သီတင်းကျွတ် လကွယ်နေ့ နေကြတ်၍ တန်ဆောင်မုန်း လပြည့်နေ့ လကြတ်မည်

သီတင်းကျွတ် လကွယ်နေ့ နေကြတ်၍ တန်ဆောင်မုန်း လပြည့်နေ့ လကြတ်မည်..

နေကြတ်ခြင်း၊ လကြတ်ခြင်း ဖြစ်စဉ်များဟာ နေ၊ ကမ္ဘာ နှင့် လ တို့ တတန်းတည်းကျရောက်ချိန် (တနည်းအားဖြင့်) လပြည့်၊ လကွယ် အချိန်မှာသာ ဖြစ်ပေါ်လေ့ရှိပါတယ်။ သီတင်းကျွတ်လကွယ်နေ့ (အမှန်) ဖြစ်တဲ့ ၂၀၂၂ အောက်တိုဘာလ ၂၅ ရက်နေ့မှာတော့ နေ တပိုင်းကြတ်ခြင်းဖြစ်စဉ် ပေါ်ပေါက်မှာဖြစ်ပြီး နေ နဲ့ ကမ္ဘာအကြားကို လ ရောက်ရှိသွားတဲ့အတွက် လရဲ့အရိပ်ဟာ ကမ္ဘာပေါ်သို့ ကျရောက်လာမှာဖြစ်ပါတယ်။

အဆိုပါ နေကြတ်ခြင်းဖြစ်စဉ်ကို တွေ့မြင်ရမည့် နိုင်ငံတွေကတော့ နော်ဝေ၊ ဖင်လန် အပါအဝင် ဥရောပ အရှေ့ပိုင်းနိုင်ငံများ၊ ရုရှား နဲ့ တရုတ် အနောက်ပိုင်း နဲ့ အာရှ အရှေ့အလယ်ပိုင်းဒေသများဖြစ်ပါတယ်။

နေကြတ်မည့်အချိန်ကတော့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ (15:30) မှ ၇ နာရီ ၃၁ မိနစ် (19:31) အထိ ဖြစ်ပါတယ်။ (မြန်မာနိုင်ငံမှ မမြင်ရပါ။) နေ နှင့် လတို့ အတူရှိနေမည့် ကြယ်တာရာကတော့ Virgo လို့ခေါ်တဲ့ ကန်ရာသီ ကြယ်စုများပဲ ဖြစ်ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ (အမှန်) ဖြစ်တဲ့ ၂၀၂၂ နိုဝင်ဘာလ (၈) ရက်နေ့ ညဦးပိုင်းမှာတော့ လအပြည့်ကြတ်ခြင်း ဖြစ်စဉ် ပေါ်ပေါက်မှာဖြစ်ပြီး.. မြန်မာနိုင်ငံမှလည်း မြင်တွေ့ရနိုင်ပါတယ်။ လကြတ်မည့် အချိန်ကတော့ မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၄၀ မိနစ် (15:40) မှ ၇ နာရီ ၁၉ မိနစ် (19:19) အထိ ဖြစ်ပါတယ်။ နေဟာ ညနေ ၅ နာရီ ခွဲလောက်မှ ဝင်မှာဖြစ်လို့ လ ပေါ်ထွက်လာတဲ့အချိန်ဟာ လကြတ်ခြင်းရဲ့ အမြင့်ဆုံးအမှတ်ကို ရောက်ရှိနေချိန် ဖြစ်မှာပါ။

ဆိုလိုတာကတော့ လ ဟာ နိုဝင်ဘာ (၈) ရက်နေ့ညမှာ အရှေ့အရပ်ကနေ နီရဲပြီး ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

နေကြတ်ခြင်း၊ လကြတ်ခြင်းတို့ဟာ သဘာဝအလျောက် ဖြစ်ပေါ်တတ်တဲ့ နက္ခတ်ဖြစ်စဉ်များ ဖြစ်ပါတယ်။ ပြက္ခဒိန်ရက်နဲ့ ကွာနေရတာကတော့ ကျနော်တို့ဟာ လကို အချေယူပြီး ရက်တွေသတ်မှတ်ထားလို့ဖြစ်ပါတယ်။

ဉပမာ လဆန်း ၁၄ ရက် လဆုတ် ၁၄ ရက် စသည်ဖြင့်ပါ။ တကယ်တန်း လပြည့်အမှတ်တစ်ခုကနေ နောက်ထပ် လပြည့်အမှတ်တစ်ခုကို ရောက်ဖို့ ကမ္ဘာရက် ၂၉.၅ ရက် ကြာမြင့်ပါတယ်။ အဲ့ဒီ့ကွာဟချက်ကြောင့်ပဲ ပြက္ခဒိန်ရက်တွေနဲ့ တစ်ရက် နှစ်ရက်ခန့် ကွာဟတတ်တာဖြစ်ပြီး ဝါထပ်ခြင်းများ ပြုလုပ်ခြင်းဖြင့် ပြန်လည်ညှိယူကြရပါတယ်။

အနာဂတ်ပညာရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ), လေးစားစွာဖြင့် WS

Zawgyi

သီတင္းကြၽတ္ လကြယ္ေန႔ ေနၾကတ္၍ တန္ေဆာင္မုန္း လျပည့္ေန႔ လၾကတ္မည္..

ေနၾကတ္ျခင္း၊ လၾကတ္ျခင္း ျဖစ္စဥ္မ်ားဟာ ေန၊ ကမာၻ ႏွင့္ လ တို႔ တတန္းတည္းက်ေရာက္ခ်ိန္ (တနည္းအားျဖင့္) လျပည့္၊ လကြယ္ အခ်ိန္မွာသာ ျဖစ္ေပၚေလ့ရွိပါတယ္။ သီတင္းကြၽတ္လကြယ္ေန႔ (အမွန္) ျဖစ္တဲ့ ၂၀၂၂ ေအာက္တိုဘာလ ၂၅ ရက္ေန႔မွာေတာ့ ေန တပိုင္းၾကတ္ျခင္းျဖစ္စဥ္ ေပၚေပါက္မွာျဖစ္ၿပီး ေန နဲ႔ ကမာၻအၾကားကို လ ေရာက္ရွိသြားတဲ့အတြက္ လရဲ႕အရိပ္ဟာ ကမာၻေပၚသို႔ က်ေရာက္လာမွာျဖစ္ပါတယ္။

အဆိုပါ ေနၾကတ္ျခင္းျဖစ္စဥ္ကို ေတြ႕ျမင္ရမည့္ ႏိုင္ငံေတြကေတာ့ ေနာ္ေဝ၊ ဖင္လန္ အပါအဝင္ ဥေရာပ အေရွ႕ပိုင္းႏိုင္ငံမ်ား၊ ႐ုရွား နဲ႔ တ႐ုတ္ အေနာက္ပိုင္း နဲ႔ အာရွ အေရွ႕အလယ္ပိုင္းေဒသမ်ားျဖစ္ပါတယ္။

ေနၾကတ္မည့္အခ်ိန္ကေတာ့ ျမန္မာစံေတာ္ခ်ိန္ ညေန ၃ နာရီခြဲ (15:30) မွ ၇ နာရီ ၃၁ မိနစ္ (19:31) အထိ ျဖစ္ပါတယ္။ (ျမန္မာႏိုင္ငံမွ မျမင္ရပါ။) ေန ႏွင့္ လတို႔ အတူရွိေနမည့္ ၾကယ္တာရာကေတာ့ Virgo လို႔ေခၚတဲ့ ကန္ရာသီ ၾကယ္စုမ်ားပဲ ျဖစ္ပါတယ္။

တန္ေဆာင္မုန္းလျပည့္ေန႔ (အမွန္) ျဖစ္တဲ့ ၂၀၂၂ ႏိုဝင္ဘာလ (၈) ရက္ေန႔ ညဦးပိုင္းမွာေတာ့ လအျပည့္ၾကတ္ျခင္း ျဖစ္စဥ္ ေပၚေပါက္မွာျဖစ္ၿပီး.. ျမန္မာႏိုင္ငံမွလည္း ျမင္ေတြ႕ရႏိုင္ပါတယ္။ လၾကတ္မည့္ အခ်ိန္ကေတာ့ ျမန္မာစံေတာ္ခ်ိန္ ညေန ၃ နာရီ ၄၀ မိနစ္ (15:40) မွ ၇ နာရီ ၁၉ မိနစ္ (19:19) အထိ ျဖစ္ပါတယ္။ ေနဟာ ညေန ၅ နာရီ ခြဲေလာက္မွ ဝင္မွာျဖစ္လို႔ လ ေပၚထြက္လာတဲ့အခ်ိန္ဟာ လၾကတ္ျခင္းရဲ႕ အျမင့္ဆုံးအမွတ္ကို ေရာက္ရွိေနခ်ိန္ ျဖစ္မွာပါ။

ဆိုလိုတာကေတာ့ လ ဟာ ႏိုဝင္ဘာ (၈) ရက္ေန႔ညမွာ အေရွ႕အရပ္ကေန နီရဲၿပီး ထြက္ေပၚလာမွာ ျဖစ္ပါတယ္။

ေနၾကတ္ျခင္း၊ လၾကတ္ျခင္းတို႔ဟာ သဘာဝအေလ်ာက္ ျဖစ္ေပၚတတ္တဲ့ နကၡတ္ျဖစ္စဥ္မ်ား ျဖစ္ပါတယ္။ ျပကၡဒိန္ရက္နဲ႔ ကြာေနရတာကေတာ့ က်ေနာ္တို႔ဟာ လကို အေခ်ယူၿပီး ရက္ေတြသတ္မွတ္ထားလို႔ျဖစ္ပါတယ္။

ဉပမာ လဆန္း ၁၄ ရက္ လဆုတ္ ၁၄ ရက္ စသည္ျဖင့္ပါ။ တကယ္တန္း လျပည့္အမွတ္တစ္ခုကေန ေနာက္ထပ္ လျပည့္အမွတ္တစ္ခုကို ေရာက္ဖို႔ ကမာၻရက္ ၂၉.၅ ရက္ ၾကာျမင့္ပါတယ္။ အဲ့ဒီ့ကြာဟခ်က္ေၾကာင့္ပဲ ျပကၡဒိန္ရက္ေတြနဲ႔ တစ္ရက္ ႏွစ္ရက္ခန႔္ ကြာဟတတ္တာျဖစ္ၿပီး ဝါထပ္ျခင္းမ်ား ျပဳလုပ္ျခင္းျဖင့္ ျပန္လည္ညႇိယူၾကရပါတယ္။

အနာဂတ္ပညာေရးအတြက္.. သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ), ေလးစားစြာျဖင့္ WS

Leave a Comment