မနက်ဖြန် ဒေါ်လာစျေးကတော့ စျေးကစားလိုသူတွေ အကြိုက်ဖြစ်လာနိုင်တယ်။ ခဏတာ ကြောက်လန့်တကြား လှိုင်းလုံး (panic shortwave) ဝင်ကောင်း ဝင်နိုင်တယ်။
FATF ရဲ့ နာမည်ပျက်စာရင်း (blacklisting) ဟာ ပို့ကုန်သွင်းကုန် ငွေလွှဲပြောင်းတဲ့အခါ စနစ်ရှုပ်ထွေးသွားခြင်းသာ ဖြစ်ပါတယ်။
တကယ်တော့ FATF blacklisted ဖြစ်တာနဲ့ ပြည်တွင်းဒေါ်လာငွေစက္ကူအရောင်း အတက်အကျ ဘာမှ မဆိုင်ပါဘူး။
တခုသိထားရမှာက ဒေါ်လာကို စျေးကြီးပေးဝယ်မိရင် အတက်အကျ သိပ်ကြမ်းတဲ့အခါ အကုန်ထိသွားနိုင်တယ် ဆိုတာပါပဲ။
အယင် လတွေက အတက်အကျ ကြမ်းတာကြောင့် ရောင်းဝယ်ဖေါက်ကားမှု သိန်းထောင်ချီရှုံးသွားတဲ့လူတွေ ရှိခဲ့ပါတယ်။
မိမိမှာ ငွေကြေးစျေးကွက်နဲ့ပတ်သက်လို့ ဂျော့ချ်ဆိုးရော့ရဲ့ ဉာဏ်ပညာမျိုး မရှိရင် သတိကြီးကြီးထားပြီး ငြိမ်တဲ့အထိ စောင့်ကြည့်သင့်ပါတယ်။
ဘာလို့ သတိပေးရတာလဲ ဆိုတော့ အဲ့ဒီအတက်အကျတွေမှာ ငွေကြေးဆုံးရှုံးထိခိုက်သွားကြသူတွေဟာ လုပ်ငန်းရှင်ကြီးတွေမဟုတ်ဘူး။
ဘုမသိ ဘမသိ တောင်ဝယ်မြောက်ဝယ် ပြည်သူစစ်စစ်တွေသာ ဖြစ်နေလို့ပါ။
(Kyaw Swa Min)
Zawgyi
မနက္ျဖန္ ေဒၚလာေစ်းကေတာ့ ေစ်းကစားလိုသူေတြ အႀကိဳက္ျဖစ္လာႏိုင္တယ္။ ခဏတာ ေၾကာက္လန႔္တၾကား လႈိင္းလုံး (panic shortwave) ဝင္ေကာင္း ဝင္ႏိုင္တယ္။
FATF ရဲ႕ နာမည္ပ်က္စာရင္း (blacklisting) ဟာ ပို႔ကုန္သြင္းကုန္ ေငြလႊဲေျပာင္းတဲ့အခါ စနစ္ရႈပ္ေထြးသြားျခင္းသာ ျဖစ္ပါတယ္။
တကယ္ေတာ့ FATF blacklisted ျဖစ္တာနဲ႔ ျပည္တြင္းေဒၚလာေငြစကၠဴအေရာင္း အတက္အက် ဘာမွ မဆိုင္ပါဘူး။
တခုသိထားရမွာက ေဒၚလာကို ေစ်းႀကီးေပးဝယ္မိရင္ အတက္အက် သိပ္ၾကမ္းတဲ့အခါ အကုန္ထိသြားႏိုင္တယ္ ဆိုတာပါပဲ။
အယင္ လေတြက အတက္အက် ၾကမ္းတာေၾကာင့္ ေရာင္းဝယ္ေဖါက္ကားမႈ သိန္းေထာင္ခ်ီရႈံးသြားတဲ့လူေတြ ရွိခဲ့ပါတယ္။
မိမိမွာ ေငြေၾကးေစ်းကြက္နဲ႔ပတ္သက္လို႔ ေဂ်ာ့ခ်္ဆိုးေရာ့ရဲ႕ ဉာဏ္ပညာမ်ိဳး မရွိရင္ သတိႀကီးႀကီးထားၿပီး ၿငိမ္တဲ့အထိ ေစာင့္ၾကည့္သင့္ပါတယ္။
ဘာလို႔ သတိေပးရတာလဲ ဆိုေတာ့ အဲ့ဒီအတက္အက်ေတြမွာ ေငြေၾကးဆုံးရႈံးထိခိုက္သြားၾကသူေတြဟာ လုပ္ငန္းရွင္ႀကီးေတြမဟုတ္ဘူး။
ဘုမသိ ဘမသိ ေတာင္ဝယ္ေျမာက္ဝယ္ ျပည္သူစစ္စစ္ေတြသာ ျဖစ္ေနလို႔ပါ။
(Kyaw Swa Min)