မေတ္တာတရားကြီးမားပြီး ကိုယ်ချင်းစာ နားလည်တတ်တဲ့ မဟာကရုဏာရှင် သကောင့်သားက သူ့ရဲ့ရည်စားနှစ်ယောက်မှာ တစ်ယောက်ကို လက်ထပ်ယူလိုက်ရင် ကျန်တစ်ယောက်က ဆွေးပြီး ကြေကွဲခံစားနေခဲ့မှာကို မလိုလားလို့ နှစ်ယောက်စလုံးကို တစ်ပြိုင်နက်ထဲ လက်ထပ်လိုက်ပါတယ်။
(မေတ္တာရှင်ကြီးပါနော်..)
အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်း ကလီမန်တန်ပြည်နယ်က အမျိုးသားတစ်ဦးဟာ ဘယ်သူ့ကိုမှ သူ့ကြောင့် မကြေကွဲစေချင်လို့ပါ ဆိုပြီး သူ့ရဲ့ချစ်သူ နှစ်ယောက်စလုံးနဲ့ တစ်ရက်တည်း တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ မင်္ဂလာပွဲ ဆင်နွှဲလိုက်ပါတယ်။
ဒီမင်္ဂလာပွဲမှာ သတို့သမီးနှစ်ယောက်စလုံးက ရိုးရာဓလေ့ထုံးစံအတိုင်း သတို့သား ဖြစ်တဲ့သူ့ကို အင်ဒိုနီးရှားရူပီး ၁၀,၀၀၀ (ကျပ်ငွေ တစ်ထောင်) နဲ့ တင်တောင်းခဲ့ကြရပါတယ်။ မင်္ဂလာပွဲကို သုံးဘက်ဆွေမျိုးအသိုင်းအဝိုင်းက တက်ရောက်ပြီး ကောင်းချီးမင်္ဂလာချီးမြှင့်ခဲ့ကြပါတယ်။
သူတို့ရဲ့ မင်္ဂလာပွဲရုပ်သံဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ရုပ်သံမှာ သတို့သမီးနှစ်ယောက်ကြား အခန့်သားထိုင်နေတဲ့ သတိုးသားကြီးကို အားကျတဲ့ မျက်လုံးတွေနဲ့ ဝေဖန်အားကျတဲ့သူတွေနဲ့ ပွဲဆူနေပါတယ်။
အားကျချင်သူတွေအတွက် ရုပ်သံလေးပါ ဖော်ပြလိုက်ပါတယ်။
Zawgyi
ေမတၱာတရားႀကီးမားၿပီး ကိုယ္ခ်င္းစာ နားလည္တတ္တဲ့ မဟာက႐ုဏာရွင္ သေကာင့္သားက သူ႔ရဲ႕ရည္စားႏွစ္ေယာက္မွာ တစ္ေယာက္ကို လက္ထပ္ယူလိုက္ရင္ က်န္တစ္ေယာက္က ေဆြးၿပီး ေၾကကြဲခံစားေနခဲ့မွာကို မလိုလားလို႔ ႏွစ္ေယာက္စလုံးကို တစ္ၿပိဳင္နက္ထဲ လက္ထပ္လိုက္ပါတယ္။
(ေမတၱာရွင္ႀကီးပါေနာ္..)
အင္ဒိုနီးရွားႏိုင္ငံေတာင္ပိုင္း ကလီမန္တန္ျပည္နယ္က အမ်ိဳးသားတစ္ဦးဟာ ဘယ္သူ႔ကိုမွ သူ႔ေၾကာင့္ မေၾကကြဲေစခ်င္လို႔ပါ ဆိုၿပီး သူ႔ရဲ႕ခ်စ္သူ ႏွစ္ေယာက္စလုံးနဲ႔ တစ္ရက္တည္း တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္းမွာ မဂၤလာပြဲ ဆင္ႏႊဲလိုက္ပါတယ္။
ဒီမဂၤလာပြဲမွာ သတို႔သမီးႏွစ္ေယာက္စလုံးက ႐ိုးရာဓေလ့ထုံးစံအတိုင္း သတို႔သား ျဖစ္တဲ့သူ႔ကို အင္ဒိုနီးရွား႐ူပီး ၁၀,၀၀၀ (က်ပ္ေငြ တစ္ေထာင္) နဲ႔ တင္ေတာင္းခဲ့ၾကရပါတယ္။ မဂၤလာပြဲကို သုံးဘက္ေဆြမ်ိဳးအသိုင္းအဝိုင္းက တက္ေရာက္ၿပီး ေကာင္းခ်ီးမဂၤလာခ်ီးျမႇင့္ခဲ့ၾကပါတယ္။
သူတို႔ရဲ႕ မဂၤလာပြဲ႐ုပ္သံဟာ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီး ႐ုပ္သံမွာ သတို႔သမီးႏွစ္ေယာက္ၾကား အခန႔္သားထိုင္ေနတဲ့ သတိုးသားႀကီးကို အားက်တဲ့ မ်က္လုံးေတြနဲ႔ ေဝဖန္အားက်တဲ့သူေတြနဲ႔ ပြဲဆူေနပါတယ္။
အားက်ခ်င္သူေတြအတြက္ ႐ုပ္သံေလးပါ ေဖာ္ျပလိုက္ပါတယ္။