ရှောက်မှုကောင်းမှသာသီးထွက်ရရှိမှုကောင်းမွန်သည်4နဂါး မောက်ပင်၏အမြစ်သည်မြေအနက်၈လက်မခန့်သာအမြစ်ဝင်သဖြင့်ပေါင်းမြက်ကြောက်သောသီးနှံပင်တစ်မျိုးဖြစ်သည်ထို့ကြောင့်စီးပွားဖြစ်စိုက်ပျိုးပါကပေါင်းမြောက်ရှင်းရန်အထူးလိုအပ်သည်။(5)အပင်ကြီးအရွယ်တွင်ပင်လုံးဖြန့်ပေါင်သတ်ဆေးအသုံးပြု၍ရှင်းလင်းရမည်။ပေါက်ပြားအသုံးပြုပါကအမြစ်များထိခိုက်နိုင်သည်။(6)နဂါးမောက်သီးပင်အမျိူးအစားများ(Dragon Fruit)မျိုးမှာအတွင်းသားအနီ
ရောင်မျိုး(red flesh variety)Hylocereu sum atus နှင့်အတွင်းသားအဖြူရောင်(white flesh vari ety) Hylocereusတို့ကိုအများဆုံးစိုက်ပျိုးသည်။အသီးခွံအဝါရောင်ရှိပြီးအတွင်းသားအဖြူရောင်ရှိမျိုးမှာအနည်းကျဉ်းသာတွေ့ရသည်နဂါးမောက်သီးကိုယခင်ကပုပ္ပားတွင်သာတွေ့ရသည်။၂၀၁၄ခုနှစ်တွင်တောင်ကြီး၊မန္တလေး၊မိတ္ထီလာ၊ရန်ကုန်မြို့များတွင်စိုက်ပျိုးရောင်းချခဲ့ကြောင်းသိရသည်။ယနေ့တွင်မြန်မာပြည်အနှံ့စိုက်ပျိုးလာကြောင်းတွေ့ရ
သည်(7)စိုက်ပျိုးကြသောနည်းစနစ်များမှာတီပုံသဏ္ဌာန်တိုင်စနစ်၊စင်စနစ်၊တန်းစနစ်များကိုအများဆုံးစိုက်ပျိုးကြသည်နဂါးမောက်ပင်စိုက်ပျိုးရာတွင်ရှေးဦးစွာအမြင့်၅ပေ၊အကျယ်၄လက်မရှိကွန်ကရစ်တိုင်(သို့မဟုတ်)သစ်သားများကိုပင်ခြား၆ပေ၊တန်းခြား၉ပေအကွာစိုက်ပါတိုင်ခြပတ်လည်တွင်၂ပေပတ်လည်၂ပေအနက်ကျင်းများတူးပြီးမြေဆွေးများထည့်ရပါမည်။မြေတွင်းပိုးများကာကွယ်နိုင်သောအော်ဒင်းကဲ့သို့ခြသတ်နိုင်သောဆေးဇွန်းတစ်ဇွန်းစာထည့်ပြီး၅ရက်ခန့်
မြေနှပ်ထားရပါမည်။ထိုကျင်းများတွင်နဂါးမောက်ပင်တစ်ပေခွဲအရွယ်ရှိသောအပင်များကိုကွန်ကရစ်တိုင်တစ်တိုင်ပတ်လည်တွင်တွယ်ကပ်နိုင်ရန်နဂါးမောက်ပင်ကိုကြိုးချည်ထားပါ။ကျောက်တိုင်ထိပ်တွင်သစ်သားတန်းများထည့်ပေးရပါမည်။နွရောသီတွင်ရေမှန်မှန်လောင်းပါ9အပင်မှအတတ်များထွက်လာသောအခါမြေသြဇာအဖြစ်တစ်တိုင်လျှင်တီဆူပါနို့ဆီဘူးနှစ်ဘူး၊နွားချေး၊ဝက်ချေးတစ်ပြည်၊ပုလဲနို့ဆီဘူးတစ်ဘူးရောမွှေပြီးနှစ်လတစ်ကြိမ်ကျွေးရမည်အသီးသီးနေသော
ကာလတွင်တစ်ပတ်တစ်ကြိမ်ကျွေးလျှင်ပို၍သီးပါသည်10သတိပြုရန်မည်သည့်စနစ်ဖြင့်စိုက်ပျိုးသည်ဖြစ်စေစတင်စိုက်ပျိုးချိန်တွင်အထူးသတိထားရမည်မှာပုရွက်ဆိတ် ဖြစ် သည်။ထွက်လာသောအညွှန့်သစ်၏ထိပ်ပိုင်းကိုပုရွက်ဆိတ်အနီကလေးများကအုပ်စုဖွဲ့ဖျက်ဆီးလေ့ရှိသည်၎င်းကိုပိုးသတ်ဆေးတစ်မျိုးမျိုးနှင့် နှိမ်နင်းရန်ဖြစ်သည်။ရောဂါအနေဖြင့်ဗက်တီးရီးယားပျော့ပုပ်ရောဂါEnterobacter ciaaceကျရောက်တတ်၍ကိုဘိုဒ်၊ကျုပရိုမက်စသည့်
ကော့ပါးပါးသောဆေးများဖြင့်ပက်ဖျန်းကာကွယ်နိုင်သည်။မှိုပြောက်စွန်းရောဂါကိုအင်ဗန်တိုဟက်ဖက်ဂွန်းမန်ကိုရှက်ဒိုင် သိမ်းစသည့်မှိုသတ်ဆေးများအလှည့်ကျပက်ဖျန်း၍ကာကွယ်နိုင်သည်။(11)အသီးသီးချိန်သတိပြုရန်တစ်နှစ်သားအရွယ်ရောက်သောအခါအဖူးအပွင့်များထွက်ကာသီးကင်းဝင်စပြုပါသည်။များသောအားဖြင့်ဧပြီလကုန်နှင့်မေလဆန်းပိုင်းတွင်စတင်သီးကင်းဝင်သည်တစ်နှစ်သားအရွယ်တွင်သီးကင်းနည်းပြီးတစ်ပတ်လျှင်၁၀လုံးခန့်သီးသည်။နှစ်ကြာလာသည်နှင့်
အမျှအသီးပိုသီး၍အသီးလည်းကြီးလာသည်အကြမ်းအား ဖြင့်တွက်လျှင်နဂါးမောက်အပင်100စိုက်ထားသူဟာနဂါး မောက်ပင်တစ်နှစ်သားအရွယ်မှာအသီးနှုန်းတစ်ပတ်လျှင်၁၀လုံးနှုန်းနှင့်တွက်လျှင်အပင်100အတွက်နဂါးမောက်သီးအလုံး၁၀၀၀ရရှိမှာဖြစ်ပါတယ်အလုံး1000ကိုအနည်းဆုံးဈေး၅၀၀နဲ့တွက်လျှင်တပတ်ဝင်ငွေဟာ(၅)သိန်းဖြစ်တယ်ဒါဟာနဂါးမောက်ပင်တစ်နှစ်သားအတွက်ရရှိမယ့်ဝင်ငွေဖြစ်ပါတယ်နောက်ပိုင်းအပင်ကြီးလာတာနဲ့အမျှအသီးနနှုန်းကလည်း
ပိုများလာမှာဖြစ်ပါတယ်အသီးများဆက်တိုက်ထွက်ပေါ်နေပြီး၎င်းကာလတွင်နဂါးမောက်သီး ကောင်းမွန် စေရန်အပင်မှဖြာထွက်သောအချိုအကိုင်းအခက်များကိုဖယ်ရှားပေးရမည်နဂါးမောက်ပင်များသည်မျိုးကိုတစ်ခါဝယ်ရပြီးဆက်လက်စိုက်ပျိုးရန်အတွက်မျိုးကိုမိမိပင်မှတစ်လက်မခွဲကိုင်းများဖြတ်၍စိုက်ပျိုးနိုင်သောကြောင့်အလွယ်တကူစိုက်ပျိုးနိုင်သည်နဂါးမောက်ပင်များစိုက်ပျိုးခြင်းဖြင့်ခြံစိုက်တောင်သူများ ဝင်ငွေကောင်းလျက်ရှိပြီးခြံကြီးများတွင်နဂါးမောက်
ပင်များကို ကွန်ကရစ်တိုင်၃၀၀မှ၁၀၀၀အထိတစ်တိုင်လျှင(်၄ပင်နှုန်း)စိုက်ပျိုးလျက်ရှိသည်။(12)ဈေးကွက်ထွက်ရှိလာသောနဂါးမောက်သီးများကိုတစ်ကီလိုလျှင်၂၀၀၀ကျပ်နှုန်းနှင့်ဆိုဒ်မမီသောနဂါးမောက်သီးများကိုတစ်လုံးလျှင်၅၀၀ကျပ်မှ၁၀၀၀ကျပ်အထိရောင်းရကြောင်းသိသည်နဂါးမောက်သီးသည်အဖြူအနီ၊အဝါသုံးမျိုးရှိရာအနီသီးကိုပို၍နှစ်သက်ကြသည်အတွင်းသားအဖြူရောင်မျိုးမှာဒုတိယပတ်တွင် နောက်ဆုံးအဖူးထွက်ပြီအတွင်းသားအနီရောင်မျိုးမှာအောက်
တိုဘာလပထမပတ်တွင်နောက်ဆုံးအဖူးထွက်သည်သို့ဖြစ်၍အတွင်းသားအနီရောင်မျိုးသည်အတွင်းသားအဖြူရောင်မျိုးထက်ဖူးပွင့်သည့်ကာလတစ်လခန့်ပိုမိုသည်ကိုတွေ့သည် 13အသီး၏ဆေးဖက်ဝင်ပုံနဂါးမောက်သီးသည်ဗီတာမင်စီနှင့်အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သည့်အပြင်လိုင်ကိုပိန်းဓာတ်များစွာပါဝင်သောကြောင့်သဘာဝအရွယ်တင်နုပျိုစေပြီးအသီးတွင်Antioxidantအများဆုံးပါဝင်သဖြင့်ကင်ဆာရောဂါ၊ နှလုံးရောဂါ၊သွေးတိုးရောဂါ၊ဆီးချို၊ဆီးလွန်ရောဂါများ
လေသင်တုန်းနှင့်လေဖြတ်ခြင်းရောဂါများပျောက်ကင်းစေသည်ထို့ပြင်အဆိပ်အတောက်ဖြစ်စေတတ်သောHeavy mentalများချေဖျက်ပေးသဖြင့်ကိုလက်စထရောကိုလျော့ကျစေသည့်ပြင်ချောင်းဆိုး၊ရင်ကျပ်ရောဂါကိုလည်းသက်သာပျောက်ကင်းစေသည်အစာအိမ်အတွင်းရှိအဆိပ်အတောက်များကို ချေဖျက်နိုင်စွမ်းရှိခြင်း၊အဆီဓာတ်များကိုလျော့ကျနိုင်စွမ်းရှိခြင်း၊မှတ်ဉာဏ်ကောင်းခြင်း၊မျက်လုံး အားကောင်းခြင်း၊သွားနှင့်အရိုးများခိုင်မာစေခြင်းတို့ကြောင့်လူတိုင်းစား
သုံးသင့်သည်အထူးသဖြင့်နာလန်ထလူမမာများအတွက်အထူးသင့်လျော်သည်။နဂါးမောက်သီးတွင်အစွမ်းအာနိသင်ထက်မြက်စေသည့်Antioxidantဓာတ်ပြည့်ဝစွာပါဝင်သည့်အတွက်စိတ်ဖိစီးမှုနှင့်ဆက်နွှယ်နေသော ရောဂါများကိုပျောက်ကင်းစေနိုင်သဖြင့်အမေရိကတိုက်အလယ်ပိုင်းဒေသများတွင်နဂါးမောက်သီးမှာဆေးစွမ်းထက်သည့်အသီးအဖြစ်နာမည်ကြီးလှသည်။ယခုဈေးကွက်တွင်လူကြိုက်များသည့်နဂါးမောက်သီးပင်ကိုမြန်မာပြည်အရပ်ရပ်တွင်စိုက်ပျိုးအောင်မြင်ပြီးဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။Credit
Zawgyi