ထူးဆန်းအံ့ဩဖွယ်ရာ နတ်တွေခင်းထားသော နတ်လမ်းရှိတဲ့ ကျိုက်နဲရေလယ်ဘုရား

ထူးဆန်းအံ့ဩဖွယ်ရာ နတ်တွေခင်းထားသော နတ်လမ်းရှိတဲ့ ကျိုက်နဲရေလယ်ဘုရား

(ကျိုက်နဲ ရေလယ်ဘုရား) နတ်တွေခင်းထားတဲ့ နတ်လမ်းရှိတဲ့ထူးဆန်းအံ့ဩဖွယ်ရေလယ်ဘုရား (မျှဝေခြင်းပါ)။ ဗုဒ္ဓဘာသာ ထွန်းကာတဲ့ မြန်မာပြည်မှာ ထူးခြားအံ့ဖွယ်ကောင်းတဲ့ စေတီပုထိုးတွေ အများကြီး ရှိတဲ့အထဲမှာယနေ့မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလောင်းရွာအနီးကကျိုက်နဲရေလယ်ဘုရားကိုကံကောင်းစွာဖြင့် ဒကာဒကာမတွေ ပို့ပေးလို့ဖူးခွင့်ရခဲ့ပါပြီ။

ဒီကျိုက်နဲ ရေလယ်ဘုရားဟာဆိုလို့ရှိရင် ရေလယ်ဘုရားတွေအထဲမှာတော်တော်ကြီးဝေးတဲ့ ပင်လယ် အနက်ထဲမှာတည်ထားတဲ့ဘုရားလို့ပြောရမှာ။ ကျိုက်နဲရေလယ်ဘုရားကြီးရဲ့ထူးခြားအံ့ဖွယ်ကောင်းတာကတော့ ပင်လယ်ထဲ ၌ ဘုရားရောက်သည်အထိသူ့ဘာဝအလိုလို ပေါ်ထွက်လာတဲ့ကျောက်ချောခင်းထားတဲ့ နတ်လမ်းကြီးပဲဖြစ်ပါတယ်။

ဒီနတ်လမ်းကြီးဟာ လူတွေလုပ်ထားတယ်ထင်ရလောက်အောင်ကောင်းမွန်ပြီး တစ်နှစ်မှာတစ်ကြိမ် တစ်ကြိမ်မှာတစ်မနက်သာပွဲတော်ရှိခိုက် သူ့အလိုလိုပေါ်ထွက်လာတာပါပဲ။ နှစ်စဉ် နှစ်တိုင်း တန်ဆောင်မုန်း

လပြည့်ကျော် ၂ ရက်ည ၃ ရက်နေ့မနက်ပိုင်းတစ်ကြိမ်သာ ဒီကျောက်ချောခင်းထားတဲ့ နတ်လမ်းမကြီး ပေါ်ထွက်ပြီး အခြားနေ့တွေမှာဒီလမ်းမကြီး ပင်လယ်ရေတွေ ဖုံးပြီး ပျောက်ကွယ်နေပါတယ်။

နတ်လမ်းကြီးရဲ့ အရှည်ကတော့ ဘုရားရောက်စေအထိ ၁ မိုင်နဲ့ ၆ ဖာလုံရှိပါတယ်။ ဦးဇင်းတို့ ဘုရားကို သွားတော့အသွားတုန်းက ပင်လယ်ရေကကျတုန်းကျဆဲဖြစ်တာရယ်ရေစီးကြမ်းတာရယ်ကြောင့်ခက်ခက်ခဲခဲကူးပြီးသွားခဲ့ရပေမယ့်

ဘုရားကပြန်တော့အလာတုန်းကရင်ဘတ်လောက်ခါးလောက်ကူးခဲ့ရတဲ့နတ်လမ်းမကြီးကခမ်းခြောက်နေပြီးကျောက်သားလမ်းအတိ ဖြစ်နေတာတွေ့ရပါတယ်။ ဒီလိုထူးခြားအံ့ဖွယ်ကောင်းတဲ့ ကျိုက်နဲရေလယ်ဘုရားကို ဖူးခွင့်ရလို့ ဝမ်းသာကြည်နူးမိပါတယ်။

နတ်လမ်းစပေါ်ချိန် မှာ နံနက် ၅ နာရီ ၅ နာရီခွဲမှစတင်ကာနံနက်ပိုင်း ၁၀ နာရီ ၁၀ နာရီဝန်းကျင်အထိသာဖြစ်ပါတယ်။ နတ်လမ်းအစအဆုံးရေပေါ်ပေမဲ့ ကြာမြင့်ချိန်က ၂ နာရီဝန်းကျင်ခန့်သာ ကြာပါတယ်။ လိုက်ပို့ပေးသော ဒကာ ဒကာမများကို အထူးပဲကျေးဇူးတင်ပါသည်။ (အရှင်ဇောတိက) ကမ္ဘာမှာ ကိုရီးယားနဲ့ မြန်မာနိုင်ငံမှာသာရှိတဲ့တစ်နှစ်မှာ

တစ်ရက်သာပေါ်လာတဲ့ နတ်တွေခင်းတဲ့လမ်းဒီလမ်းကို ဒီလိုသွားခဲ့ကြတာဒီလမ်းလေးက တစ်နှစ်မှာတစ်ရက်၊ တစ်ရက်မှာတစ်ကြိမ်၊ တစ်ကြိမ်မှာလေးနာရီလောက်သာပေါ်သောလမ်း။ ဒေသခံတွေရဲ့ပြောကြားချက်အရဒီလမ်းဟာ နတ်တွေခင်းတဲ့လမ်းဟုလည်းသိခဲ့ရ၊ ကမ္ဘာမှာကိုရီးယားနှင့် မြန်မာနိုင်ငံမှာသာရှိသောလမ်း။

နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်မှာ လမ်းအပြည့်ပေါ်လာသောလမ်း။ ကမ္ဘာမှာ ကိုရီးယားနှင့် မြန်မာနှစ်နိုင်ငံသာရှိသောပင်လယ်တွင်းလမ်း။ (ကိုရီးယားမှာလည်း တစ်ရက်သာပေါ်သည်။ သို့သော်ပေါ်သည့်ရက်ချင်းမတူပါ)

စာရေးသူတို့ ဒီလမ်းကိုလျှောက်ရဖို့အတွက် တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက်နေ့ည (၁ဝ:ဝဝ) နာရီအချိန်တွင်မော်လမြိုင်မှထွက်ခဲ့ပြီး ဒီလမ်းတည်ရှိရာ ပင်လယ်ကမ်းခြေသို့တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်နေ့မနက် (၁၂:၂ဝ) အချိန်ဝန်းကျင်ခန့် ရောက်ရှိခဲ့ပါသည်။

(၂)ရက်နေ့ည တစ်ညလုံး မအိပ်ဘဲကမ်းခြေတွင်လမ်းလျှောက်ထိုင်နားကာ ဒီရေအကျကိုတစ်ညလုံးစောင့်လို့ (၃)ရက်နေ့မနက် (၄:ဝဝ) အချိန်တွင်ဒီရေ စ ကျပါသည်။ ထိုအချိန်မှစ၍ အနယ်နယ်အရပ်ရပ်မှဘုရားဖူးရောက်လာကြကုန်သောတစ်သိန်းကျော်သောဘုရားဖူးတို့သည်နတ်တို့ခင်းထားသည်ဆိုသော ထိုလမ်းကိုစ၍ ကူးကြပါသည်။

လမ်းအားလုံးပေါ်ချိန်ကတော့နံနက် (၆:ဝဝ)နာရီဝန်းကျင်ဖြစ်ပြီး ထိုအချိန်မှာလမ်းအလုံးစုံပေါ်ပါသည်။ ထူးခြားချက်မှာ ထိုလမ်းသည်ကွန်ကရစ်ခင်းထားခြင်းမျိုးလည်းမဟုတ်၊ တံတားထိုးထားခြင်းလည်းမဟုတ်၊ပင်လယ်ကမ်းခြေမှ (၃)ဖာလုံခန့် ဝေးသောနေရာမှစ၍

စေတီတည်ရှိရာကျွန်းအထိအလုံးစုံ ကျောက်စရစ်ခဲအရွယ်စုံ့ဖြင့်ခင်းထားခြင်းဖြစ်ပြီး ဒီရေ အတက်အကျဖြစ်တိုင်းထိုကျောက်စရစ်ခဲများမှာပင်လယ်ကြမ်းပြင်သို့ မျောပါသွားခြင်းမရှိဘဲ ကမ်းခြေနှင့် သုံးဖာလုံခန့်အကွာအဝေးမှစ၍

ရေလယ်ကျွန်းဘုရားရှိရာထိတည်ရှိနေခြင်းပင်ဖြစ်ပါသည်။ နေ့စဉ် လစဉ် ရက်စဉ် ဒီရေအတက်အကျရှိသော်လည်းထိုလမ်းသည်ယခုကဲ့သို့ မပေါ်ပါ။ နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်နေ့မှသာ တစ်လမ်းလုံးအပြည့်ပေါ်လာခြင်းပင်ဖြစ်ပါသည်။

ပေါ်သည့်အချိန်မှာလည်းလေးနာရီခန့်သာ ဖြစ်ပြီးထိုနေ့ (တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်) နေ့တစ်နေ့သာပေါ်ခြင်းဖြစ်ပါသည်။ ထိုနေ့တွင် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးများလာရောက်လေ့လာသူ သုတေသီများတစ်သိန်းခွဲကျော်ခန့်ဖြင့် အလွန်ပင်စည်းကားလှပါသည်။

လမ်းညွှန်း မော်လမြိုင်မှသံဖြူဇရပ်သို့ မော်လမြိုင် ကျိုက္ခမီလမ်းမကြီးအတိုင်း ကားစီးပြီး သံဖြူဇရပ်ရောက်သည့်အခါ မြို့လယ်အဝိုင်းကိုပတ်၍ ကမ္ဘာကျော်သမိုင်းဝင် သေမင်းတမန် မီးရထားလမ်း လမ်းခွဲရောက်သည့် အခါ ‘ပငကျေးရွာ‘ ဘက်သို့ ချိုးကွေ့ဝင်သွားရပြီး ‘ပငကျေးရွာ‘ လွန်လျှင် ‘ကရုပ္ပိ စံပြကျေးရွာ‘

သို့ရောက်ရှိပါမည်။ ထို ‘ကရုပ္ပိ စံပြကျေးရွာ‘ ရွာလမ်းအတိုင်း ဝင်ပြီး ထိုရွာမှထွက်လျှင် ဆားလုပ်ငန်း(ဆားကွင်း)များတွေ့ရှိရမည် ဖြစ်ပါသည်။ ထို(ဆားကွင်း)များကို အနည်းငယ်ကျော်ဖြတ်ပြီးလျှင်ပင်လယ်ကမ်းခြေသို့ရောက်ရှိပါမည်။

ကမ်းခြေသို့ရောက်သည့်အခါဒီရေအကျကိုစောင့်ဆိုင်းပြီး ကားများကိုကမ်းခြေမှာ ခေတ္တရပ်နားထားရမှာဖြစ်ပါတယ်။ လမ်းလျှောက်လိုပါကလည်းကားရပ်နားထားရာမှလမ်းပေါ်ရာနေရာသို့ ကမ်းခြေအစပ်အတိုင်း(၃)မိုင်ကျော်ခန့်လမ်းလျှောက်ရမှာဖြစ်ပါတယ်။

လမ်းပေါ်လာချိန်မှာ ထိုကျောက်စရစ်ခဲလမ်းပေါ်ရာအစမှရေလယ်ဘုရားရောက်သည်အထိ(၃)မိုင်ခွဲခန့်လမ်းလျှောက်ရမှာဖြစ်ပြီး နံနက် (၁ဝ:ဝဝ)နာရီအချိန်တွင် ဒီရေပြန်တက်သည့်အတွက်ရေလည် ဘုရားမှ ဘုရားအားဖူးမြော်ပြီး (၁ဝ:ဝဝ) နာရီမထိုးခင် ကမ်းခြေအရောက်ပြန်ရမှာ ဖြစ်ပါတယ်။

ကျောက်စရစ်ခဲများအရွယ်စုံဖြင့်ခင်းထားသောဤနတ်လမ်းတည်ရှိရာသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ဝဲကလောင်ကျေးရွာနှင့် အံခဲကျေးရွာတို့၏ အလယ်တွင် တည်ရှိပါသည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် မေတ္တာဖြင့် ဟံသာသူရ {ရတုနွယ်}

Zawgyi

ထူးဆန္းအံ့ဩဖြယ္ရာ နတ္ေတြခင္းထားေသာ နတ္လမ္းရွိတဲ့ က်ိဳက္နဲေရလယ္ဘုရား

(က်ိဳက္နဲ ေရလယ္ဘုရား) နတ္ေတြခင္းထားတဲ့ နတ္လမ္းရွိတဲ့ထူးဆန္းအံ့ဩဖြယ္ေရလယ္ဘုရား (မွ်ေဝျခင္းပါ)။ ဗုဒၶဘာသာ ထြန္းကာတဲ့ ျမန္မာျပည္မွာ ထူးျခားအံ့ဖြယ္ေကာင္းတဲ့ ေစတီပုထိုးေတြ အမ်ားႀကီး ရွိတဲ့အထဲမွာယေန႔မြန္ျပည္နယ္ သံျဖဴဇရပ္ၿမိဳ႕နယ္ ဝဲကေလာင္း႐ြာအနီးကက်ိဳက္နဲေရလယ္ဘုရားကိုကံေကာင္းစြာျဖင့္ ဒကာဒကာမေတြ ပို႔ေပးလို႔ဖူးခြင့္ရခဲ့ပါၿပီ။

ဒီက်ိဳက္နဲ ေရလယ္ဘုရားဟာဆိုလို႔ရွိရင္ ေရလယ္ဘုရားေတြအထဲမွာေတာ္ေတာ္ႀကီးေဝးတဲ့ ပင္လယ္ အနက္ထဲမွာတည္ထားတဲ့ဘုရားလို႔ေျပာရမွာ။ က်ိဳက္နဲေရလယ္ဘုရားႀကီးရဲ႕ထူးျခားအံ့ဖြယ္ေကာင္းတာကေတာ့ ပင္လယ္ထဲ ၌ ဘုရားေရာက္သည္အထိသူ႔ဘာဝအလိုလို ေပၚထြက္လာတဲ့ေက်ာက္ေခ်ာခင္းထားတဲ့ နတ္လမ္းႀကီးပဲျဖစ္ပါတယ္။

ဒီနတ္လမ္းႀကီးဟာ လူေတြလုပ္ထားတယ္ထင္ရေလာက္ေအာင္ေကာင္းမြန္ၿပီး တစ္ႏွစ္မွာတစ္ႀကိမ္ တစ္ႀကိမ္မွာတစ္မနက္သာပြဲေတာ္ရွိခိုက္ သူ႔အလိုလိုေပၚထြက္လာတာပါပဲ။ ႏွစ္စဥ္ ႏွစ္တိုင္း တန္ေဆာင္မုန္း

လျပည့္ေက်ာ္ ၂ ရက္ည ၃ ရက္ေန႔မနက္ပိုင္းတစ္ႀကိမ္သာ ဒီေက်ာက္ေခ်ာခင္းထားတဲ့ နတ္လမ္းမႀကီး ေပၚထြက္ၿပီး အျခားေန႔ေတြမွာဒီလမ္းမႀကီး ပင္လယ္ေရေတြ ဖုံးၿပီး ေပ်ာက္ကြယ္ေနပါတယ္။

နတ္လမ္းႀကီးရဲ႕ အရွည္ကေတာ့ ဘုရားေရာက္ေစအထိ ၁ မိုင္နဲ႔ ၆ ဖာလုံရွိပါတယ္။ ဦးဇင္းတို႔ ဘုရားကို သြားေတာ့အသြားတုန္းက ပင္လယ္ေရကက်တုန္းက်ဆဲျဖစ္တာရယ္ေရစီးၾကမ္းတာရယ္ေၾကာင့္ခက္ခက္ခဲခဲကူးၿပီးသြားခဲ့ရေပမယ့္

ဘုရားကျပန္ေတာ့အလာတုန္းကရင္ဘတ္ေလာက္ခါးေလာက္ကူးခဲ့ရတဲ့နတ္လမ္းမႀကီးကခမ္းေျခာက္ေနၿပီးေက်ာက္သားလမ္းအတိ ျဖစ္ေနတာေတြ႕ရပါတယ္။ ဒီလိုထူးျခားအံ့ဖြယ္ေကာင္းတဲ့ က်ိဳက္နဲေရလယ္ဘုရားကို ဖူးခြင့္ရလို႔ ဝမ္းသာၾကည္ႏူးမိပါတယ္။

နတ္လမ္းစေပၚခ်ိန္ မွာ နံနက္ ၅ နာရီ ၅ နာရီခြဲမွစတင္ကာနံနက္ပိုင္း ၁၀ နာရီ ၁၀ နာရီဝန္းက်င္အထိသာျဖစ္ပါတယ္။ နတ္လမ္းအစအဆုံးေရေပၚေပမဲ့ ၾကာျမင့္ခ်ိန္က ၂ နာရီဝန္းက်င္ခန႔္သာ ၾကာပါတယ္။ လိုက္ပို႔ေပးေသာ ဒကာ ဒကာမမ်ားကို အထူးပဲေက်းဇူးတင္ပါသည္။ (အရွင္ေဇာတိက) ကမာၻမွာ ကိုရီးယားနဲ႔ ျမန္မာႏိုင္ငံမွာသာရွိတဲ့တစ္ႏွစ္မွာ

တစ္ရက္သာေပၚလာတဲ့ နတ္ေတြခင္းတဲ့လမ္းဒီလမ္းကို ဒီလိုသြားခဲ့ၾကတာဒီလမ္းေလးက တစ္ႏွစ္မွာတစ္ရက္၊ တစ္ရက္မွာတစ္ႀကိမ္၊ တစ္ႀကိမ္မွာေလးနာရီေလာက္သာေပၚေသာလမ္း။ ေဒသခံေတြရဲ႕ေျပာၾကားခ်က္အရဒီလမ္းဟာ နတ္ေတြခင္းတဲ့လမ္းဟုလည္းသိခဲ့ရ၊ ကမာၻမွာကိုရီးယားႏွင့္ ျမန္မာႏိုင္ငံမွာသာရွိေသာလမ္း။

ႏွစ္စဥ္တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၃)ရက္မွာ လမ္းအျပည့္ေပၚလာေသာလမ္း။ ကမာၻမွာ ကိုရီးယားႏွင့္ ျမန္မာႏွစ္ႏိုင္ငံသာရွိေသာပင္လယ္တြင္းလမ္း။ (ကိုရီးယားမွာလည္း တစ္ရက္သာေပၚသည္။ သို႔ေသာ္ေပၚသည့္ရက္ခ်င္းမတူပါ)

စာေရးသူတို႔ ဒီလမ္းကိုေလွ်ာက္ရဖို႔အတြက္ တန္ေဆာင္မုန္းလျပည့္ေက်ာ္(၂)ရက္ေန႔ည (၁ဝ:ဝဝ) နာရီအခ်ိန္တြင္ေမာ္လၿမိဳင္မွထြက္ခဲ့ၿပီး ဒီလမ္းတည္ရွိရာ ပင္လယ္ကမ္းေျခသို႔တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၃)ရက္ေန႔မနက္ (၁၂:၂ဝ) အခ်ိန္ဝန္းက်င္ခန႔္ ေရာက္ရွိခဲ့ပါသည္။

(၂)ရက္ေန႔ည တစ္ညလုံး မအိပ္ဘဲကမ္းေျခတြင္လမ္းေလွ်ာက္ထိုင္နားကာ ဒီေရအက်ကိုတစ္ညလုံးေစာင့္လို႔ (၃)ရက္ေန႔မနက္ (၄:ဝဝ) အခ်ိန္တြင္ဒီေရ စ က်ပါသည္။ ထိုအခ်ိန္မွစ၍ အနယ္နယ္အရပ္ရပ္မွဘုရားဖူးေရာက္လာၾကကုန္ေသာတစ္သိန္းေက်ာ္ေသာဘုရားဖူးတို႔သည္နတ္တို႔ခင္းထားသည္ဆိုေသာ ထိုလမ္းကိုစ၍ ကူးၾကပါသည္။

လမ္းအားလုံးေပၚခ်ိန္ကေတာ့နံနက္ (၆:ဝဝ)နာရီဝန္းက်င္ျဖစ္ၿပီး ထိုအခ်ိန္မွာလမ္းအလုံးစုံေပၚပါသည္။ ထူးျခားခ်က္မွာ ထိုလမ္းသည္ကြန္ကရစ္ခင္းထားျခင္းမ်ိဳးလည္းမဟုတ္၊ တံတားထိုးထားျခင္းလည္းမဟုတ္၊ပင္လယ္ကမ္းေျခမွ (၃)ဖာလုံခန႔္ ေဝးေသာေနရာမွစ၍

ေစတီတည္ရွိရာကြၽန္းအထိအလုံးစုံ ေက်ာက္စရစ္ခဲအ႐ြယ္စုံ႔ျဖင့္ခင္းထားျခင္းျဖစ္ၿပီး ဒီေရ အတက္အက်ျဖစ္တိုင္းထိုေက်ာက္စရစ္ခဲမ်ားမွာပင္လယ္ၾကမ္းျပင္သို႔ ေမ်ာပါသြားျခင္းမရွိဘဲ ကမ္းေျခႏွင့္ သုံးဖာလုံခန႔္အကြာအေဝးမွစ၍

ေရလယ္ကြၽန္းဘုရားရွိရာထိတည္ရွိေနျခင္းပင္ျဖစ္ပါသည္။ ေန႔စဥ္ လစဥ္ ရက္စဥ္ ဒီေရအတက္အက်ရွိေသာ္လည္းထိုလမ္းသည္ယခုကဲ့သို႔ မေပၚပါ။ ႏွစ္စဥ္တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၃)ရက္ေန႔မွသာ တစ္လမ္းလုံးအျပည့္ေပၚလာျခင္းပင္ျဖစ္ပါသည္။

ေပၚသည့္အခ်ိန္မွာလည္းေလးနာရီခန႔္သာ ျဖစ္ၿပီးထိုေန႔ (တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၃)ရက္) ေန႔တစ္ေန႔သာေပၚျခင္းျဖစ္ပါသည္။ ထိုေန႔တြင္ ျမန္မာႏိုင္ငံအႏွံ႔အျပားမွ ဘုရားဖူးမ်ားလာေရာက္ေလ့လာသူ သုေတသီမ်ားတစ္သိန္းခြဲေက်ာ္ခန႔္ျဖင့္ အလြန္ပင္စည္းကားလွပါသည္။

လမ္းၫႊန္း ေမာ္လၿမိဳင္မွသံျဖဴဇရပ္သို႔ ေမာ္လၿမိဳင္ က်ိဳကၡမီလမ္းမႀကီးအတိုင္း ကားစီးၿပီး သံျဖဴဇရပ္ေရာက္သည့္အခါ ၿမိဳ႕လယ္အဝိုင္းကိုပတ္၍ ကမာၻေက်ာ္သမိုင္းဝင္ ေသမင္းတမန္ မီးရထားလမ္း လမ္းခြဲေရာက္သည့္ အခါ ‘ပငေက်း႐ြာ‘ ဘက္သို႔ ခ်ိဳးေကြ႕ဝင္သြားရၿပီး ‘ပငေက်း႐ြာ‘ လြန္လွ်င္ ‘က႐ုပၸိ စံျပေက်း႐ြာ‘

သို႔ေရာက္ရွိပါမည္။ ထို ‘က႐ုပၸိ စံျပေက်း႐ြာ‘ ႐ြာလမ္းအတိုင္း ဝင္ၿပီး ထို႐ြာမွထြက္လွ်င္ ဆားလုပ္ငန္း(ဆားကြင္း)မ်ားေတြ႕ရွိရမည္ ျဖစ္ပါသည္။ ထို(ဆားကြင္း)မ်ားကို အနည္းငယ္ေက်ာ္ျဖတ္ၿပီးလွ်င္ပင္လယ္ကမ္းေျခသို႔ေရာက္ရွိပါမည္။

ကမ္းေျခသို႔ေရာက္သည့္အခါဒီေရအက်ကိုေစာင့္ဆိုင္းၿပီး ကားမ်ားကိုကမ္းေျခမွာ ေခတၱရပ္နားထားရမွာျဖစ္ပါတယ္။ လမ္းေလွ်ာက္လိုပါကလည္းကားရပ္နားထားရာမွလမ္းေပၚရာေနရာသို႔ ကမ္းေျခအစပ္အတိုင္း(၃)မိုင္ေက်ာ္ခန႔္လမ္းေလွ်ာက္ရမွာျဖစ္ပါတယ္။

လမ္းေပၚလာခ်ိန္မွာ ထိုေက်ာက္စရစ္ခဲလမ္းေပၚရာအစမွေရလယ္ဘုရားေရာက္သည္အထိ(၃)မိုင္ခြဲခန႔္လမ္းေလွ်ာက္ရမွာျဖစ္ၿပီး နံနက္ (၁ဝ:ဝဝ)နာရီအခ်ိန္တြင္ ဒီေရျပန္တက္သည့္အတြက္ေရလည္ ဘုရားမွ ဘုရားအားဖူးေျမာ္ၿပီး (၁ဝ:ဝဝ) နာရီမထိုးခင္ ကမ္းေျခအေရာက္ျပန္ရမွာ ျဖစ္ပါတယ္။

ေက်ာက္စရစ္ခဲမ်ားအ႐ြယ္စုံျဖင့္ခင္းထားေသာဤနတ္လမ္းတည္ရွိရာသည္ မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္ဝဲကေလာင္ေက်း႐ြာႏွင့္ အံခဲေက်း႐ြာတို႔၏ အလယ္တြင္ တည္ရွိပါသည္။ အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။ ခရက္ဒစ္ ေမတၱာျဖင့္ ဟံသာသူရ {ရတုႏြယ္}

Leave a Comment