ့ ႏိုင္ငံတကာသုံး ​ေငြ​ေပး​ေခ်မႈ ကတ္​ေတြ မ်ား ျပန္ထြက္သြားႏိုင္သလား ​လို႔ စဥ္းစား​ေနမိပါတယ္။

ဗီဇာ (Visa)၊ မာစတာ (Master) ကတ္​ေတြနဲ႔ ပတ္သက္၍ ​ေသာ္လည္း​ေကာင္း၊ အျခား ျဖစ္ႏိုင္​ေျခရွိတဲ့ သက္​ေရာက္မႈ​ (impacts) ေတြနဲ႔ ပတ္သက္၍ ​ေသာ္လည္း​ေကာင္း မိတ္​ေဆြတို႔ရဲ႕ထင္ျမင္ယူဆခ်က္​ေတြကို ၾကားခ်င္၊ ဖတ္ခ်င္ ပါတယ္။

ထပ္တိုး သတင္း။ ။ ​

ျမန္မာစံ​ေတာ္ခ်ိန္ ည ၁၁:၃၀ ခန္႔မွာ ေငြ​ေၾကး ​ေစ်းကြက္ ​ေတြမွာ အ​ေမရိကန္​ေဒၚလာနဲ႔ ျမန္မာ​ေငြ လဲလွယ္ႏႈံး ၁၅% ခန္႔ တက္သြားတယ္လို႔ သိရွိရပါတယ္။

Zaw Naing

Leave a Comment