မြန်မာလူမျိုးတွေ ဘာကြောင့်အသက်တိုတာလဲ ?

စာဖတ်ပျင်းပြီး အထွေထွေဗဟုသုတ အားနည်း၍


အစားအ သောက်ကျိန်စာသင့်နေသောရွှေမြန်မာများ ရွှေမြန် မာတွေရဲ့ပျမ်းမျှသက်တမ်းက၅၇ နှစ်

အာရှမှာ အနိမ့်ဆုံးဘဲ။

အသက် ရှင်သန်ဖို့အတွက် နေ့စဉ်စားသောက်နေရတဲ့အစားအသောက်တွေကို ကျန်းမာ ရေးအသိနဲ့

မချင့်ချိန်ဘဲ စားသောက်ရင်

ကိုယ့်ရဲ့ ကျန်းမာ ရေးထိခိုက်ရုံမျှမကဘဲ ကိုယ့်ရဲ့ရင်သွေးတွေ၊ ကလေးငယ်တွေရဲ့အနာဂတ်ပါ အညွန့်ကျိုးသွားနိုင်ပါတယ်။

ဈေးသက်သာလို့ ဆိုတဲ့ အကြောင်းပြချက်မပေးပါနဲ့ကျန်းမာ ရေးအသိ မရှိဘဲလျှာနဲ့စိတ်ကို အလိုလိုက်တာပါ။

အခုဆို အသက် ၄၀ နဲ့အထက် တွေကိုကြည့်လိုက် မေးလိုက်ရင်ဟိုဟာက မတည့်ဒီဟာက စားလိုမရ နဲ့အရှင်လက်လက်ပြိတ္တာရောဂါ တွေဖြစ်တဲ့ဆီးချို၊သွေးချို ၊သွေးတိုး၊ နှလုံးသွေးကြောကျဉ်းစတဲ့ရောဂါတွေ မရှိတဲ့သူ တော်တော်ကို ရှားလာတယ်။

တဆင့်တက်အဲ့ဒီထက်ပိုဆိုးတဲ့ အသဲကင်ဆာ၊အဆုပ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာရောဂါတွေ အဖြစ်အရမ်းများလာတယ်။

အသက် ၆၀ ကျော်တွေကြည့်လိုက်တော့အရိုးပါး အရိုးပွ နဲ့သတိမေ့တဲ့ ရောဂါတွေဖြစ်နေကြတယ်။

ကလေး လေးတွေကြည့်တော့လည်း အရောင်စုံအရသာစုံအနံ့စုံ နဲ့ လက်လီဈေး ၅၀ကျပ်တန်လက္ကားဈေး ၃၀ကျပ်နဲ့ထုတ်လုပ်စရိတ်၂၀ ကျပ်လောက်ဘဲရှိတဲ့အချိုရည်မျိုးစုံ၊ ဂျယ်လီခွက်ကြီးမျိုးစုံ နဲ့ အချိုမူန့် နဲ့ ကြက်သားမှုန့် ရောမွေထားတဲ့လေဖောင်းမူန့်အစုံအရောင်စုံ အရသာစုံအနံစုံ နဲ့ ချိုချဉ်အစုံ၊ ပီကေအစုံ နိုခဲအစုံ

ပြီးတော့ အသားပုပ်ပေါင်းစုံ ကြာရှည်ခံဓါတုဆေးပေါင်းစုံ နဲ့လုပ်တဲ့ပင်လယ်စာလို့ခေါ်တဲ့အသားတုပေါင်းစုံ၊ အကင်ပေါင်းစုံ တွေရဲ့ကောင်းမူကြောင့်ပိန် လှီလှီ ညှောင့်နာနာနဲ့ ရှူနာ ရှိုက်ကုံးလေးတွေဖြစ်လို့ ။

တချို ငွေ ကြေးချမ်းသာပြီး ကျန်းမာ ရေးအသိမရှိတဲ့မိသားစုကကလေးတွေဆိုပိုဆိုးတယ်။

ကျောင်းကို မုန့်ဖိုးအများကြီးပေးထားတော့တွေ့သမျှအသစ်ပေါ်တိုင်းဝယ်စားတယ်။

တွေ့သမျှ မသောက်ဖူးသေးတဲ့အချိုရည်အစုံသောက်ပြီး။ နောက်ဆုံး ၁၂ နှစ် ၁၃ နှစ်သားလေးကို

ကျောက်ကပ်ပျက်ပြီးကျောက်ကပ်အလှူရှင်မရှိသေးလို တပတ် တခါအကြောဖောက်ပြီးကျောက်ကပ်ဆေးနေရတဲ့ကလေးတွေအများကြီးတွေ့ နေရတယ်။

လူကြီးများ လေ့လာပါသတိထားပါ ဆင်ချင်ပါပြီးရင် ကလေးတွေကိုအကျိုးအကြောင်းပြောပြပြီးသင်ပေးပါ။

ခက်တာကလူကြီးတွေ ကိုယ်တိုင်ကမသိတာဘဲတချို့ အသိတရားနည်းတဲ့လူကြီးတွေ ပြောသေးတယ်။

တသက်လုံး စားလာတာအခုမှတော့ မစားဘဲမနေနိုင်ပါဘူး။ သေမှသေရောဘဲ ဆိုတဲ့ လူကြီးတွေ အများကြီးဘဲ။

တရုတ် ကြီးတယောက်ပြောတာသွားသတိရတယ်။နင်တို့မြန်မာတွေ ကျန်းမာရေးအသိကိုမရှိဘူး။ဘိုင်းကနဲ့ လဲပြီးမသေရင်ပြီးရောအကုန်စားတယ်တဲ့။

နေစဉ်စားသောက်နေတဲ့ အစားအသောက် တွေမှာအဆိပ်တွေ အဆိပ်တွေအိမ်ရှင်မတွေ ဟင်းချိုမူန့်ကြက်သားမှုန့်တွေထည့်ဆီအညံတွေနဲ့ ဆီပြန် ဟင်းတွေချက်ပြီးကိုယ်အရမ်းချစ်ရတဲ့ကိုယ့်ယောင်္ကျား နဲ့
သားသမီးတွေကိုအိမ်က မီးဖို ချောင် ထဲမှာအဆိပ်ခတ်နေကြတယ်။

ချက်ချင်းမသေပေမယ့် တဖြည်းဖြည်းကျန်းမာ ရေးချို့တဲ့၊ ကျန်းမာရေး မကောင်းတော့ ကျန်းမာ ရေးစရိတ် တွေကြောင့်စီးပွားရေးတွေ လုံးပါးပါးပြီး

နောက်ဆုံးမိသားစုတစုလုံးဘဝပျတ် သားသမီးတွေပါအညွှန်တုန်းကုန်ပါလိမ့်မယ်။

ပြီးတော့ ထုတ်လုပ်တဲ့သူတွေကိုဘယ်လို အရေးယူပါဘာညာနဲ့ အစိုးရ ကိုချည်းဘဲ အပြစ်မပြောပါနဲ့

အစိုးရက တင်းတင်းကြပ်ကြပ်အရေးယူမူတွေလုပ်ထားတဲ့မူးယစ်ဆေး ဆိုတာတွေကိုတောင်မှအသိတရား နည်းပါးသူတွေကမရမကရှာဝယ်ပြီးသုံးစွဲနေကြသေးတာပဲ။ အသိတရားမရှိသုံးစွဲသူတွေရှိနေသရွေ့ထုပ်လုပ်ရောင်းချသူတွေရှိနေမှာပါပဲ။

ဟင်းချို မူန့်လေးကြက်သားမှုန့်လေးမှမပါရင် စားမကောင်းဘူးလျှာထဲမစွဲဘူးအသားဟင်းချက်ရင်ဆီမြုပ်နေမှ ကောင်းတာဟင်းချက်ရင်အရောင် ရဲရဲလေးမှ လှတာ။

အဲ့ဒီတော့ စားကောင်းပြီး လျှာထဲစွဲချင်တယ်ဆီမြုပ်ပြီး အရောင်လှချင်တယ်ဈေးကျတော့ပေါလောရှောလောသုံးချင်တယ် ဆိုတော့

အချိုမူန့် များများပြည့်ဝဆီ အညံစားတွေနဲ့ဆေးဆိုးထားတဲ့အရောင်တင်မူန့်တွေဘဲစားရတော့မှာပေါ့။

အစိုးရက ထုတ်လုပ်သူတွေကိုဘယ်လိုဘဲ အရေးယူ အပြစ် ပေးနေပေမယ့်ကျန်းမာ ရေး အသိတရားမရှိ

စားသုံးသူတွေရှိနေသရွေ့ထုတ်လုပ်ရောင်းချသူတွေရှိနေမှာပါပဲ။

Credit##

Zawgyi



အာရှမှာ အနိမ့်ဆုံးဘဲ။




























Credit##

Leave a Comment