တကယ့်ပျော်ရွှင်ခြင်း အစစ်အမှန်ဆိုတာ…

တကယ့်ပျော်ရွှင်ခြင်း အစစ်အမှန်ဆိုတာ…


သတင်းထောက်တစ်ယောက်က ဘီလျံနာသူဌေးကြီးတစ်ယောက်ကို အင်တာဗျူးလုပ်ရင်း ခုလိုမေးလိုက်တယ်။ “မစ္စတာ… ခင်ဗျားရဲ့ဘဝမှာ ပျော်ရွှင်ဖွယ် အကောင်းဆုံးအချိန်ဟာ ဘယ်တုန်းကလဲ ခင်ဗျ” တဲ့။

သူဌေးကြီးက… “ငါ့ဘဝမှာ ပျော်စရာကောင်းတာ ၄ ကြိမ် ကြုံတွေ့ခဲ့တယ်။ ဒါပေမဲ့… နောက်ဆုံးအကြိမ်ကျမှ တကယ်စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရခဲ့တယ်” လို့ ပြောပြီး ခုလို ရှင်းပြတယ်။

“ငါ ပထမဆုံးပျော်ရွှင်မှု ရတာက… ပိုက်ဆံတွေ အများကြီး ရလာခဲ့တုန်းကပါ။ ဒါပေမဲ့ ငါမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုတော့ မရဘူး”

“ဒုတိယအကြိမ် ပျော်ရွှင်မှုရတာက… အိမ်၊ ကား၊ အဖိုးတန် လက်ဝတ်ရာတနာတွေကို ပိုင်ဆိုင်လာနိုင်ခဲ့တဲ့ အချိန်ပါ။ ဒါလည်း ငါမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုတော့ မရဘူး”

“တတိယအကြိမ် ပျော်ရွှင်မှုရတာက… ငါ သင်္ဘောလုပ်ငန်း လုပ်ရင်းနဲ့ နိုင်ငံမှာ အကြီးဆုံး သင်္ဘောကုမ္ပဏီကြီးကို ပိုင်ဆိုင်လာတဲ့ အချိန်ပါ။ ဒါလည်း ငါ မျှော်လင့်ထားတဲ့ ပျော်ရွှင်မှုတော့ မရဘူး” အခု ငါ စတုတ္ထပျော်ရွှင်မှုအကြောင်း ပြောပြမယ်။

တစ်ရက်မှာ သူငယ်ချင်း တစ်ယောက်က ငါ့ကို တစ်ခုမေတ္တာရပ်ခံတယ်။ မသန်စွမ်းတဲ့ ကလေးတွေအတွက် wheelchair လူနာတင် တွန်းလှည်းတွေ ဝယ်လှူပေးဖို့ပါ။ ငါလည်း ချက်ချင်းပဲ တွန်းလှည်းတွေ မှာပေးလိုက်တယ်။

ဒါပေမဲ့ သူငယ်ချင်းက ကလေးတွေကို တွန်းလှည်းတွေ ငါကိုယ်တိုင်ပေးဖို့ ပြောတယ်။ ငါမအားဘူးလို့ ပြန်ပြောတယ်။ ဒါပေမဲ့ သူငယ်ချင်းရဲ့ မရမက တောင်းဆိုမှုကြောင့် သူပြောတာကို လုပ်ဖို့ သဘောတူ လိုက်တယ်။

တွန်းလှည်းတွေ လှူမယ့်နေရာရောက်တော့… ငါကိုယ်တိုင် ကလေး တစ်ယောက်ချင်းကို တွန်းလှည်းတစ်ခုစီ ပေးလိုက်တယ်။ သူတို့လည်း တွန်းလှည်းတွေရလို့ အတော်ပျော်သွားကြတယ်။

ပြီးတော့… သူတို့ဟာ တွန်းလှည်းတွေကို စီးရင်း ပျော်ရွှင်စွာ ဆော့ကစားနေကြတယ်။ ဒီမြင်ကွင်းကို ကြည့်ရင်း… ငါ့စိတ်ထဲမှာလည်း ပျော်နေတယ်။

ငါ အဲဒီနေရာက ပြန်ထွက်လာခါနီးမှာ… ကလေးတစ်ယောက်ဟာ တွန်းလှည်းစီးရင်း ငါ့အနားရောက်လာတယ်။ ငါ့လက်တစ်ဖက်ကို ဆွဲလိုက်တယ်။ ငါလည်း ကုန်းပြီး သူ့ကိုမေးလိုက်တယ်… “သားလေး ဘာလိုချင်လို့လဲ”။

ကလေးက ပြန်ဖြေတယ်။ “ဘာမှ မလိုချင်ပါဘူး။ ဦးလေးရဲ့မျက်နှာကို မှတ်မိအောင် သေချာကြည့်တာပါ။ ကျွန်တော် ကောင်းကင်ဘုံရောက်ရင် ဦးလေးကို နူတ်ဆက်ချင်လို့ပါ”။

ကလေးရဲ့စကားကြောင့် ငါ အံ့အားသင့်သွားရုံမကဘဲ ပျော်ရွှင်မူကို ခံစားလိုက်ရတယ်။ အဲဒါ ငါ့ဘဝရဲ့ ပျော်ရွင်ဖွယ် အကောင်းဆုံး အချိန်ပါပဲ”

ရယူခြင်းထက် ပေးဆပ်ခြင်းက… ပိုပြီး ပျော်စရာကောင်းတယ်ဆိုတာ သတိရပါ။

Credit#ဗန်းမော်သိန်းဖေ#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Zawgyi

တကယ့္ေပ်ာ္႐ႊင္ျခင္း အစစ္အမွန္ဆိုတာ…
သတင္းေထာက္တစ္ေယာက္က ဘီလ်ံနာသူေဌးႀကီးတစ္ေယာက္ကို အင္တာဗ်ဴးလုပ္ရင္း ခုလိုေမးလိုက္တယ္။ “မစၥတာ… ခင္ဗ်ားရဲ႕ဘဝမွာ ေပ်ာ္႐ႊင္ဖြယ္ အေကာင္းဆုံးအခ်ိန္ဟာ ဘယ္တုန္းကလဲ ခင္ဗ်” တဲ့။

သူေဌးႀကီးက… “ငါ့ဘဝမွာ ေပ်ာ္စရာေကာင္းတာ ၄ ႀကိမ္ ႀကဳံေတြ႕ခဲ့တယ္။ ဒါေပမဲ့… ေနာက္ဆုံးအႀကိမ္က်မွ တကယ္စစ္မွန္တဲ့ ေပ်ာ္႐ႊင္မႈကို ရခဲ့တယ္” လို႔ ေျပာၿပီး ခုလို ရွင္းျပတယ္။

“ငါ ပထမဆုံးေပ်ာ္႐ႊင္မႈ ရတာက… ပိုက္ဆံေတြ အမ်ားႀကီး ရလာခဲ့တုန္းကပါ။ ဒါေပမဲ့ ငါေမွ်ာ္လင့္ထားတဲ့ ေပ်ာ္႐ႊင္မႈေတာ့ မရဘူး”

“ဒုတိယအႀကိမ္ ေပ်ာ္႐ႊင္မႈရတာက… အိမ္၊ ကား၊ အဖိုးတန္ လက္ဝတ္ရာတနာေတြကို ပိုင္ဆိုင္လာႏိုင္ခဲ့တဲ့ အခ်ိန္ပါ။ ဒါလည္း ငါေမွ်ာ္လင့္ထားတဲ့ ေပ်ာ္႐ႊင္မႈေတာ့ မရဘူး”

“တတိယအႀကိမ္ ေပ်ာ္႐ႊင္မႈရတာက… ငါ သေဘၤာလုပ္ငန္း လုပ္ရင္းနဲ႔ ႏိုင္ငံမွာ အႀကီးဆုံး သေဘၤာကုမၸဏီႀကီးကို ပိုင္ဆိုင္လာတဲ့ အခ်ိန္ပါ။ ဒါလည္း ငါ ေမွ်ာ္လင့္ထားတဲ့ ေပ်ာ္႐ႊင္မႈေတာ့ မရဘူး” အခု ငါ စတုတၳေပ်ာ္႐ႊင္မႈအေၾကာင္း ေျပာျပမယ္။

တစ္ရက္မွာ သူငယ္ခ်င္း တစ္ေယာက္က ငါ့ကို တစ္ခုေမတၱာရပ္ခံတယ္။ မသန္စြမ္းတဲ့ ကေလးေတြအတြက္ wheelchair လူနာတင္ တြန္းလွည္းေတြ ဝယ္လႉေပးဖို႔ပါ။ ငါလည္း ခ်က္ခ်င္းပဲ တြန္းလွည္းေတြ မွာေပးလိုက္တယ္။

ဒါေပမဲ့ သူငယ္ခ်င္းက ကေလးေတြကို တြန္းလွည္းေတြ ငါကိုယ္တိုင္ေပးဖို႔ ေျပာတယ္။ ငါမအားဘူးလို႔ ျပန္ေျပာတယ္။ ဒါေပမဲ့ သူငယ္ခ်င္းရဲ႕ မရမက ေတာင္းဆိုမႈေၾကာင့္ သူေျပာတာကို လုပ္ဖို႔ သေဘာတူ လိုက္တယ္။

တြန္းလွည္းေတြ လႉမယ့္ေနရာေရာက္ေတာ့… ငါကိုယ္တိုင္ ကေလး တစ္ေယာက္ခ်င္းကို တြန္းလွည္းတစ္ခုစီ ေပးလိုက္တယ္။ သူတို႔လည္း တြန္းလွည္းေတြရလို႔ အေတာ္ေပ်ာ္သြားၾကတယ္။

ၿပီးေတာ့… သူတို႔ဟာ တြန္းလွည္းေတြကို စီးရင္း ေပ်ာ္႐ႊင္စြာ ေဆာ့ကစားေနၾကတယ္။ ဒီျမင္ကြင္းကို ၾကည့္ရင္း… ငါ့စိတ္ထဲမွာလည္း ေပ်ာ္ေနတယ္။

ငါ အဲဒီေနရာက ျပန္ထြက္လာခါနီးမွာ… ကေလးတစ္ေယာက္ဟာ တြန္းလွည္းစီးရင္း ငါ့အနားေရာက္လာတယ္။ ငါ့လက္တစ္ဖက္ကို ဆြဲလိုက္တယ္။ ငါလည္း ကုန္းၿပီး သူ႔ကိုေမးလိုက္တယ္… “သားေလး ဘာလိုခ်င္လို႔လဲ”။

ကေလးက ျပန္ေျဖတယ္။ “ဘာမွ မလိုခ်င္ပါဘူး။ ဦးေလးရဲ႕မ်က္ႏွာကို မွတ္မိေအာင္ ေသခ်ာၾကည့္တာပါ။ ကြၽန္ေတာ္ ေကာင္းကင္ဘုံေရာက္ရင္ ဦးေလးကို ႏူတ္ဆက္ခ်င္လို႔ပါ”။

ကေလးရဲ႕စကားေၾကာင့္ ငါ အံ့အားသင့္သြား႐ုံမကဘဲ ေပ်ာ္႐ႊင္မူကို ခံစားလိုက္ရတယ္။ အဲဒါ ငါ့ဘဝရဲ႕ ေပ်ာ္႐ြင္ဖြယ္ အေကာင္းဆုံး အခ်ိန္ပါပဲ”

ရယူျခင္းထက္ ေပးဆပ္ျခင္းက… ပိုၿပီး ေပ်ာ္စရာေကာင္းတယ္ဆိုတာ သတိရပါ။

Credit#ဗန္းေမာ္သိန္းေဖ#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Leave a Comment