ဘုရင်နောင်ကုန်စည်ဒိုင်မှာတင်ရက်ပိုင်းအတွင်း တစ်ပိဿာကျပ်(၅)ထောင်ဝန်းကျင်ထိမြင့်တက်လာတဲ့ ကြက်သွန်နီဈေးများ
လက်လီဈေးကွက်ထဲဈေးနှုန်းကျဆင်းသွားခဲ့တဲ့ကြက်သွန်နီဈေးတွေမှာပြန်လည်မြင့်တက်လာခဲ့ပြီး လက်ရှိရန်ကုန်မြို့ အခြေခံလူတန်းစားအများစုနေထိုင်တဲ့ရပ်ကွက်ဈေးတွေမှာကြက်သွန်နီတစ်ပိဿာကိုကျပ် ၅၀၀၀ ဝန်းကျင်ထိဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့နေ ထမင်းဆိုင်ဖွင့်သူတစ်ဦးက”ဒီနေ့ဆိုင်အတွက်လိုတာလေးတွေသွားဝယ်တာဝယ်နေကြဆိုင်က ကြက်သွန်နီအလုံးကြီးလှရင် ၅၀၀၀၊ အလုံးသေးက ၄၀၀၀၊ အလုံးအသင့်အတင့်အရွယ်အစားဆို ၄၅၀၀ တက်သွားတယ်ပေါ့။
မနေ့ကထိ ၄၅၀၀ ပေးရတဲ့ကြက်သွန်နီကဒီနေ့ ၅၀၀၀ ဈေးဖြစ်သွားတာသူတို့ယူနေကြဒိုင်ကဒီနေ့ဈေးတက်တယ်လို့ဖုန်းလှမ်းဆက်တော့ အကုန်တက်ကုန်တာလို့ပြောတယ်။ကုန်ဈေးကတက်ရင်သာ ချက်ချင်းတက်တာ ပြန်ကျဖို့ဆို တော်တော်နဲ့မကျတော့ဘူး။
အရင်ကဆိုထမင်းဆိုင်အတွက် ဘယ်လောက်ဆိုပြီးဝယ်စုထားတယ်။အခုတော့ တက်ရင်တက်တဲ့ဈေးနဲ့ပဲဝယ်ပြီးရောင်းတော့တယ်။ဝယ်ထားဖို့လည်းအရင်းကမရှိတော့ဘူး”လို့ သန်လျင်မြို့နယ်ကထမင်းဆိုင်ဖွင့်သူတစ်ဦးကပြောပါတယ်။
အခုရက်ပိုင်းကြက်သွန်နီဈေးတွေက မြင့်တက်လာခဲ့ပြီးရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာဆိုရင်အောက်တိုဘာ ၂၂ ရက်နေ့က ဆိပ်ဖြူကြက်သွန်နီတစ်ပိဿာကို ၃၄၀၀ ကျပ်၊ကံဆင့်ကြက်သွန်နီတစ်ပိဿာကို ၃၇၀၀ ကျပ် ရှိခဲ့ရာမှ
အောက်တိုဘာ ၂၅ရက်မှာဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာကို ၃၇၀၀ ကျပ်ထိမြင့်တက်ခဲ့သလိုဒီနေ့ အောက်တိုဘာ ၂၆ ရက်နေ့မှာဆိပ်ဖြူ ကြက်သွန်နီတစ်ပိဿာကိုအနည်းဆုံး ၃၂၀၀ ကျပ်မှ အ မြင့်ဆုံး ၄၀၀၀ ကျပ်ထိ ဖြစ်ပြီး
ကံဆင့် ကြက်သွန်နီတစ်ပိဿာကို အနည်းဆုံး ၃၅၀၀ ကျပ်မှ အ မြင့်ဆုံ ၄၃၀၀ ကျပ်ထိမြင့်တက်လာခဲ့တယ်လို့ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ဈေးနှုန်းတွေအရသိရပါတယ်။ကုန်စည်ဒိုင်ရဲ့ဈေးမှာတင်ရက်ပိုင်းအတွင်း ကြက်သွန်နီတစ်ပိဿာကို ၆၀၀ ကျပ်ဝန်းကျင်မြင့်တက်လာခဲ့တာဖြစ်ပြီး
လက်ရှိလက်လီဈေးကွက်ထဲကုန်ခြောက်ဈေးတွေဟာလည်းဈေးမြင့်တက်လာသလိုကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်ကာ အရင်ကထက် အနည်းဆုံးပျမ်းမျှ တစ်ပိဿာ ကျပ် ၅၀၀ ဝန်းကျင် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
Zawgyi
ဘုရင္ေနာင္ကုန္စည္ဒိုင္မွာတင္ရက္ပိုင္းအတြင္း တစ္ပိႆာက်ပ္(၅)ေထာင္ဝန္းက်င္ထိျမင့္တက္လာတဲ့ ၾကက္သြန္နီေစ်းမ်ား
လက္လီေစ်းကြက္ထဲေစ်းႏႈန္းက်ဆင္းသြားခဲ့တဲ့ၾကက္သြန္နီေစ်းေတြမွာျပန္လည္ျမင့္တက္လာခဲ့ၿပီး လက္ရွိရန္ကုန္ၿမိဳ႕ အေျခခံလူတန္းစားအမ်ားစုေနထိုင္တဲ့ရပ္ကြက္ေစ်းေတြမွာၾကက္သြန္နီတစ္ပိႆာကိုက်ပ္ ၅၀၀၀ ဝန္းက်င္ထိေစ်းျမင့္တက္လာတယ္လို႔ သိရပါတယ္။
ရန္ကုန္ၿမိဳ႕ေန ထမင္းဆိုင္ဖြင့္သူတစ္ဦးက”ဒီေန႔ဆိုင္အတြက္လိုတာေလးေတြသြားဝယ္တာဝယ္ေနၾကဆိုင္က ၾကက္သြန္နီအလုံးႀကီးလွရင္ ၅၀၀၀၊ အလုံးေသးက ၄၀၀၀၊ အလုံးအသင့္အတင့္အ႐ြယ္အစားဆို ၄၅၀၀ တက္သြားတယ္ေပါ့။
မေန႔ကထိ ၄၅၀၀ ေပးရတဲ့ၾကက္သြန္နီကဒီေန႔ ၅၀၀၀ ေစ်းျဖစ္သြားတာသူတို႔ယူေနၾကဒိုင္ကဒီေန႔ေစ်းတက္တယ္လို႔ဖုန္းလွမ္းဆက္ေတာ့ အကုန္တက္ကုန္တာလို႔ေျပာတယ္။ကုန္ေစ်းကတက္ရင္သာ ခ်က္ခ်င္းတက္တာ ျပန္က်ဖို႔ဆို ေတာ္ေတာ္နဲ႔မက်ေတာ့ဘူး။
အရင္ကဆိုထမင္းဆိုင္အတြက္ ဘယ္ေလာက္ဆိုၿပီးဝယ္စုထားတယ္။အခုေတာ့ တက္ရင္တက္တဲ့ေစ်းနဲ႔ပဲဝယ္ၿပီးေရာင္းေတာ့တယ္။ဝယ္ထားဖို႔လည္းအရင္းကမရွိေတာ့ဘူး”လို႔ သန္လ်င္ၿမိဳ႕နယ္ကထမင္းဆိုင္ဖြင့္သူတစ္ဦးကေျပာပါတယ္။
အခုရက္ပိုင္းၾကက္သြန္နီေစ်းေတြက ျမင့္တက္လာခဲ့ၿပီးရန္ကုန္ဘုရင့္ေနာင္ကုန္စည္ဒိုင္မွာဆိုရင္ေအာက္တိုဘာ ၂၂ ရက္ေန႔က ဆိပ္ျဖဴၾကက္သြန္နီတစ္ပိႆာကို ၃၄၀၀ က်ပ္၊ကံဆင့္ၾကက္သြန္နီတစ္ပိႆာကို ၃၇၀၀ က်ပ္ ရွိခဲ့ရာမွ
ေအာက္တိုဘာ ၂၅ရက္မွာဆိပ္ျဖဴၾကက္သြန္နီ တစ္ပိႆာကို ၃၇၀၀ က်ပ္ထိျမင့္တက္ခဲ့သလိုဒီေန႔ ေအာက္တိုဘာ ၂၆ ရက္ေန႔မွာဆိပ္ျဖဴ ၾကက္သြန္နီတစ္ပိႆာကိုအနည္းဆုံး ၃၂၀၀ က်ပ္မွ အ ျမင့္ဆုံး ၄၀၀၀ က်ပ္ထိ ျဖစ္ၿပီး
ကံဆင့္ ၾကက္သြန္နီတစ္ပိႆာကို အနည္းဆုံး ၃၅၀၀ က်ပ္မွ အ ျမင့္ဆုံ ၄၃၀၀ က်ပ္ထိျမင့္တက္လာခဲ့တယ္လို႔ဘုရင့္ေနာင္ကုန္စည္ဒိုင္ရဲ႕ေစ်းႏႈန္းေတြအရသိရပါတယ္။ကုန္စည္ဒိုင္ရဲ႕ေစ်းမွာတင္ရက္ပိုင္းအတြင္း ၾကက္သြန္နီတစ္ပိႆာကို ၆၀၀ က်ပ္ဝန္းက်င္ျမင့္တက္လာခဲ့တာျဖစ္ၿပီး
လက္ရွိလက္လီေစ်းကြက္ထဲကုန္ေျခာက္ေစ်းေတြဟာလည္းေစ်းျမင့္တက္လာသလိုကုန္ပစၥည္းအမ်ိဳးအစားေပၚမူတည္ကာ အရင္ကထက္ အနည္းဆုံးပ်မ္းမွ် တစ္ပိႆာ က်ပ္ ၅၀၀ ဝန္းက်င္ ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။