လက်ထပ်ပြီး နှစ်ပေါင်း30အကြာမှ မောင်နှမဖြစ်နေမှန်းသိခဲ့ရတဲ့လင်မယားရဲ့ အဆုံးသတ်မလှခဲ့တဲ့အဖြစ်

လက်ထပ်ပြီး နှစ်ပေါင်း30အကြာမှ မောင်နှမဖြစ်နေမှန်းသိခဲ့ရတဲ့လင်မယားရဲ့ အဆုံးသတ်မလှခဲ့တဲ့အဖြစ်

ဘဝဆိုတာက အနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲဆိုတာ ခန့်မှန်းလို့မရပါဘူး ။

ဘယ်လောက်ပဲ ချစ်လွန်းအားကြီးတဲ့စုံတွဲဖြစ်နေပါစေ ခန့်မှန်းလို့မရတဲ့အရာတစ်ခုကြောင့် လမ်းခွဲသွားရတာမျိုးတွေရှိပါတယ် ။

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက @ibcig အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်က သူ၏ဆရာမဖြစ်သူရဲ့ စုံတွဲအကြောင်းကို ဝေမျှသွားခဲ့ပါတယ် ။

အဆိုပါစုံတွဲဟာ မင်္ဂလာသက်တမ်း နှစ် 30 ရှိနေပြီဖြစ်ပြီး ၊ သားသမီးများလည်းရှိနေကာ ၊ မြေးများပင်ရနေပြီဖြစ်တဲ့ စုံတွဲဖြစ်ကြောင်းသိရှိရပါတယ်။

၎င်းတို့ဟာ အတော်လေးချစ်ခင်ကြင်နာကြတဲ့စုံတွဲဖြစ်ပေမဲ့လည်း မကြာသေးခင်ကမှ ဖအေတူမအေကွဲ မောင်နှမတွေဖြစ်မှန်းသိခဲ့ကြတဲ့အတွက် လမ်းခွဲခဲ့ရပါတယ်

ဖြစ်စဉ်ကတော့ ၎င်းတို့ရဲ့ဖခင်ဖြစ်သူဟာ ကုန်တင်ကားမောင်းနှင်သူတစ်ဦးဖြစ်တဲ့အတွက် အလုပ်အရ မလေးရှားနိုင်ငံမြို့အတော်များများကို အမြဲသွားလာနေရသူဖြစ်တဲ့အတွက် ဘယ်သူမှမသိအောင် တိတ်တဆိတ်ခိုးပြီးလက်ထပ်ခဲ့ပါတယ် ။

ထို့ကြောင့် Terengganu ပြည်နယ်မှာရှိတဲ့ ဇနီးနဲ့ Johor ပြည်နယ်မှာရှိတဲ့ ဇနီးသည် နှစ်ဦးလုံးက အဆိုပါအဖြစ်ကိုလုံးဝရှာမတွေ့နိုင်လောက်ဘူးလို့ တွေးထင်နေခဲ့ပုံရပါတယ် ။

ထို့အပြင် အဆိုပါစုံတွဲရဲ့ဖခင်ဖြစ်သူမှာလည်း ၎င်းတို့မူလတန်းအရွယ်ကတည်းက သေဆုံးသွားခဲ့တာဖြစ်တဲ့အတွက် အဆိုပါကိစ္စကို ၎င်းတို့လုံးဝသိရှိခဲ့ခြင်းမျိုးမရှိပါဘူး။

အစပိုင်းမှာတော့ ၎င်းတို့ရဲ့ဖခင်ဖြစ်သူနာမည်ဟာ ဆင်တူနေခဲ့တဲ့အတွက် တိုက်ဆိုင်တယ်လို့သာ တွေးထင်ခဲ့ကြပါတယ် ။

သို့ပေမဲ့လည်းတစ်ရက်မှာတော့ ခင်ပွန်းဖြစ်သူဟာ ၎င်း၏ဖခင်ဓာတ်ပုံကို ယောက္ခမအားပြသလိုက်ချိန်မှာတော့ ၎င်းတို့ရဲ့ဘဝဟာ လုံးဝကိုဇောက်ထိုးမိုးမျှော် သလိုဖြစ်သွားခဲ့ရပါတယ် ။

ထို့အပြင် ၎င်းတို့စုံတွဲဟာ ဖအေတူမအေကွဲမောင်နှမတော်စပ်ကြောင်းသိလိုက်ရချိန်မှာတော့ သားသမီး ၊ မြေးတွေရှိနေပြီဆိုပေမဲ့လည်း နောက်ဆုံး ဆက်ပြီးလက်တွဲသွားဖို့မဖြစ်နိုင်တော့တဲ့အတွက် လမ်းခွဲခဲ့ကြရပါတယ် ။

Credit – Jasmine (Mckzone Daily) Source: worldofbuzz

Zawgyi

လက္ထပ္ၿပီး ႏွစ္ေပါင္း30အၾကာမွ ေမာင္ႏွမျဖစ္ေနမွန္းသိခဲ့ရတဲ့လင္မယားရဲ႕ အဆုံးသတ္မလွခဲ့တဲ့အျဖစ္

ဘဝဆိုတာက အနာဂတ္မွာဘာေတြျဖစ္လာႏိုင္မလဲဆိုတာ ခန႔္မွန္းလို႔မရပါဘူး ။

ဘယ္ေလာက္ပဲ ခ်စ္လြန္းအားႀကီးတဲ့စုံတြဲျဖစ္ေနပါေစ ခန႔္မွန္းလို႔မရတဲ့အရာတစ္ခုေၾကာင့္ လမ္းခြဲသြားရတာမ်ိဳးေတြရွိပါတယ္ ။

ဒီတစ္ေခါက္မွာလည္း မေလးရွားႏိုင္ငံက @ibcig အမည္နဲ႔ Twitter အသုံးျပဳသူတစ္ေယာက္က သူ၏ဆရာမျဖစ္သူရဲ႕ စုံတြဲအေၾကာင္းကို ေဝမွ်သြားခဲ့ပါတယ္ ။

အဆိုပါစုံတြဲဟာ မဂၤလာသက္တမ္း ႏွစ္ 30 ရွိေနၿပီျဖစ္ၿပီး ၊ သားသမီးမ်ားလည္းရွိေနကာ ၊ ေျမးမ်ားပင္ရေနၿပီျဖစ္တဲ့ စုံတြဲျဖစ္ေၾကာင္းသိရွိရပါတယ္။

၎တို႔ဟာ အေတာ္ေလးခ်စ္ခင္ၾကင္နာၾကတဲ့စုံတြဲျဖစ္ေပမဲ့လည္း မၾကာေသးခင္ကမွ ဖေအတူမေအကြဲ ေမာင္ႏွမေတြျဖစ္မွန္းသိခဲ့ၾကတဲ့အတြက္ လမ္းခြဲခဲ့ရပါတယ္

ျဖစ္စဥ္ကေတာ့ ၎တို႔ရဲ႕ဖခင္ျဖစ္သူဟာ ကုန္တင္ကားေမာင္းႏွင္သူတစ္ဦးျဖစ္တဲ့အတြက္ အလုပ္အရ မေလးရွားႏိုင္ငံၿမိဳ႕အေတာ္မ်ားမ်ားကို အၿမဲသြားလာေနရသူျဖစ္တဲ့အတြက္ ဘယ္သူမွမသိေအာင္ တိတ္တဆိတ္ခိုးၿပီးလက္ထပ္ခဲ့ပါတယ္ ။

ထို႔ေၾကာင့္ Terengganu ျပည္နယ္မွာရွိတဲ့ ဇနီးနဲ႔ Johor ျပည္နယ္မွာရွိတဲ့ ဇနီးသည္ ႏွစ္ဦးလုံးက အဆိုပါအျဖစ္ကိုလုံးဝရွာမေတြ႕ႏိုင္ေလာက္ဘူးလို႔ ေတြးထင္ေနခဲ့ပုံရပါတယ္ ။

ထို႔အျပင္ အဆိုပါစုံတြဲရဲ႕ဖခင္ျဖစ္သူမွာလည္း ၎တို႔မူလတန္းအ႐ြယ္ကတည္းက ေသဆုံးသြားခဲ့တာျဖစ္တဲ့အတြက္ အဆိုပါကိစၥကို ၎တို႔လုံးဝသိရွိခဲ့ျခင္းမ်ိဳးမရွိပါဘူး။

အစပိုင္းမွာေတာ့ ၎တို႔ရဲ႕ဖခင္ျဖစ္သူနာမည္ဟာ ဆင္တူေနခဲ့တဲ့အတြက္ တိုက္ဆိုင္တယ္လို႔သာ ေတြးထင္ခဲ့ၾကပါတယ္ ။

သို႔ေပမဲ့လည္းတစ္ရက္မွာေတာ့ ခင္ပြန္းျဖစ္သူဟာ ၎၏ဖခင္ဓာတ္ပုံကို ေယာကၡမအားျပသလိုက္ခ်ိန္မွာေတာ့ ၎တို႔ရဲ႕ဘဝဟာ လုံးဝကိုေဇာက္ထိုးမိုးေမွ်ာ္ သလိုျဖစ္သြားခဲ့ရပါတယ္ ။

ထို႔အျပင္ ၎တို႔စုံတြဲဟာ ဖေအတူမေအကြဲေမာင္ႏွမေတာ္စပ္ေၾကာင္းသိလိုက္ရခ်ိန္မွာေတာ့ သားသမီး ၊ ေျမးေတြရွိေနၿပီဆိုေပမဲ့လည္း ေနာက္ဆုံး ဆက္ၿပီးလက္တြဲသြားဖို႔မျဖစ္ႏိုင္ေတာ့တဲ့အတြက္ လမ္းခြဲခဲ့ၾကရပါတယ္ ။

Credit – Jasmine (Mckzone Daily) Source: worldofbuzz

Leave a Comment