မိဘဝတ်တွေထဲက တစ်ခုဖြစ်တဲ့ “အတတ်လည်းသင်” ဆိုတဲ့အတိုင်း သမီးဖြစ်သူကို ဘွဲ့ရတစ်ယောက်ဖြစ်လာအောင် မိဘက ကျောင်းထားပေးခဲ့ပေမယ့် ဘွဲ့ရတဲ့အခါ အလုပ်တစ်ခုကိုတောင် ရအောင် ဖြစ်ဖြစ်မြောက်မြောင် မရှာနိုင်တဲ့အတွက် ဖခင်ဖြစ်သူက ဒေါသဖြစ်ပြီး သမီးရဲ့ ဦးခေါင်းကို သံတူနဲ့ ထုရိုက်ခဲ့ပါတယ်။
မလေးရှားနိုင်ငံ ပါရက်ခ်မြို့မှာ မတ်လ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တာပါ။ အသက် ၅၈ နှစ်အရွယ် ဖခင်ဖြစ်သူဟာ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာ အတော်ကြာပြီဖြစ်ပေမယ့် အလုပ်တစ်ခုရအောင် မရှာနိုင်သေးတဲ့ သမီးဖြစ်သူ ဘုရားရှိခိုး(ကိုအန်ကျမ်းစာဖတ်နေချိန်) နေတဲ့အချိန်မှာ သမီးကိုကြည့်ရင်း တနုတ်နုတ်ဖြစ်နေတဲ့ ဒေါသကို မထိန်းနိုင်ပဲ သံတူတစ်ချောင်းယူပြီး ဦးခေါင်းကို ထုရိုက်ခဲ့ပါတယ်။
သမီးဖြစ်သူကို တူနဲ့ထုရိုက်ပြီးမှ အကြီးအကျယ်ဒဏ်ရာရသွားတဲ့ သမီးကို ကြည့်ပြီး အသိစိတ်ပြန်ဝင်လာကာ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ပဲ ဦးခေါင်းကို နံရံနဲ့ အကြိမ်ကြိမ် ပြေးဆောင့်ခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် သမီးဖြစ်သူဟာ ဦးခေါင်းဒဏ်ရာနဲ့ ဆေးကုသခံနေရသလို ဖခင်ဖြစ်သူမှာလည်း အုတ်နံရံနဲ့ စောင့်တဲ့ဒဏ်ကြောင့် လက်ကျိုးခဲ့ပြီး ဦးခေါင်းကို ၇ ချက် ချုပ်ခဲ့ရပါတယ်။ မလေးရှားရဲအဖွဲ့က ဖခင်ဖြစ်သူကို အိမ်တွင်း အကြမ်းဖက်မှု ပုဒ်မနဲ့ ဖမ်းဆီးထားကြောင်း သိရှိရသည်။
Credit
Zawgyi
မိဘဝတ္ေတြထဲက တစ္ခုျဖစ္တဲ့ “အတတ္လည္းသင္” ဆိုတဲ့အတိုင္း သမီးျဖစ္သူကို ဘြဲ႕ရတစ္ေယာက္ျဖစ္လာေအာင္ မိဘက ေက်ာင္းထားေပးခဲ့ေပမယ့္ ဘြဲ႕ရတဲ့အခါ အလုပ္တစ္ခုကိုေတာင္ ရေအာင္ ျဖစ္ျဖစ္ေျမာက္ေျမာင္ မရွာႏိုင္တဲ့အတြက္ ဖခင္ျဖစ္သူက ေဒါသျဖစ္ၿပီး သမီးရဲ႕ ဦးေခါင္းကို သံတူနဲ႔ ထု႐ိုက္ခဲ့ပါတယ္။
မေလးရွားႏိုင္ငံ ပါရက္ခ္ၿမိဳ႕မွာ မတ္လ ၄ ရက္ေန႔ ညေနပိုင္းက ျဖစ္ပြားခဲ့တာပါ။ အသက္ ၅၈ ႏွစ္အ႐ြယ္ ဖခင္ျဖစ္သူဟာ တကၠသိုလ္ကေန ဘြဲ႕ရခဲ့တာ အေတာ္ၾကာၿပီျဖစ္ေပမယ့္ အလုပ္တစ္ခုရေအာင္ မရွာႏိုင္ေသးတဲ့ သမီးျဖစ္သူ ဘုရားရွိခိုး(ကိုအန္က်မ္းစာဖတ္ေနခ်ိန္) ေနတဲ့အခ်ိန္မွာ သမီးကိုၾကည့္ရင္း တႏုတ္ႏုတ္ျဖစ္ေနတဲ့ ေဒါသကို မထိန္းႏိုင္ပဲ သံတူတစ္ေခ်ာင္းယူၿပီး ဦးေခါင္းကို ထု႐ိုက္ခဲ့ပါတယ္။
သမီးျဖစ္သူကို တူနဲ႔ထု႐ိုက္ၿပီးမွ အႀကီးအက်ယ္ဒဏ္ရာရသြားတဲ့ သမီးကို ၾကည့္ၿပီး အသိစိတ္ျပန္ဝင္လာကာ သူ႔ကိုယ္သူ ခြင့္မလႊတ္ႏိုင္ပဲ ဦးေခါင္းကို နံရံနဲ႔ အႀကိမ္ႀကိမ္ ေျပးေဆာင့္ခဲ့ပါတယ္။
အသက္ ၂၄ ႏွစ္အ႐ြယ္ သမီးျဖစ္သူဟာ ဦးေခါင္းဒဏ္ရာနဲ႔ ေဆးကုသခံေနရသလို ဖခင္ျဖစ္သူမွာလည္း အုတ္နံရံနဲ႔ ေစာင့္တဲ့ဒဏ္ေၾကာင့္ လက္က်ိဳးခဲ့ၿပီး ဦးေခါင္းကို ၇ ခ်က္ ခ်ဳပ္ခဲ့ရပါတယ္။ မေလးရွားရဲအဖြဲ႕က ဖခင္ျဖစ္သူကို အိမ္တြင္း အၾကမ္းဖက္မႈ ပုဒ္မနဲ႔ ဖမ္းဆီးထားေၾကာင္း သိရွိရသည္။
Credit