ဒေါ်လာဈေး ၃၃၀၀ ဝန်းကျင်၊ ရွှေဈေး ကျပ်သိန်း ၃၀ အောက် ပေါက်ဈေးရှိသော်လည်း အရောင်း အဝယ် ရပ်၊ ဆီဆိုင်နှင့်ကုန်တိုက်များတွင် တန်းစီ ကြိတ် ကြိတ်တိုး ဝယ်ယူ

ပြည်တွင်းစီးပွားရေးဈေးကွက်တွင် တစ်ဒေါ်လာ ငွေကျပ် ၃၇၀၀ ကျပ်ဝန်းကျင်၊ ရွှေဈေး မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၃၀ ဝန်းကျင်ဖြင့် ဈေးဖွင့်လှစ်ထားသောလည်း ဈေးကွက် အရောင်းအဝယ် ရပ်တန့်နေကြောင်း၊ ညနေပိုင်းတွင် တစ်ဒေါ်လာ ၃၃၀၀ ဝန်းကျင် ပေါက်ဈေးနှင့် ရွှေဈေး သိန်း ၃၀ အောက် ရှိကြောင်း ပြည်တွင်းစီးပွားရေးသမားများထံမှ သိရှိရသည်။

“ဒေါ်လာက ၃၇၀၀ နဲ့ ၄၀၀၀ အကြား တစ်ပတ်ချာလ ည်မှာ။ ရွှေဈေးက သိန်း ၃၀ တစ်ပတ်ချာလည်မှာပဲ။ စနေနေ့၊ တနင်္ဂနွေ၊ တနင်္လာ ၃ ရက်လုံးက ပိတ်ရက်တွေလည်းဖြစ်နေတာကြောင့် အကုန်လုံးစောင့်ကြည့်နေတယ်။ တချို့လည်း တစ်ဒေါ်လာ ၃၃၀၀ လောက်နဲ့ အဝယ်အရောင်းလုပ်တာလည်း ရှိတယ်။ အများစုက ရပ်နေတယ်။ ရွှေဆိုင်တွေလည်း ဈေးရယ်လို့ မဖွင့်ဘူး။

ငွေလွှဲတွေလည်း စောင့်ကြည့်တယ်။ ဈေးကွက်ကို အားလုံးက စောင့်ကြည့်ပါပဲ။ ဝယ်အားတော့ရှိတယ်။ အရောင်းအဝယ် မလုပ်တာ” ဟု ပြည်တွင်းစီးပွားရေး သမားတချို့ကဆိုသည်။အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၅၀၀၀ ၊ ၆၀၀၀ ဟု ပြောဆိုမှုများမှာ မှန်းဆ၍ ဈေးကစား ခေါ်ဆိုမှုများသာဖြစ်ပြီး လက်တွေ့တွင် ပေါက်သော ဈေးများ မဟုတ်ကြောင်း၊

မြန်မာနိုင်ငံအပေါ် အမည်ပျက်နိုင်ငံအဖြစ် ကြေညာ အရေး ယူမှုသည် သေချာပေါက် သက်ရောက်မှုများ ရှိလာမည်ကြောင်း စီးပွားရေးအသိုင်းအဝိုင်းက ပြောဆိုသည်။

ရန်ကုန်၊ မန္တလေးရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီများ တန်းစီ ဝယ် ယူရမှုများရှိပြီး ကုန်တိုက်များနှင့်ဈေးဝယ် စင်တာများတွင်လည်း ယနေ့ လာဝယ်ကြသူများဖြင့် ပြည့်နှက် များပြား နေကြကြောင်း သိရှိရသည်။(ဒေါ်လာဈေးအတက်အကျအတိုင်း သတင်းကို Update လုပ်ထားပါသည်။)

Credit

Zawgyi

ျပည္တြင္းစီးပြားေရးေဈးကြက္တြင္ တစ္ေဒၚလာ ေငြက်ပ္ ၃၇၀၀ က်ပ္ဝန္းက်င္၊ ေ႐ႊေဈး မီးလင္းေ႐ႊ တစ္က်ပ္သားလွ်င္ ေငြက်ပ္ သိန္း ၃၀ ဝန္းက်င္ျဖင့္ ေဈးဖြင့္လွစ္ထားေသာလည္း ေဈးကြက္ အေရာင္းအဝယ္ ရပ္တန႔္ေနေၾကာင္း၊ ညေနပိုင္းတြင္ တစ္ေဒၚလာ ၃၃၀၀ ဝန္းက်င္ ေပါက္ေဈးႏွင့္ ေ႐ႊေဈး သိန္း ၃၀ ေအာက္ ရွိေၾကာင္း ျပည္တြင္းစီးပြားေရးသမားမ်ားထံမွ သိရွိရသည္။

“ေဒၚလာက ၃၇၀၀ နဲ႔ ၄၀၀၀ အၾကား တစ္ပတ္ခ်ာလ ည္မွာ။ ေ႐ႊေဈးက သိန္း ၃၀ တစ္ပတ္ခ်ာလည္မွာပဲ။ စေနေန႔၊ တနဂၤေႏြ၊ တနလၤာ ၃ ရက္လုံးက ပိတ္ရက္ေတြလည္းျဖစ္ေနတာေၾကာင့္ အကုန္လုံးေစာင့္ၾကည့္ေနတယ္။ တခ်ိဳ႕လည္း တစ္ေဒၚလာ ၃၃၀၀ ေလာက္နဲ႔ အဝယ္အေရာင္းလုပ္တာလည္း ရွိတယ္။ အမ်ားစုက ရပ္ေနတယ္။ ေ႐ႊဆိုင္ေတြလည္း ေဈးရယ္လို႔ မဖြင့္ဘူး။

ေငြလႊဲေတြလည္း ေစာင့္ၾကည့္တယ္။ ေဈးကြက္ကို အားလုံးက ေစာင့္ၾကည့္ပါပဲ။ ဝယ္အားေတာ့ရွိတယ္။ အေရာင္းအဝယ္ မလုပ္တာ” ဟု ျပည္တြင္းစီးပြားေရး သမားတခ်ိဳ႕ကဆိုသည္။အေမရိကန္တစ္ေဒၚလာ ေငြက်ပ္ ၅၀၀၀ ၊ ၆၀၀၀ ဟု ေျပာဆိုမႈမ်ားမွာ မွန္းဆ၍ ေဈးကစား ေခၚဆိုမႈမ်ားသာျဖစ္ၿပီး လက္ေတြ႕တြင္ ေပါက္ေသာ ေဈးမ်ား မဟုတ္ေၾကာင္း၊

ျမန္မာႏိုင္ငံအေပၚ အမည္ပ်က္ႏိုင္ငံအျဖစ္ ေၾကညာ အေရး ယူမႈသည္ ေသခ်ာေပါက္ သက္ေရာက္မႈမ်ား ရွိလာမည္ေၾကာင္း စီးပြားေရးအသိုင္းအဝိုင္းက ေျပာဆိုသည္။

ရန္ကုန္၊ မႏၲေလးရွိ စက္သုံးဆီအေရာင္းဆိုင္မ်ား စက္သုံးဆီမ်ား တန္းစီ ဝယ္ ယူရမႈမ်ားရွိၿပီး ကုန္တိုက္မ်ားႏွင့္ေဈးဝယ္ စင္တာမ်ားတြင္လည္း ယေန႔ လာဝယ္ၾကသူမ်ားျဖင့္ ျပည့္ႏွက္ မ်ားျပား ေနၾကေၾကာင္း သိရွိရသည္။(ေဒၚလာေဈးအတက္အက်အတိုင္း သတင္းကို Update လုပ္ထားပါသည္။)

Credit

Leave a Comment