ပိုက်ဆံ 40000ကျပ်ရဖို့ ကြက်ဥအလုံး50 အစားပြိုင်ရင်း အ သက် ဆုံ းသွားခဲ့တဲ့ အမျိုးသား

တန်ရင်ဆေး ၊ လွန်ရင်ဘေး ဆိုတဲ့အတိုင်းပါပဲ ။ ဘာဘဲဖြစ်ဖြစ် လိုတာထက်ပိုသွားတာမျိုးကမကောင်းပါဘူး ။

အရက်အများကြီးသောက်တာမကောင်းဘူး ၊ ပိုက်ဆံအများကြီးသုံးရင်လည်း မကောင်းဘူး ၊

အစားအစာကိုလည်း အများကြီးစားသောက်တာမျိုးကမကောင်းဘူး စတဲ့ကိစ္စရပ်တွေကို

တစ်ချို့သောသူတွေစဉ်းစားဆင်ခြင်တတ်အောင် ပြောပြဖို့ကအတော်လေးခက်ပါတယ် ။

ဒီတစ်ခေါက်မှာလည်း အိန္နိယနိုင်ငံ ၊

Jaunpur မြို့မှာနေထိုင်တဲ့ အမျိုးသားဟာ တစ်ကြိမ်တည်းမှာ ကြက်ဥ 42လုံးစားပစ်ခဲ့ပြီးနောက် အသက်သေဆုံးသွားခဲ့ရပါတယ် ။

အဆိုပါ အသက် 42 နှစ်အရွယ် Subhash Yadav အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ သူငယ်ချင်းဖြစ်သူနှင့်အတူဈေးသွားရင်း စကားအငြင်းအခုံဖြစ်ခဲ့ရပါတယ် ။

ထို့ကြောင့် စကားအငြင်းအခုံကိုဖြေရှင်းဖို့အတွက် သူငယ်ချင်းဖြစ်သူက Yadav ကို ကြက်ဥအလုံး 50 စားပြိုင်ကြဖို့ စိန်ခေါ်ခဲ့ပါတော့တယ် ။

အဆိုပါ ကြက်ဥအလုံး 50စားပြိုင်တဲ့ အဖြစ်အပျက်ဟာ 1967 ခုနှစ်မှာရိုက်ကူးခဲ့တဲ့

Cool Hand Luck ရုပ်ရှင်ဌာတ်ကားထဲမှာ အဓိကဇာတ်ကောင်ကစားပြခဲ့တာဖြစ်တဲ့အတွက်

အရင်ချိန်ကအတော်လေးကို ခေတ်စားခဲ့ပါတယ် ။

ထို့အပြင် သူငယ်ချင်းဖြစ်သူက စားနိုင်လျှင် 2000 rupees (မြန်မာငွေ 4သောင်းကျော်) ဆုချမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ် ။

Yadav ဟာ ကြက်ဥအလုံးပေါင်း 41လုံးစားခဲ့တဲ့အထိ အဆင်ပြေနေခဲ့သေးပေမဲ့လည်း

အလုံးပေါင်း 42လုံးမြောက်မှာတော့ သတိလစ်မေ့မျောသွားခဲ့ပါတယ် ။

ထို့ကြောင့် သူငယ်ချင်းဖြစ်သူက ဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပြီး

နောက်ပိုင်း Sanjay Gandhi Post Graduate Institute Of Medical Science သို့ပြောင်းရွှေ့ပြီး

မကြာခင်မှာပဲ Yadav ဟာ အသက်သေဆုံးသွားခဲ့ရပါတယ် ။

ထို့ကြောင့်ဆရာဝန်ဖြစ်သူကYadav ဟာ အစားလွန်ပြီးအသက်သေဆုံးသွားခဲ့ရတာဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတော့တယ် ။

Credit

Zawgyi

တန္ရင္ေဆး ၊ လြန္ရင္ေဘး ဆိုတဲ့အတိုင္းပါပဲ ။ ဘာဘဲျဖစ္ျဖစ္ လိုတာထက္ပိုသြားတာမ်ိဳးကမေကာင္းပါဘူး ။

အရက္အမ်ားႀကီးေသာက္တာမေကာင္းဘူး ၊ ပိုက္ဆံအမ်ားႀကီးသုံးရင္လည္း မေကာင္းဘူး ၊

အစားအစာကိုလည္း အမ်ားႀကီးစားေသာက္တာမ်ိဳးကမေကာင္းဘူး စတဲ့ကိစၥရပ္ေတြကို

တစ္ခ်ိဳ႕ေသာသူေတြစဥ္းစားဆင္ျခင္တတ္ေအာင္ ေျပာျပဖို႔ကအေတာ္ေလးခက္ပါတယ္ ။

ဒီတစ္ေခါက္မွာလည္း အိႏၷိယႏိုင္ငံ ၊

Jaunpur ၿမိဳ႕မွာေနထိုင္တဲ့ အမ်ိဳးသားဟာ တစ္ႀကိမ္တည္းမွာ ၾကက္ဥ 42လုံးစားပစ္ခဲ့ၿပီးေနာက္ အသက္ေသဆုံးသြားခဲ့ရပါတယ္ ။

အဆိုပါ အသက္ 42 ႏွစ္အ႐ြယ္ Subhash Yadav အမည္ရွိတဲ့အဆိုပါအမ်ိဳးသားဟာ သူငယ္ခ်င္းျဖစ္သူႏွင့္အတူေဈးသြားရင္း စကားအျငင္းအခုံျဖစ္ခဲ့ရပါတယ္ ။

ထို႔ေၾကာင့္ စကားအျငင္းအခုံကိုေျဖရွင္းဖို႔အတြက္ သူငယ္ခ်င္းျဖစ္သူက Yadav ကို ၾကက္ဥအလုံး 50 စားၿပိဳင္ၾကဖို႔ စိန္ေခၚခဲ့ပါေတာ့တယ္ ။

အဆိုပါ ၾကက္ဥအလုံး 50စားၿပိဳင္တဲ့ အျဖစ္အပ်က္ဟာ 1967 ခုႏွစ္မွာ႐ိုက္ကူးခဲ့တဲ့

Cool Hand Luck ႐ုပ္ရွင္ဌာတ္ကားထဲမွာ အဓိကဇာတ္ေကာင္ကစားျပခဲ့တာျဖစ္တဲ့အတြက္

အရင္ခ်ိန္ကအေတာ္ေလးကို ေခတ္စားခဲ့ပါတယ္ ။

ထို႔အျပင္ သူငယ္ခ်င္းျဖစ္သူက စားႏိုင္လွ်င္ 2000 rupees (ျမန္မာေငြ 4ေသာင္းေက်ာ္) ဆုခ်မည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါေသးတယ္ ။

Yadav ဟာ ၾကက္ဥအလုံးေပါင္း 41လုံးစားခဲ့တဲ့အထိ အဆင္ေျပေနခဲ့ေသးေပမဲ့လည္း

အလုံးေပါင္း 42လုံးေျမာက္မွာေတာ့ သတိလစ္ေမ့ေမ်ာသြားခဲ့ပါတယ္ ။

ထို႔ေၾကာင့္ သူငယ္ခ်င္းျဖစ္သူက ေဆး႐ုံသို႔အလ်င္အျမန္ေခၚေဆာင္သြားခဲ့ၿပီး

ေနာက္ပိုင္း Sanjay Gandhi Post Graduate Institute Of Medical Science သို႔ေျပာင္းေ႐ႊ႕ၿပီး

မၾကာခင္မွာပဲ Yadav ဟာ အသက္ေသဆုံးသြားခဲ့ရပါတယ္ ။

ထို႔ေၾကာင့္ဆရာဝန္ျဖစ္သူကYadav ဟာ အစားလြန္ၿပီးအသက္ေသဆုံးသြားခဲ့ရတာျဖစ္ေၾကာင္း တရားဝင္ေၾကညာခဲ့ပါေတာ့တယ္ ။

Credit

Leave a Comment