ဖုန်းထဲ ရေဝင်သွားရင် ဆန်အိုးထဲ လုံးဝမထည့်နဲ့နော်

မတော်တဆ ဖုန်းရေထဲကျသွားတဲ့အခါ၊ ဖုန်းရေစိုသွားတဲ့အခါ ကျွန်တော်တို့အများစု ဒီပြဿနာကို

ဖြေရှင်းတဲ့နည်းက ဆန်ထဲ ထည့်ထားလိုက်ကြတာပါပဲ။

ဒီနည်းလမ်းကို ကျွန်တော်တို့စွဲမြဲစွာ မှတ်သားထားကြတာပါ၊

တကယ်တော့ ဒီနည်းက အသုံးမဝင်ပါဘူး။

သင့်ဖုန်းကို နောက်ထပ်ပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။

ဖုန်းရေစိုတာကို ခြောက်သွားဖို့အတွက် ဆန်အိုးထဲ၊ ဆန်ထဲထည့်ပြီး ဖြေရှင်းတဲ့နည်းက ယုံတမ်းစကားဖြစ်ပါတယ်။

ဆန်က သင့်ဖုန်းမှာရှိနေတဲ့ရေတွေကို မြန်မြန်ဆန်ဆန်ခြောက်သွားဖို့အတွက် စုပ်ယူမပေးနိုင်ပါဘူး။

ဆန်က အမှုန့်အမွှားတွေက ဖုန်းထဲစိမ့်ဝင်ပြီး ဖုန်းရဲ့အတွင်းထဲက

အစိတ်အပိုင်းတွေကိုလည်း ပျက်စီးသွားစေနိုင်ပါတယ်။

ဖုန်းရေစိုတာ ခြောက်သွားဖို့အတွက် အခြားသူတွေ မထိနိုင်တဲ့နေရာမှာ တင်ထားပြီး

သဘာဝလေနဲံ ခြောက်သွားအောင်ထားလိုက်တာက အထိရောက်ဆုံးနည်းပါပဲ။

သဘာဝလေနဲ့ မြန်မြန်ဆန်ဆန် ခြောက်သွားပါလိမ့်မယ်၊ဖုန်းရေစိုသွားရင် ဆန်ထဲမထည့်ဘဲ

နောက်ထပ် ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးလိုက်ရပါတယ်။

သင့်ဖုန်းကို ချက်ချင်းပဲ Power ပိတ်ထားလိုက်ပါ ။

ဖုန်းရေစိုသွားတဲ့အခါ ဖုန်းရဲ့လျှပ်စီးပတ်လမ်းကို မပျက်စီးသွားဖို့အတွက် ချက်ချင်း ဖုန်းPower ကို ပိတ်လိုက်ပါ။

လျှပ်စစ်ပတ်လမ်းကို ရေစိုသွားမယ်ဆိုရင် မကောင်းနိုင်ပါဘူး။

ဒါပေမဲ့ Power ပိတ်ထားတဲ့ လျှပ်စီးပတ်လမ်းရေစိုသွားတာက ဖုန်းဖွင့်ထားပြီး ရေစိုသွားတာထက်

များများစားစားမပျက်စီးနိုင်ပါဘူး။

ဖုန်း Power ကို မြန်မြန်ပိတ်နိုင်လေ ဖုန်းရဲ့ လျှပ်စီးပတ်လမ်း ပျက်စီးနိုင်မယ့်အခွင့်အရေး နည်းသွားလေလေပါပဲ။

ဒါကြောင့် ဖုန်းPower ပိတ်ဖို့က အရေးကြီးဆုံးအဆင့်ဆိုတာ မှတ်ထားသင့်ပါတယ်။

ဖုန်းကို တစ်ရှုးနဲ့ အရင်ဆုံးသုတ်လိုက်ပါ။ ဖုန်း Power ပိတ်ပြီးသွားရင်

အရင်ဆုံး တစ်ရှုးနဲ့ သင့်ဖုန်းကို ခြောက်သွားဖို့ သုတ်လိုက်ပါ။

သုတ်တဲ့အခါ ရေတွေကို ဖုန်းထဲအထိ ဝင်သွားအောင် တွန်းပို့သလိုမဖြစ်ဖို့အတွက်

ဖြည်းဖြည်းသာသာလေး ဂရုတစိုက်နဲ့ သုတ်ပေးဖို့တော့ လိုပါတယ်။

ဖယ်ရှားလို့ရတဲ့အစိတ်အပိုင်းတွေကိုဖြုတ်ထားလိုက်ပါ – Sim Card၊ ဘတ်တ္တရီလို

ဖုန်းရဲ့ဖယ်ရှားထားလို့ရတဲ့အစိတ်အပိုင်းတွေကို ဖြတ်ထားဖို့လည်း အရေးကြီးပါတယ်။

အားသွင်းတဲ့အပေါက်ထဲကို တစ်ရှုး၊ အဝတ်စတွေထည့်ပြီး ရေမသုတ်ပါနဲ့အားသွင်းပေါက်ကို

ရေခြောက်သွားဖို့အတွက် ဘယ်လိုအရာမျိုးနဲ့မှ ထည့်ပြီးမသုတ်ဖို့လည်း အရေးကြီးပါတယ်။

ရေထဲ အားသွင်းပေါက်ကနေ ဝင်မသွားဖို့အတွက် ဖုန်းကို မလှုပ်ပါနဲ့၊ ဘယ်ခလုတ်မှာလည်း မနှိပ်ပါနဲ့နော်။

ခြောက်သွေ့တဲ့ မျက်နှာသုတ်ပုဝါ ပေါ်တင်ထားပြီး အခြောက်ခံလိုက်ပါ။

အထက်မှာပြောထားတဲ့အဆင့်အတိုင်းလုပ်ပြီးသွားတဲ့နောက်မှာ

သင့်ဖုန်းကို ခြောက်သွေ့တဲ့ မျက်နှာသုတ်ပုဝါပေါ်မှာ ထားပြီး သဘာဝလေနဲ့ပဲ အခြောက်ခံထားလိုက်ပါ။

ရေခြောက်မသွားခင် ဖုန်း Power ကို မဖွင့်လိုက်ပါနဲ့။ (၂၄) နာရီကနေ (၃၆) နာရီအထိ စောင့်ဆိုင်းဖို့ လိုပါတယ်။

ဖုန်းရေစိုသွားလို့ အခုမျှဝေထားတဲ့အတိုင်း မလုပ်ရဲဘူး၊ မလုပ်တတ်ဘူးဆိုရင်တော့

ဖုန်းPower ကို ချက်ချင်းပိတ်ပစ်ပြီး ကျွမ်းကျင်တဲ့ဖုန်းပြင်ဆရာနဲ့ ပြကြည့်တာအကောင်းဆုံးပါပဲ။

Credit

Zawgyi

မေတာ္တဆ ဖုန္းေရထဲက်သြားတဲ့အခါ၊ ဖုန္းေရစိုသြားတဲ့အခါ ကြၽန္ေတာ္တို႔အမ်ားစု ဒီျပႆနာကို

ေျဖရွင္းတဲ့နည္းက ဆန္ထဲ ထည့္ထားလိုက္ၾကတာပါပဲ။

ဒီနည္းလမ္းကို ကြၽန္ေတာ္တို႔စြဲၿမဲစြာ မွတ္သားထားၾကတာပါ၊

တကယ္ေတာ့ ဒီနည္းက အသုံးမဝင္ပါဘူး။

သင့္ဖုန္းကို ေနာက္ထပ္ပ်က္စီးမႈေတြ ျဖစ္ေစႏိုင္ပါတယ္။

ဖုန္းေရစိုတာကို ေျခာက္သြားဖို႔အတြက္ ဆန္အိုးထဲ၊ ဆန္ထဲထည့္ၿပီး ေျဖရွင္းတဲ့နည္းက ယုံတမ္းစကားျဖစ္ပါတယ္။

ဆန္က သင့္ဖုန္းမွာရွိေနတဲ့ေရေတြကို ျမန္ျမန္ဆန္ဆန္ေျခာက္သြားဖို႔အတြက္ စုပ္ယူမေပးႏိုင္ပါဘူး။

ဆန္က အမႈန႔္အမႊားေတြက ဖုန္းထဲစိမ့္ဝင္ၿပီး ဖုန္းရဲ႕အတြင္းထဲက

အစိတ္အပိုင္းေတြကိုလည္း ပ်က္စီးသြားေစႏိုင္ပါတယ္။

ဖုန္းေရစိုတာ ေျခာက္သြားဖို႔အတြက္ အျခားသူေတြ မထိႏိုင္တဲ့ေနရာမွာ တင္ထားၿပီး

သဘာဝေလနဲံ ေျခာက္သြားေအာင္ထားလိုက္တာက အထိေရာက္ဆုံးနည္းပါပဲ။

သဘာဝေလနဲ႔ ျမန္ျမန္ဆန္ဆန္ ေျခာက္သြားပါလိမ့္မယ္၊ဖုန္းေရစိုသြားရင္ ဆန္ထဲမထည့္ဘဲ

ေနာက္ထပ္ ဘယ္လိုလုပ္ရမလဲဆိုတာ မွ်ေဝေပးလိုက္ရပါတယ္။

သင့္ဖုန္းကို ခ်က္ခ်င္းပဲ Power ပိတ္ထားလိုက္ပါ ။

ဖုန္းေရစိုသြားတဲ့အခါ ဖုန္းရဲ႕လွ်ပ္စီးပတ္လမ္းကို မပ်က္စီးသြားဖို႔အတြက္ ခ်က္ခ်င္း ဖုန္းPower ကို ပိတ္လိုက္ပါ။

လွ်ပ္စစ္ပတ္လမ္းကို ေရစိုသြားမယ္ဆိုရင္ မေကာင္းႏိုင္ပါဘူး။

ဒါေပမဲ့ Power ပိတ္ထားတဲ့ လွ်ပ္စီးပတ္လမ္းေရစိုသြားတာက ဖုန္းဖြင့္ထားၿပီး ေရစိုသြားတာထက္

မ်ားမ်ားစားစားမပ်က္စီးႏိုင္ပါဘူး။

ဖုန္း Power ကို ျမန္ျမန္ပိတ္ႏိုင္ေလ ဖုန္းရဲ႕ လွ်ပ္စီးပတ္လမ္း ပ်က္စီးႏိုင္မယ့္အခြင့္အေရး နည္းသြားေလေလပါပဲ။

ဒါေၾကာင့္ ဖုန္းPower ပိတ္ဖို႔က အေရးႀကီးဆုံးအဆင့္ဆိုတာ မွတ္ထားသင့္ပါတယ္။

ဖုန္းကို တစ္ရႈးနဲ႔ အရင္ဆုံးသုတ္လိုက္ပါ။ ဖုန္း Power ပိတ္ၿပီးသြားရင္

အရင္ဆုံး တစ္ရႈးနဲ႔ သင့္ဖုန္းကို ေျခာက္သြားဖို႔ သုတ္လိုက္ပါ။

သုတ္တဲ့အခါ ေရေတြကို ဖုန္းထဲအထိ ဝင္သြားေအာင္ တြန္းပို႔သလိုမျဖစ္ဖို႔အတြက္

ျဖည္းျဖည္းသာသာေလး ဂ႐ုတစိုက္နဲ႔ သုတ္ေပးဖို႔ေတာ့ လိုပါတယ္။

ဖယ္ရွားလို႔ရတဲ့အစိတ္အပိုင္းေတြကိုျဖဳတ္ထားလိုက္ပါ – Sim Card၊ ဘတ္တၱရီလို

ဖုန္းရဲ႕ဖယ္ရွားထားလို႔ရတဲ့အစိတ္အပိုင္းေတြကို ျဖတ္ထားဖို႔လည္း အေရးႀကီးပါတယ္။

အားသြင္းတဲ့အေပါက္ထဲကို တစ္ရႈး၊ အဝတ္စေတြထည့္ၿပီး ေရမသုတ္ပါနဲ႔အားသြင္းေပါက္ကို

ေရေျခာက္သြားဖို႔အတြက္ ဘယ္လိုအရာမ်ိဳးနဲ႔မွ ထည့္ၿပီးမသုတ္ဖို႔လည္း အေရးႀကီးပါတယ္။

ေရထဲ အားသြင္းေပါက္ကေန ဝင္မသြားဖို႔အတြက္ ဖုန္းကို မလႈပ္ပါနဲ႔၊ ဘယ္ခလုတ္မွာလည္း မႏွိပ္ပါနဲ႔ေနာ္။

ေျခာက္ေသြ႕တဲ့ မ်က္ႏွာသုတ္ပုဝါ ေပၚတင္ထားၿပီး အေျခာက္ခံလိုက္ပါ။

အထက္မွာေျပာထားတဲ့အဆင့္အတိုင္းလုပ္ၿပီးသြားတဲ့ေနာက္မွာ

သင့္ဖုန္းကို ေျခာက္ေသြ႕တဲ့ မ်က္ႏွာသုတ္ပုဝါေပၚမွာ ထားၿပီး သဘာဝေလနဲ႔ပဲ အေျခာက္ခံထားလိုက္ပါ။

ေရေျခာက္မသြားခင္ ဖုန္း Power ကို မဖြင့္လိုက္ပါနဲ႔။ (၂၄) နာရီကေန (၃၆) နာရီအထိ ေစာင့္ဆိုင္းဖို႔ လိုပါတယ္။

ဖုန္းေရစိုသြားလို႔ အခုမွ်ေဝထားတဲ့အတိုင္း မလုပ္ရဲဘူး၊ မလုပ္တတ္ဘူးဆိုရင္ေတာ့

ဖုန္းPower ကို ခ်က္ခ်င္းပိတ္ပစ္ၿပီး ကြၽမ္းက်င္တဲ့ဖုန္းျပင္ဆရာနဲ႔ ျပၾကည့္တာအေကာင္းဆုံးပါပဲ။

Credit

Leave a Comment