၁၁၃ နှစ်အရွယ် အမေဖြစ်သူကို တစ်ကိုယ်တည်း ပြုစုစောင့်ရှောက်ပေးနေတဲ့ ၈၅ နှစ်အရွယ် အဖိုးအို
၁၁၃ နှစ်အရွယ်အမေအိုကို ပြုစုစောင့်ရှောက်နေတဲ့သားရဲ့အရွယ်ဟာ အသက်ကြီးလို့အနားယူနေတဲ့အရွယ်ဖြစ်နေပါပြီ။
ဒါပေမယ့်လည်းမွေးသမိခင်ကျေးဇူးရှင်ဆိုတဲ့ ဂုဏ်ပုဒ်အတိုင်း မိဘကိုအမြဲမပြတ် စောင့်ရှောက်နေတာဟာ လေးစားဖို့တကယ်ကောင်းပါတယ်။
အဖိုးအိုးရဲ့အသက်မှာ ၈၅နှစ် ဖြစ်နေပါပြီ။အဖိုးအိုတို့သားအမိဟာ ဗီယက်နမ်နိုင်ငံ သန်ဖူးပြည်နယ်က ဖြစ်ပါတယ်။
အဖိုးအိုဟာအံ့ဩရလောက်အောင် သန်မာသူတစ်ယောက်ပါ။
ဒါဟာသူရဲ့မိခင်အပေါ် ထားတဲ့စေတနာကြောင့် နတ်ကောင်းနတ်မြတ်တွေကြည့်ရှုစောင့်ရှောက်တယ်လို့ပဲ ပြောရမှာပါပဲ။
ရွာလေးကလည်းအဖိုးအိုတို့ကို ကြည့်ရှုစောင့်ရှောက်ကြပါတယ်။
ဒီပုံလေးတွေကို မြင်တဲ့သူတိုင်းကို ယ့်ရဲ့မိဘကိုပြန်သတိရကြမှာပါ ။
မိဘကိုမသေခင်မှာ ပြုစုစောင့်ရှောက်ခြင်းဟာဘဝဆက်တိုင်း ကောင်းမွန်တဲ့ အကျိုးထူးကို သေချာပေါက်ခံစားကြရမှာပါ။
သူရဲ့မိဘအပေါ် ပြုစုတဲ့လုပ်ရက်ကိုဗီယက်နမ်တစ်နိုင်ငံလုံးလေးစားကြပါတယ်။
အဲ့ဒီအပြင် ဒီပုံလေးတွေဟာလည်း ကမ္ဘာပေါ်က လူမှုကွန်ရက်မှာ လှုပ်ခက်သွားခဲ့ပါသေးတယ်။
Credit
Zawgyi
Credit