မီးရထားလက်မှတ်များ လိမ်လည်ရောင်းချမှုများရှိနေ

မီးရထားလက်မှတ်များ လိမ်လည်ရောင်းချမှုများရှိနေ

မြန်မာ့မီးရထားက ပြေးဆွဲပေးနေတဲ့ နယ်ဝေးမီးရထားလက်မှတ်တွေကို Facebookမှာ Page အတုဖွင့်ပြီးလိမ်လည်ရောင်းချမှုတွေရှိနေတယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။ကားလက်မှတ်တွေဈေးကြီးတော့ တစ်ချို့က မီးရထားအားပြုပြီးနေရပ်ပြန်ကြရတာပါ။

ဒါကိုအခွင့်ကောင်းယူပြီးလူလိမ်တွေက Facebook page မှာအကောင့်တုများဖြင့် လိမ်လည်ရောင်းချနေကြောင်းသိရှိရပါသည်။“လေအိတ်ရထားလက်မှတ် အရောင်းဌာန”လို့ နာမည်ပေးထားတဲ့ Page ဟာ ရထားလက်မှတ်တွေကို ကြိုတင်ဝယ်ယူလို့ရတယ်ဆိုပြီး

ဝယ်ယူသူတွေကငွေလွှဲပြီးရင် Block သွားတာဖြစ်တယ်လို့ကိုယ်တိုင်ကြုံရသူတွေကလူမှုကွန်ရက်ပေါ်မှာဝေမျှထားကြပါတယ်။လက်ရှိမှာ ရထားလက်မှတ်တွေကို ရိုးရိုးတန်းတစ်ရက်ကြို၊အထက်တန်းသုံးရက်ကြိုနဲ့သက်ဆိုင်ရာဘူတာတွေကလက်မှတ်ဌာနတွေမှာရောင်းချပေးနေပြီး

အွန်လိုင်းကရောင်းချပေးတာမျိုးလုံးဝမရှိဘူးလို့လည်းမြန်မာ့မီးရထားကနေသိရပါတယ်။မြန်မာ့မီးရထားကနေ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ရန်ကုန်-ပြည်၊ ရန်ကုန်-ပဲခူး၊ သာစည်-ရွှေညောင်၊ မန္တလေး-ပြင်ဦးလွင်-ဂုတ်ထိပ်၊

တောင်ကြီး-ဘန်းယဉ်၊ ပုသိမ်-ကြံခင်း၊ ပျဉ်းမနား-တောင်တွင်းကြီး၊ လက်ပံတန်း-သာရဝေါလမ်းပိုင်းတွေမှာ ရထားခရီးစဉ်တွေ ပြေးဆွဲပေးနေတာဖြစ်ပါတယ်။

Credit

Zawgyi

မီးရထားလက္မွတ္မ်ား လိမ္လည္ေရာင္းခ်မႈမ်ားရွိေန

ျမန္မာ့မီးရထားက ေျပးဆြဲေပးေနတဲ့ နယ္ေဝးမီးရထားလက္မွတ္ေတြကို Facebookမွာ Page အတုဖြင့္ၿပီးလိမ္လည္ေရာင္းခ်မႈေတြရွိေနတယ္လို႔ ျမန္မာ့မီးရထားကေနသိရပါတယ္။ကားလက္မွတ္ေတြေစ်းႀကီးေတာ့ တစ္ခ်ိဳ႕က မီးရထားအားျပဳၿပီးေနရပ္ျပန္ၾကရတာပါ။

ဒါကိုအခြင့္ေကာင္းယူၿပီးလူလိမ္ေတြက Facebook page မွာအေကာင့္တုမ်ားျဖင့္ လိမ္လည္ေရာင္းခ်ေနေၾကာင္းသိရွိရပါသည္။“ေလအိတ္ရထားလက္မွတ္ အေရာင္းဌာန”လို႔ နာမည္ေပးထားတဲ့ Page ဟာ ရထားလက္မွတ္ေတြကို ႀကိဳတင္ဝယ္ယူလို႔ရတယ္ဆိုၿပီး

ဝယ္ယူသူေတြကေငြလႊဲၿပီးရင္ Block သြားတာျဖစ္တယ္လို႔ကိုယ္တိုင္ႀကဳံရသူေတြကလူမႈကြန္ရက္ေပၚမွာေဝမွ်ထားၾကပါတယ္။လက္ရွိမွာ ရထားလက္မွတ္ေတြကို ႐ိုး႐ိုးတန္းတစ္ရက္ႀကိဳ၊အထက္တန္းသုံးရက္ႀကိဳနဲ႔သက္ဆိုင္ရာဘူတာေတြကလက္မွတ္ဌာနေတြမွာေရာင္းခ်ေပးေနၿပီး

အြန္လိုင္းကေရာင္းခ်ေပးတာမ်ိဳးလုံးဝမရွိဘူးလို႔လည္းျမန္မာ့မီးရထားကေနသိရပါတယ္။ျမန္မာ့မီးရထားကေန ရန္ကုန္-မႏၲေလး၊ ရန္ကုန္-ေမာ္လၿမိဳင္၊ရန္ကုန္-ျပည္၊ ရန္ကုန္-ပဲခူး၊ သာစည္-ေ႐ႊေညာင္၊ မႏၲေလး-ျပင္ဦးလြင္-ဂုတ္ထိပ္၊

ေတာင္ႀကီး-ဘန္းယဥ္၊ ပုသိမ္-ႀကံခင္း၊ ပ်ဥ္းမနား-ေတာင္တြင္းႀကီး၊ လက္ပံတန္း-သာရေဝါလမ္းပိုင္းေတြမွာ ရထားခရီးစဥ္ေတြ ေျပးဆြဲေပးေနတာျဖစ္ပါတယ္။

Leave a Comment