နှစ်ပေါင်း ၂၅၀၀ ကျော်မှ အရှက်ခွဲခံရတဲ့ ရွှေတိဂုံဘုရားနဲ့ မလုပ်သင့်တာကို လုပ်ခဲ့သူရဲ့ နိဂုံး

အွန်လိုင်းပေါ်မှာ ပွဲဆူနေတဲ့ ကိစ္စကတော့ လူကြီးဖျော်ဖြေရေး အရုပ် ၂ ခုကို ရွှေတိဂုံဘုရား ပရဝဏ်ထဲကို ယူလာပြီး ရွှေတိဂုံ စေတီတော်ရဲ့ ရင်ငွေ့လှုံတယ်ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အဆိုပါ သတင်းဓာတ်ပုံများ လူမှုကွန်ရက်ပေါ် ရောက်ရောက်ချင်း ဝေဖန်မှု အများအပြားနဲ့ ကြုံတွေ့ခဲ့ရပြီး ပွဲဆူခဲ့ပါတယ်။

အဆိုပါ ဖျော်ဖြေရေးအရုပ်တွေရဲ့ ကန်တော့ပွဲကို ဘုရားဂေါပကတွေရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဘုရားလုံခြုံရေးတွေက စောင့်ကြပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် သတင်းများ လူမှုကွန်ရက်ပေါ် ရောက်ရှိလာပြီးနောက် ပြည်သူများက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

လက်ရှိအချိန်မှာ ဖျော်ဖြေရေး အရုပ်ပိုင်ရှင်ကို တရားစွဲထားပြီး အရုပ်ကိုရော လူကိုပါ ဒဂုံမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ “သူက ဂေါပကအဖွဲ့မှာ သူရဿတီ မယ်တော်ပွဲ လုပ်မယ်ဆိုပြီး စာတင်ထားတာ။ ဂေါပကအဖွဲ့ကလည်း ခွင့်ပြုပေးထားတယ်။ လုံခြုံရေးတွေကလည်း ခွင့်ပြုမိန့်ပါတော့ ဝိုင်းကူ လုပ်ပေးတာပါ။ နောက်မှ ဒီအရုပ်ကြီးတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်လွှင့်တော့မှ သိကုန်ကြတာ။ အမှုဖွင့်ဖို့တော့ လုပ်ထားပြီးပါပြီ” လို့ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

စကစ လက်အောက်ခံ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကတော့ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ဖြေကြားသွားပါတယ်။ (၁) ရွှေတိဂုံစေတီတော် တောင်ဘက်ကားကွင်းရှိ ကျောက်စာတိုင်အနီးတွင်သာ လာရောက်ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။

(၂) ထေရဝါဒဗုဒ္ဓဘာသာနှင့် ဆန့်ကျင်သည့် ရုပ်တုများဖြစ်၍ ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတာဝန်ခံမှ ခေါ်ယူမေးမြန်းစိစစ်ပြီးနောက် ၎င်းတို့၏ ဆောင်ရွက်နေမှုများကို ဖယ်ရှားရှင်းလင်းစေခဲ့ရာ နံနက်(၁၀)နာရီအချိန်တွင် ပစ္စည်းများသိမ်းဆည်း၍ ပြန်လည်ထွက်ခွာသွားကြောင်း ဖြေကြားအပ်ပါသည်။

ယခုဖြစ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ ဘာသာရေး အထွဋ်အမြတ်နေရာသာမက သမိုင်းဝင်နေရာ တခုဖြစ်တဲ့ ရွှေတိဂုံစေတီတော်ရဲ့ ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေတယ်လို့ ပြည်သူများက ဝေဖန်လျက် ရှိပါတယ်။ ယခုဖြစ်ရပ်ကို ထိုင်းနိုင်ငံ လူမှုကွန်ရက် စာမျက်နှာများမှာလည်း အကျယ်တဝင့် ဖော်ပြလျက် ရှိနေပြီး မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ အရှက်ရစရာ ဖြစ်နေပါတယ်။

လူတဦးတယောက်ရဲ့ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ အပြုအမူကြောင့် တနိုင်ငံလုံး အရှက်ရခဲ့ရပြီ ဖြစ်ပါတယ်။ အဆိုပါ လုပ်ရပ်ကို ပြုလုပ်သူ၊ ခွင့်ပြုပေးသူ၊ မသိချင်ယောင်ဆောင်နေကြသူ စတဲ့ တာဝန်ရှိသူအားလုံးကို တပြေးညီ အရေးယူပေးဖို့ ပြည်သူတွေက အလိုရှိနေကြပါတယ်။ နှစ်ပေါင်း ၂၅၀၀ ကျော်မှ အရှက်ခွဲခံရတဲ့ ရွှေတိဂုံဘုရားနဲ့ ဖျော်ဖြေရေးရုပ်ထုကို ထိုင်ကန်တော့နေတဲ့ မြန်မာတွေရဲ့ ပုံရိပ်ကတော့ ကမ္ဘာကျော်သွားခဲ့ပြီ ဖြစ်ပါတယ်လို့ ဝမ်းနည်းစွာ ဖော်ပြလိုက်ရပါတယ်။

Credit

Zawgyi

အြန္လိုင္းေပၚမွာ ပြဲဆူေနတဲ့ ကိစၥကေတာ့ လူႀကီးေဖ်ာ္ေျဖေရး အ႐ုပ္ ၂ ခုကို ေ႐ႊတိဂုံဘုရား ပရဝဏ္ထဲကို ယူလာၿပီး ေ႐ႊတိဂုံ ေစတီေတာ္ရဲ႕ ရင္ေငြ႕လႈံတယ္ဆိုတဲ့ ကိစၥပဲ ျဖစ္ပါတယ္။ အဆိုပါ သတင္းဓာတ္ပုံမ်ား လူမႈကြန္ရက္ေပၚ ေရာက္ေရာက္ခ်င္း ေဝဖန္မႈ အမ်ားအျပားနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး ပြဲဆူခဲ့ပါတယ္။

အဆိုပါ ေဖ်ာ္ေျဖေရးအ႐ုပ္ေတြရဲ႕ ကန္ေတာ့ပြဲကို ဘုရားေဂါပကေတြရဲ႕ ခြင့္ျပဳခ်က္နဲ႔ ျပဳလုပ္ခဲ့ျခင္း ျဖစ္ၿပီး ဘုရားလုံၿခဳံေရးေတြက ေစာင့္ၾကပ္ေပးခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ သတင္းမ်ား လူမႈကြန္ရက္ေပၚ ေရာက္ရွိလာၿပီးေနာက္ ျပည္သူမ်ားက အျပင္းအထန္ ေဝဖန္ခဲ့ၾကပါတယ္။

လက္ရွိအခ်ိန္မွာ ေဖ်ာ္ေျဖေရး အ႐ုပ္ပိုင္ရွင္ကို တရားစြဲထားၿပီး အ႐ုပ္ကိုေရာ လူကိုပါ ဒဂုံၿမိဳ႕မရဲစခန္းမွာ ထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။ “သူက ေဂါပကအဖြဲ႕မွာ သူရႆတီ မယ္ေတာ္ပြဲ လုပ္မယ္ဆိုၿပီး စာတင္ထားတာ။ ေဂါပကအဖြဲ႕ကလည္း ခြင့္ျပဳေပးထားတယ္။ လုံၿခဳံေရးေတြကလည္း ခြင့္ျပဳမိန႔္ပါေတာ့ ဝိုင္းကူ လုပ္ေပးတာပါ။ ေနာက္မွ ဒီအ႐ုပ္ႀကီးေတြနဲ႔ အြန္လိုင္းကေန တိုက္႐ိုက္လႊင့္ေတာ့မွ သိကုန္ၾကတာ။ အမႈဖြင့္ဖို႔ေတာ့ လုပ္ထားၿပီးပါၿပီ” လို႔ ေ႐ႊတိဂုံဘုရား ေဂါပကအဖြဲ႕ဝင္ တစ္ဦးက ေျပာပါတယ္။

စကစ လက္ေအာက္ခံ သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာနကေတာ့ အဆိုပါ ကိစၥနဲ႔ ပတ္သက္ၿပီး ေအာက္ပါအတိုင္း ေျဖၾကားသြားပါတယ္။ (၁) ေ႐ႊတိဂုံေစတီေတာ္ ေတာင္ဘက္ကားကြင္းရွိ ေက်ာက္စာတိုင္အနီးတြင္သာ လာေရာက္ေဆာင္႐ြက္ရန္ စီစဥ္ခဲ့ျခင္းျဖစ္ပါသည္။

(၂) ေထရဝါဒဗုဒၶဘာသာႏွင့္ ဆန႔္က်င္သည့္ ႐ုပ္တုမ်ားျဖစ္၍ ေ႐ႊတိဂုံေစတီေတာ္တြင္ လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ လုံၿခဳံေရးတာဝန္ခံမွ ေခၚယူေမးျမန္းစိစစ္ၿပီးေနာက္ ၎တို႔၏ ေဆာင္႐ြက္ေနမႈမ်ားကို ဖယ္ရွားရွင္းလင္းေစခဲ့ရာ နံနက္(၁၀)နာရီအခ်ိန္တြင္ ပစၥည္းမ်ားသိမ္းဆည္း၍ ျပန္လည္ထြက္ခြာသြားေၾကာင္း ေျဖၾကားအပ္ပါသည္။

ယခုျဖစ္ရပ္ဟာ ျမန္မာႏိုင္ငံရဲ႕ ဘာသာေရး အထြဋ္အျမတ္ေနရာသာမက သမိုင္းဝင္ေနရာ တခုျဖစ္တဲ့ ေ႐ႊတိဂုံေစတီေတာ္ရဲ႕ ဂုဏ္က်က္သေရကို ညႇိဳးႏြမ္းေစတယ္လို႔ ျပည္သူမ်ားက ေဝဖန္လ်က္ ရွိပါတယ္။ ယခုျဖစ္ရပ္ကို ထိုင္းႏိုင္ငံ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားမွာလည္း အက်ယ္တဝင့္ ေဖာ္ျပလ်က္ ရွိေနၿပီး ျမန္မာႏိုင္ငံအေနနဲ႔ ကမာၻ႔အလယ္မွာ အရွက္ရစရာ ျဖစ္ေနပါတယ္။

လူတဦးတေယာက္ရဲ႕ ဆင္ျခင္တုံတရားကင္းမဲ့တဲ့ အျပဳအမူေၾကာင့္ တႏိုင္ငံလုံး အရွက္ရခဲ့ရၿပီ ျဖစ္ပါတယ္။ အဆိုပါ လုပ္ရပ္ကို ျပဳလုပ္သူ၊ ခြင့္ျပဳေပးသူ၊ မသိခ်င္ေယာင္ေဆာင္ေနၾကသူ စတဲ့ တာဝန္ရွိသူအားလုံးကို တေျပးညီ အေရးယူေပးဖို႔ ျပည္သူေတြက အလိုရွိေနၾကပါတယ္။ ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္မွ အရွက္ခြဲခံရတဲ့ ေ႐ႊတိဂုံဘုရားနဲ႔ ေဖ်ာ္ေျဖေရး႐ုပ္ထုကို ထိုင္ကန္ေတာ့ေနတဲ့ ျမန္မာေတြရဲ႕ ပုံရိပ္ကေတာ့ ကမာၻေက်ာ္သြားခဲ့ၿပီ ျဖစ္ပါတယ္လို႔ ဝမ္းနည္းစြာ ေဖာ္ျပလိုက္ရပါတယ္။

Credit

Leave a Comment