ရေမြှုပ်နေတဲ့စေတီတွေရှိရာ စံကားမြို့ကြီးနှင့် ရေမြှုပ်နေရခြင်းရဲ့အ‌ကြောင်းအရင်း

အင်းလေးကန်ထဲမှာ ရေမြှုပ်နေတဲ့မြို့နဲ့ စေတီပုထိုးတွေရှိတယ်ဆိုတာသိကြလားပုံစံအမျိုးမျိုးရှိတဲ့ ရှေးဟောင်းစေတီတွေ အင်းလေးရေပြင်ထဲ မြှုပ်နေတာ သိပ်ကိုထူးဆန်းတဲ့မြင်ကွင်းပေါ့၊ အဲ့ဒီမြို့လေးကတော့ စံကားဆိုတဲ့မြို့လေးပါ။အင်္ဂလိပ်လိုဆိုရင်တော့ Sam Kar လို့ပေါင်းပါတယ်။ စံကားလို့ပေါင်းပေမဲ့ စကားလို့အသံထွက်ပါတယ်။

စံကားမြို့လေးက အင်းလေးကန်တောင်ဖက်ပိုင်း အင်းလေးကန်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်။လူဦးရေ ၁၅၀၀ လောက်ပဲရှိတဲ့ မြို့သေးလေးတစ်မြို့ဖြစ်ပြီး ရှမ်း၊ ပအိုဝ့်၊ အင်းသားလူမျိုးတွေနေထိုင်ကြပါတယ်။ဟိုးတစ်ချိန်တုန်းကတော့ ရှမ်းပြည်တောင်ပိုင်းမှာ အချမ်းသာဆုံးဖြစ်ခဲ့ဖူးတယ်တဲ့လေ။ဘာလို့ရေမြှုပ်နေရသလဲ ။ ၁၉၇၀ ခုနှစ်လောက်တုန်းက လောပိတ ရေအားလျှပ်စစ်စက်ရုံအတွက် မိုးဗြဲဆည်ကို တည်ဆောက်ချိန်မှာ ရေမြှုပ်သွားခဲ့တာပါ။

စံကား၊ ဖယ်ခုံအပြင် အင်းလေးတောင်ပိုင်းက ရွာပေါင်းများစွာရယ် ဘီလူးချောင်းတလျှောက်က ရွာတွေရယ် ရေမြုပ်သွားတယ်လို့ သိရပါတယ်။ရွာမှာနေထိုင်သူတွေဟာ မိမိအိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ပြီး ရေလွတ်ရာကို ပြောင်းရွှေ့ကာ ရွာတည်နေထိုင်ခဲ့ကြရတယ်တဲ့။အခုလက်ရှိ စံကားမြို့ကတော့ အသစ်တည်ထားတဲ့ မြို့ကြီးပေါ့။ မြန်မာတစ်နိုင်ငံလုံးက မြို့ကြီးတွေလျှပ်စစ်မီးရအောင်ရွာအမြှုပ်ခံကာ စတေးခဲ့ရပေမဲ့ သူတို့ကိုယ်တိုင်မှာတော့ အခုထက်ထိ လျှပ်စစ်မီးမရရှိသေးဘူးတဲ့လေ။ စိတ်မကောင်းစရာပဲနော်။

ဘာတွေ လည်စရာရှိလဲစံကားလှေဆိပ်ရှိရာ ဘုန်းကြီးကျောင်းဝင်းမှာတင် ရှေးဟောင်းဘုရားတွေရယ်၊ ရေထဲမြှုပ်နေတဲ့ဘုရားတွေရယ် တွေ့နေရပါပြီ။လှေဆိပ်မှာ စားသောက်ဆိုင်ငယ်တွေရှိသလို ကမ်းနားက စားသောက်ဆိုင်ကနေ အင်းလေးကန်ရှုခင်းကြည့်ပြီးလည်း စားသောက်နိုင်ပါတယ်။ကိုယ်တွေကတော့ လှေဆိပ်ကနေ လှေစီးလုံးငါးခ ၂၀၀၀၀ ကျပ်ပေးပြီး အင်းထဲက တာခေါင်မွေတော်ဘုရားနဲ့ နတ်တာရိုးတို့ကို လည်ပတ်ခဲ့ကြပါတယ်။

တာခေါင်မွေတော်ဘုရား

တာခေါင်မွေတော်ဘုရားက မွေတော်ကက္ကူဘုရားတွေလို၊ ရွှေအင်းတိမ်ဘုရားတွေလို ပုံသဏ္ဏာန်အမျိုးမျိုးရှိတဲ့ ရှေးဟောင်းဘုရားတွေ အများကြီး စီစီရီရီရှိနေတဲ့ စေတီစုပါ။စေတီနားသို့ လှေကပ်လာတဲ့အခါမှာတော့ ရေထဲမြှုပ်နေတဲ့ စေတီတချို့က စီးကြိုလို့နေပါတယ်။ ကန်စပ်မှာရှိတဲ့စေတီမုခ်ဦးဝက ခြင်္သေ့ကြီး ၂ ကောင်ကလည်း အင်းလေးကန်ကြီးကို လှမ်းမျှော်နေသယောင် မြင်ကွင်းက ဆွေးစရာပါ။ရဲရဲနီအောင်ပွင့်နေတဲ့ ပန်းခင်းတွေ နောက်မှာတော့ စေတီတွေ၊ စေတီတွေ အများကြီးလှမ်းမြင်နေရပါတယ်။စေတီပေါင်း ၂၃၆ ဆူတောင်ရှိပြီး စေတီအများစုက လွန်ခဲ့တဲ့ နှစ် ၆၀၀ ကျော် က တည်ထားခဲ့တာတဲ့လေ။

အဲ့ဒီထဲကမှ နှစ်ပေါင်း ၂၀၀၀ကျော်က တည်ထားခဲ့တဲ့ စေတီကြီးကတော့ ဗိသုကာလက်ရာကအစ ဆန်းကြယ်လို့နေပါတယ်။အလောင်းစည်သူမင်းကြီးတည်ထားခဲ့တဲ့ ရွှေရောင်စေတီကြီးကလည်း ရှေးဟောင်းစေတီတွေအကြား သပ္ပါယ်စွာရှိလို့နေပါတယ်။

နတ်တာရိုး

နတ်တာရိုးကတော့ အင်းလေးကန်အရှေ့နဲ့ အနောက်ကို ကန့်လန့်ဖြတ်ထားတဲ့ သဘာဝကျောက်တံတိုင်းကြီးပါ။လှေဆိပ်ကနေ မိနစ်၂၀လောက်လှေစီးရပါတယ် ။ဒီတာရိုးကြီးမှာ ပါးစပ်ရာဇဝင်တစ်ခုရှိပါတယ်။ ဒေသခံတွေကတော့ နတ်တို့ ဖန်ဆင်းထားတယ်လို့ ပြောစမှတ်ပြုကြတာပေါ့။ဟိုးရှေးရှေးတုန်းက အင်းလေးကန်ရဲ့ အရှေ့ ရေထွက်ပေါက်နဲ့ အနောက် ရေထွက်ပေါက်ကို နတ်သား ၂ပါးနဲ့ နတ်သမီး ၁ပါးတို့က ကိုယ်စီစောင့်ရှောက်ထားကြပါတယ်တဲ့။

နတ်သားထဲကတစ်ပါးက နတ်သမီးကို ချစ်ခင်စုံမက်လို့ သွားကမ်းလှမ်းတဲ့အခါ မိုးမလင်းခင် ရေထွက်ပေါက် ၂ခုကို တံတားတစ်စင်း အပြီးဆောက်ပေးရင် လက်ခံမယ်လို့ပြန်ပြောပါသတဲ့။နတ်သားလည်း အားကြိုးမာန်တက်နဲ့ အပြီးဆောက်တာပေါ့။ ဒါပေမဲ့ နတ်သမီးလေးက လက်မဆက်ချင်တာကြောင့် ကြက်တစ်ကောင်ကို မိုးမလင်းခင်တွန်ဖို့ စေခိုင်းခဲ့သတဲ့လေ။ကြက်တွန်သံလည်းကြားရော မိုးလင်းပြီအမှတ်နဲ့ နတ်သားလေး လက်လျှော့သွားတာကြောင့် တံတားက မပြီးမပြတ်ဖြစ်နေတာတဲ့လေ။

ဒါကြောင့်လည်း တာရိုးက အနောက်ဘက်ကမ်းအထိမရောက်ဘဲ အင်းလေးကန်အလည်မှာ ပြတ်သွားတာကို တွေ့ခဲ့ရပါတယ်။ကိုယ်တွေရောက်တဲ့အချိန်က ရေတက်နေတဲ့အချိန်မို့လို့ ရေပေါ်ပေါ်နေတဲ့ တာရိုးပေါ်ထိ တက်ကြည့်လို့ရပါတယ်။နောက်ပိုင်းမှာ အသစ်အဆန်းအနေနဲ့ တာရိုးတလျှောက် ဝါးဖောင်နဲ့နီးတော့ တောင်ကြီးက လာမယ်ဆိုရင် ညောင်ရွှေဖြတ်စရာမလိုဘဲ တောင်ကြီး-ကက္ကူ-ကျောက်တစ်လုံးလမ်းအတိုင်း လာလို့ရပါတယ်။တောင်ကြီးကနေတော့ စံကားအထိ ၂နာရီကျော်လောက် မောင်းရမှာပါ။ အင်းလေးဟိုတယ်တွေကနေ ကားနဲ့သွားရင် အသွားတစ်နာရီ၊ အပြန်တစ်နာရီ၊ စံကားမှာ လှေနဲ့သွားလည်တဲ့ ၂နာရီဆို

စုစုပေါင်း ၄နာရီကျော် ၅နာရီလောက်ပဲကြာတဲ့ အတွက် နေ့ချင်းပြန်သွားလို့ရပါတယ်။ အင်းလေ းမကြာမကြာရောက်ဖူးသူတွေအနေနဲ့ အသစ်အဆန်းနေရာအဖြစ် သွားလည်နိုင်ပါတယ်။သမိုင်းဝင် ရှေးဟောင်းစေတီတွေ ရေထဲမြှုပ်နေတဲ့ တကယ်ထူးခြားလှတဲ့မြင်ကွင်းပါ။ ဒါကြောင့်မို့လို့ စံကားမြို့က ရှေးဟောင်းသမိုင်းဝင်စေတီတွေကိုအင်းလေးရောက်ရင် သွားရောက်ဖူးမြော်နိုင်အောင် ဖော်ပြလိုက်ပါတယ်နော်။ အေးချမ်းလှတဲ့ ဒီဇင်ဘာလလေးဖြစ်ပါစေ ချစ်ခင်လျှက်။

အချိန်ပေးပြီး ဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် မနုမြတ်

Zawgyi

အင္းေလးကန္ထဲမွာ ေရျမႇဳပ္ေနတဲ့ၿမိဳ႕နဲ႔ ေစတီပုထိုးေတြရွိတယ္ဆိုတာသိၾကလားပုံစံအမ်ိဳးမ်ိဳးရွိတဲ့ ေရွးေဟာင္းေစတီေတြ အင္းေလးေရျပင္ထဲ ျမႇဳပ္ေနတာ သိပ္ကိုထူးဆန္းတဲ့ျမင္ကြင္းေပါ့၊ အဲ့ဒီၿမိဳ႕ေလးကေတာ့ စံကားဆိုတဲ့ၿမိဳ႕ေလးပါ။အဂၤလိပ္လိုဆိုရင္ေတာ့ Sam Kar လို႔ေပါင္းပါတယ္။ စံကားလို႔ေပါင္းေပမဲ့ စကားလို႔အသံထြက္ပါတယ္။

စံကားၿမိဳ႕ေလးက အင္းေလးကန္ေတာင္ဖက္ပိုင္း အင္းေလးကန္ရဲ႕ အေရွ႕ဘက္ကမ္းမွာ တည္ရွိပါတယ္။လူဦးေရ ၁၅၀၀ ေလာက္ပဲရွိတဲ့ ၿမိဳ႕ေသးေလးတစ္ၿမိဳ႕ျဖစ္ၿပီး ရွမ္း၊ ပအိုဝ့္၊ အင္းသားလူမ်ိဳးေတြေနထိုင္ၾကပါတယ္။ဟိုးတစ္ခ်ိန္တုန္းကေတာ့ ရွမ္းျပည္ေတာင္ပိုင္းမွာ အခ်မ္းသာဆုံးျဖစ္ခဲ့ဖူးတယ္တဲ့ေလ။ဘာလို႔ေရျမႇဳပ္ေနရသလဲ ။ ၁၉၇၀ ခုႏွစ္ေလာက္တုန္းက ေလာပိတ ေရအားလွ်ပ္စစ္စက္႐ုံအတြက္ မိုးၿဗဲဆည္ကို တည္ေဆာက္ခ်ိန္မွာ ေရျမႇဳပ္သြားခဲ့တာပါ။

စံကား၊ ဖယ္ခုံအျပင္ အင္းေလးေတာင္ပိုင္းက ႐ြာေပါင္းမ်ားစြာရယ္ ဘီလူးေခ်ာင္းတေလွ်ာက္က ႐ြာေတြရယ္ ေရျမဳပ္သြားတယ္လို႔ သိရပါတယ္။႐ြာမွာေနထိုင္သူေတြဟာ မိမိအိုးအိမ္စည္းစိမ္ေတြကို စြန႔္လႊတ္ၿပီး ေရလြတ္ရာကို ေျပာင္းေ႐ႊ႕ကာ ႐ြာတည္ေနထိုင္ခဲ့ၾကရတယ္တဲ့။အခုလက္ရွိ စံကားၿမိဳ႕ကေတာ့ အသစ္တည္ထားတဲ့ ၿမိဳ႕ႀကီးေပါ့။ ျမန္မာတစ္ႏိုင္ငံလုံးက ၿမိဳ႕ႀကီးေတြလွ်ပ္စစ္မီးရေအာင္႐ြာအျမႇဳပ္ခံကာ စေတးခဲ့ရေပမဲ့ သူတို႔ကိုယ္တိုင္မွာေတာ့ အခုထက္ထိ လွ်ပ္စစ္မီးမရရွိေသးဘူးတဲ့ေလ။ စိတ္မေကာင္းစရာပဲေနာ္။

ဘာေတြ လည္စရာရွိလဲစံကားေလွဆိပ္ရွိရာ ဘုန္းႀကီးေက်ာင္းဝင္းမွာတင္ ေရွးေဟာင္းဘုရားေတြရယ္၊ ေရထဲျမႇဳပ္ေနတဲ့ဘုရားေတြရယ္ ေတြ႕ေနရပါၿပီ။ေလွဆိပ္မွာ စားေသာက္ဆိုင္ငယ္ေတြရွိသလို ကမ္းနားက စားေသာက္ဆိုင္ကေန အင္းေလးကန္ရႈခင္းၾကည့္ၿပီးလည္း စားေသာက္ႏိုင္ပါတယ္။ကိုယ္ေတြကေတာ့ ေလွဆိပ္ကေန ေလွစီးလုံးငါးခ ၂၀၀၀၀ က်ပ္ေပးၿပီး အင္းထဲက တာေခါင္ေမြေတာ္ဘုရားနဲ႔ နတ္တာ႐ိုးတို႔ကို လည္ပတ္ခဲ့ၾကပါတယ္။

တာေခါင္ေမြေတာ္ဘုရား

တာေခါင္ေမြေတာ္ဘုရားက ေမြေတာ္ကကၠဴဘုရားေတြလို၊ ေ႐ႊအင္းတိမ္ဘုရားေတြလို ပုံသဏၰာန္အမ်ိဳးမ်ိဳးရွိတဲ့ ေရွးေဟာင္းဘုရားေတြ အမ်ားႀကီး စီစီရီရီရွိေနတဲ့ ေစတီစုပါ။ေစတီနားသို႔ ေလွကပ္လာတဲ့အခါမွာေတာ့ ေရထဲျမႇဳပ္ေနတဲ့ ေစတီတခ်ိဳ႕က စီးႀကိဳလို႔ေနပါတယ္။ ကန္စပ္မွာရွိတဲ့ေစတီမုခ္ဦးဝက ျခေသၤ့ႀကီး ၂ ေကာင္ကလည္း အင္းေလးကန္ႀကီးကို လွမ္းေမွ်ာ္ေနသေယာင္ ျမင္ကြင္းက ေဆြးစရာပါ။ရဲရဲနီေအာင္ပြင့္ေနတဲ့ ပန္းခင္းေတြ ေနာက္မွာေတာ့ ေစတီေတြ၊ ေစတီေတြ အမ်ားႀကီးလွမ္းျမင္ေနရပါတယ္။ေစတီေပါင္း ၂၃၆ ဆူေတာင္ရွိၿပီး ေစတီအမ်ားစုက လြန္ခဲ့တဲ့ ႏွစ္ ၆၀၀ ေက်ာ္ က တည္ထားခဲ့တာတဲ့ေလ။

အဲ့ဒီထဲကမွ ႏွစ္ေပါင္း ၂၀၀၀ေက်ာ္က တည္ထားခဲ့တဲ့ ေစတီႀကီးကေတာ့ ဗိသုကာလက္ရာကအစ ဆန္းၾကယ္လို႔ေနပါတယ္။အေလာင္းစည္သူမင္းႀကီးတည္ထားခဲ့တဲ့ ေ႐ႊေရာင္ေစတီႀကီးကလည္း ေရွးေဟာင္းေစတီေတြအၾကား သပၸါယ္စြာရွိလို႔ေနပါတယ္။

နတ္တာ႐ိုး

နတ္တာ႐ိုးကေတာ့ အင္းေလးကန္အေရွ႕နဲ႔ အေနာက္ကို ကန႔္လန႔္ျဖတ္ထားတဲ့ သဘာဝေက်ာက္တံတိုင္းႀကီးပါ။ေလွဆိပ္ကေန မိနစ္၂၀ေလာက္ေလွစီးရပါတယ္ ။ဒီတာ႐ိုးႀကီးမွာ ပါးစပ္ရာဇဝင္တစ္ခုရွိပါတယ္။ ေဒသခံေတြကေတာ့ နတ္တို႔ ဖန္ဆင္းထားတယ္လို႔ ေျပာစမွတ္ျပဳၾကတာေပါ့။ဟိုးေရွးေရွးတုန္းက အင္းေလးကန္ရဲ႕ အေရွ႕ ေရထြက္ေပါက္နဲ႔ အေနာက္ ေရထြက္ေပါက္ကို နတ္သား ၂ပါးနဲ႔ နတ္သမီး ၁ပါးတို႔က ကိုယ္စီေစာင့္ေရွာက္ထားၾကပါတယ္တဲ့။

နတ္သားထဲကတစ္ပါးက နတ္သမီးကို ခ်စ္ခင္စုံမက္လို႔ သြားကမ္းလွမ္းတဲ့အခါ မိုးမလင္းခင္ ေရထြက္ေပါက္ ၂ခုကို တံတားတစ္စင္း အၿပီးေဆာက္ေပးရင္ လက္ခံမယ္လို႔ျပန္ေျပာပါသတဲ့။နတ္သားလည္း အားႀကိဳးမာန္တက္နဲ႔ အၿပီးေဆာက္တာေပါ့။ ဒါေပမဲ့ နတ္သမီးေလးက လက္မဆက္ခ်င္တာေၾကာင့္ ၾကက္တစ္ေကာင္ကို မိုးမလင္းခင္တြန္ဖို႔ ေစခိုင္းခဲ့သတဲ့ေလ။ၾကက္တြန္သံလည္းၾကားေရာ မိုးလင္းၿပီအမွတ္နဲ႔ နတ္သားေလး လက္ေလွ်ာ့သြားတာေၾကာင့္ တံတားက မၿပီးမျပတ္ျဖစ္ေနတာတဲ့ေလ။

ဒါေၾကာင့္လည္း တာ႐ိုးက အေနာက္ဘက္ကမ္းအထိမေရာက္ဘဲ အင္းေလးကန္အလည္မွာ ျပတ္သြားတာကို ေတြ႕ခဲ့ရပါတယ္။ကိုယ္ေတြေရာက္တဲ့အခ်ိန္က ေရတက္ေနတဲ့အခ်ိန္မို႔လို႔ ေရေပၚေပၚေနတဲ့ တာ႐ိုးေပၚထိ တက္ၾကည့္လို႔ရပါတယ္။ေနာက္ပိုင္းမွာ အသစ္အဆန္းအေနနဲ႔ တာ႐ိုးတေလွ်ာက္ ဝါးေဖာင္နဲ႔နီးေတာ့ ေတာင္ႀကီးက လာမယ္ဆိုရင္ ေညာင္ေ႐ႊျဖတ္စရာမလိုဘဲ ေတာင္ႀကီး-ကကၠဴ-ေက်ာက္တစ္လုံးလမ္းအတိုင္း လာလို႔ရပါတယ္။ေတာင္ႀကီးကေနေတာ့ စံကားအထိ ၂နာရီေက်ာ္ေလာက္ ေမာင္းရမွာပါ။ အင္းေလးဟိုတယ္ေတြကေန ကားနဲ႔သြားရင္ အသြားတစ္နာရီ၊ အျပန္တစ္နာရီ၊ စံကားမွာ ေလွနဲ႔သြားလည္တဲ့ ၂နာရီဆို

စုစုေပါင္း ၄နာရီေက်ာ္ ၅နာရီေလာက္ပဲၾကာတဲ့ အတြက္ ေန႔ခ်င္းျပန္သြားလို႔ရပါတယ္။ အင္းေလ းမၾကာမၾကာေရာက္ဖူးသူေတြအေနနဲ႔ အသစ္အဆန္းေနရာအျဖစ္ သြားလည္ႏိုင္ပါတယ္။သမိုင္းဝင္ ေရွးေဟာင္းေစတီေတြ ေရထဲျမႇဳပ္ေနတဲ့ တကယ္ထူးျခားလွတဲ့ျမင္ကြင္းပါ။ ဒါေၾကာင့္မို႔လို႔ စံကားၿမိဳ႕က ေရွးေဟာင္းသမိုင္းဝင္ေစတီေတြကိုအင္းေလးေရာက္ရင္ သြားေရာက္ဖူးေျမာ္ႏိုင္ေအာင္ ေဖာ္ျပလိုက္ပါတယ္ေနာ္။ ေအးခ်မ္းလွတဲ့ ဒီဇင္ဘာလေလးျဖစ္ပါေစ ခ်စ္ခင္လွ်က္။

အခ်ိန္ေပးၿပီး ဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။ ခရက္ဒစ္ မႏုျမတ္

Leave a Comment